Operation Just Cause ( သုိ့မဟုတ္ ) ပနားမား အာဏာရွင္ ႏိုေရးဂါးကို အေမရိကန္က ဘယ္လိုဖမ္းခဲ့သလဲ

Operation Just Cause ( သုိ့မဟုတ္ ) ပနားမား အာဏာရွင္ ႏိုေရးဂါးကို အေမရိကန္က ဘယ္လိုဖမ္းခဲ့သလဲ

အဖြဲ႕ဝင္ ၄၈ ဦး ပါဝင္ေသာ အေမရိကန္ Navy SEAL တပ္ဖြဲ႕ဝင္မ်ားက အထူးလ်ိဴ႕ ဝွက္ စစ္ဆင္ေရး တရပ္ ဆင္ႏႊဲရန္ ႏိူင္ငံအတြင္းသို႔ ခ်ည္းနင္းဝင္ေရာက္လာခဲ့ၾကသည္။

စစ္ဆင္ေရးအား Operation Just Cause ဟု အမည္ေပးထားၿပီး ထိုႏိူင္ငံအတြင္းရွိ စစ္အာဏာရွင္အား လက္ရဖမ္း ႐ုံးတင္စစ္ေဆးႏိူင္ရန္ ျဖစ္ေပသည္။ေျမျပင္ေပၚသို႔ ေရာက္လ်င္ေရာက္ျခင္း အဖြဲ႕ သုံးဖြဲ႕ ခြဲလိုက္ၾကသည္။ တဖြဲ႕က စစ္အာဏာရွင္၏ အဆင္သင့္ ရပ္ထားေသာ ကိုယ္ပိုင္ ဂ်က္ေလယာဥ္ကို ေဖါက္ခြဲ ဖ်က္ဆီးရန္၊ တဖြဲ႕က ကမ္းေျခရွိ လုံၿခဳံေရး ယူထားေသာ စစ္ေရယာဥ္ကို ဖ်က္ဆီးရန္ ႏွင့္ က်န္တဖြဲ႕ က အိမ္ေတာ္သို႔ ၀င္ေရာက္စီးနင္းရန္ ျဖစ္သည္။

အဖြဲ႕ႏွစ္ဖြဲ႕က ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိူင္ေသာ္လည္း အိမ္ေတာ္ကို ၀င္ေရာက္စီးနင္းရာတြင္ အာဏာရွင္က လြတ္ထြက္သြားၿပီး ဘုရားရွိခိုးေက်ာင္းတြင္ ခိုလူံေနရာ အေမရိကန္ တပ္ဖြဲ႕မ်ားက ၁၀ ရက္ၾကာ ဝိုင္းထားၿပီးေနာက္ အာဏာရွင္မွ ထြက္၍ အဖမ္းခံခဲ့သည္။

ျပည္သူ တရပ္လုံးက ထပ္မံေရာက္ရွိလာေသာ အေမရိကန္ တပ္ဖြဲ႕မ်ားကို ေသာင္းေသာင္းဖ်ဖ် ႀကိဳ ဆိုၾကၿပီး တၿမိဳ႕လုံးတြင္ ကား ဟြန္းသံ မ်ား ဆူညံသြားရေပေတာ့သည္။

၎အားဘအေမရိကန