တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ရဲ့ ခရီးစဉ် နဲ့ မြန်မာခေါင်းဆောင်တွေ အပေါ်တရုတ်လွှမ်းမိုးမှု ( တရုတ်နိုင်ငံ က မြန်မာ နိုင်ငံမှာ လာရောက်ဆောင်ရွက်မယ့် စီမံကိန်း အားလုံး ကို မြန်မာ အစိုး ရ က လွယ်လွယ် နဲ့လုပ်ပိုင်ခွင့် ပေးနေတယ်ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ရဲ့ ခရီးစဉ် နဲ့ မြန်မာခေါင်းဆောင်တွေ အပေါ်တရုတ်လွှမ်းမိုးမှု ( တရုတ်နိုင်ငံ က မြန်မာ နိုင်ငံမှာ လာရောက်ဆောင်ရွက်မယ့် စီမံကိန်း အားလုံး ကို မြန်မာ အစိုး ရ က လွယ်လွယ် နဲ့လုပ်ပိုင်ခွင့် ပေးနေတယ်ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ဟာ မြန်မာ နိုင်ငံကို ဇန်နဝါရီလ ၁၁ ရက်နေ့ မှာ မြန်မာနိုင်ငံကို နှစ်ရက်တာ ခရီးစဉ် အဖြစ် ရောက်ရှိလာခဲ့ပါတယ်။

တရုတ် နိုင်ငံတော် ကောင်စီဝင် ဝမ်ယိ ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အနိုင်ရရှိပြီး ပထမဆုံးရောက် ရှိ လာတဲ့ အဆင့်မြင့် အရာရှိတစ်ဦးလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ လ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ ဝမ်ယိ ရဲ့ ခရီးစဉ်မှာ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝမ်ယိ ရဲ့ ခရီးစဉ် မှာ မြန်မာ အစိုးရ ခေါင်းဆောင်တွေ နဲ့ အချက်ခြောက်ချက် သဘောတူညီ မှုလုပ်နိုင်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးက ထုတ်ပြန်ထားပါတယ်။

ဝမ်ယိ ရဲ့ မြန်မာ ခရီးစဉ်အတွင်းမှာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ စာချုပ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး နဲ့ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ၅ နှစ် ဖွံ့ဖြိုးမှုအစီအစဉ်၊

မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကျေးလက်လမ်း တံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေး မှတ်တမ်းလွှာ၊

ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေး အတွက် ငွေကြေးအထောက်အပံ့ ပေးအပ်ရေးစာလွှာ နဲ့ တရုတ်အတိုးမဲ့ ချေးငွေနဲ့ ဝယ်ယူတဲ့ လူစီးရထားတွဲတွေဆိုင်ရာ စာလွှာများကို လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှု မှာတော့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း နဲ့ နှစ်နိုင်ငံ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦ စီမံကိန်း တွေ အပါအဝင် နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ တွေဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေ မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ တရုတ် နိုင်ငံ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မြန်မာ နိုင်ငံ ကို ထောက်ပံ့ ပေးဖို့ ကိစ္စ တွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် လာမယ့် အစိုးရ သက်တမ်းမှာ ငြိမ်းချမ်း ရေး နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ ကို ဆက်လက်ဆောင်ရွက် သွားမှာမို့ တရုတ်နိုင်ငံအနေနဲ့ မြန်မာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် ကူညီပံ့ပိုးဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ထံ တောင်းဆိုခဲ့ပါတယ်။

ခုလို တောင်းဆိုချက် ဟာ မြန်မာ ငြိမ်ချမ်းရေး လုပ်ငန်း စဉ် မှာတရုတ် အစိုးရ ကဘယ် လောက် လွှမ်းမိုးမှု ရှိနေတယ်ဆိုတာ ကို ထုတ်ဖော်ပြသရာရောက်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နဲ့ ပတ်သက်ရင် တရုတ် နိုင်ငံ ဟာ တိုင်းရင်းလက်နက်ကိုင် တပ်ဖွဲ့ အချို့ကို ရော အစိုးရ ကို ပါ လွှမ်းမိုး မှု ရှိနေတာ သတိထားဆောင်ရွက်ရမယ့် ကိစ္စရပ် လည်းဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင် တစ်ရက်အလိုမှာ မန္တလေး-ကျောက် ဖြူ ရထားလမ်းစီမံကိန်းရဲ့ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံကုမ္ပဏီ China Railway Eryuan Engineering Group တို့ လက်မှတ်ရေး ထိုးခဲ့ကြပါ။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအရ တရုတ်နိုင်ငံရဲ့ ဘေဂျင်း၊ ကူမင်း၊ ရွှေလီ အမြန် ရထားလမ်းပိုင်းနဲ့ မြန်မာနိုင်ငံဘက်က မူဆယ်၊ မန္တလေး၊ ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ ချိတ်ဆက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီစီမံကိန်း နဲ့ သက်ဆိုင်တဲ့ နားလည်မှု စာချွန်လွှာကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး မလာခင်တစ်ရက် အလို မှာ လက်မှတ်ရေး ထိုး တာဟာ မေးခွန်းထုတ်စရာ တွေ ရှိနေပြီး တရုတ်နိုင်ငံ က မြန်မာ နိုင်ငံမှာ လာရောက်ဆောင်ရွက်မယ့် စီမံကိန်း အားလုံး ကို မြန်မာ အစိုး ရ က လွယ်လွယ် နဲ့လုပ်ပိုင်ခွင့် ပေးနေတယ်ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေတာ လည်း ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး စီးချုပ်ဟာလည်း ဇန်နဝါရီလ ၁၂ ရက် က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိ နဲ့ တွေ့ ဆုံစဉ်မှာ ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုတွေကို ဆွေးနွေးပြောဆိုခဲ့ပါသေးတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေနဲ့ပတ်သက်ပြီး အမှားအယွင်းများ ရှိခဲ့ပြီး မဲမသမာမှုတွေ ရှိနိုင်တာကြောင့် မဲစာရင်းတွေကိုစိစစ်တွေ့ရှိချက်တွေ ထုတ်ပြန်ရတာဖြစ်ပြီး တပ်မတော်က ဒီကိစ္စနဲ့ပတ်သက်လို့ စည်းကမ်းဥပဒေများအတိုင်း ဒီမိုကရေစီမယိမ်းယိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေး ဝမ်ယိ နဲ့ တွေ့ဆုံစဉ် မှာဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ကိုယ့်နိုင်ငံတွင်း ဆွေးနွေး အဖြေရှာရမယ့် ပြည်တွင်း ရေး ကိစ္စရပ် ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ထံ ပြောဆိုခဲ့တာ တွေ ဟာ သံတမန် နည်းလမ်းမကျ သလို မြန်မာ နိုင်ငံရေး ကိစ္စ အားလုံးမှာတရုတ်က လွှမ်းမိုးနေသလားဟု မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

တရုတ် နိုင်ငံခြား ဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်ကို အနှစ် ချုပ် ကြည့်ရင်တော့ တရုတ် အစိုးရ ဟာ မြန်မာ့ ခေါင်းဆောင်တွေအပေါ် နိုင်ငံရေး အရ လွှမ်းမိုးမှုရှိနေသလား ဟု မေးခွန်းထွက်ပေါ်လာပါတယ်။

မြန်မာ ခေါင်းဆောင်များ အနေနဲ့ တရုတ် နိုင်ငံ ရဲ့ ဆက်ဆံရေး မှာ မြန်မာ နိုင်ငံရဲ့ အချုပ်အချာ အာဏာ ကို သတိထား ဆက်ဆံ ဖို့ လိုအပ်ကြောင်း သတိချပ်ဖို့ တောင်းဆိုလိုက်ရပါတယ်။

#မောင်း

Add a Comment

Your email address will not be published. Required fields are marked *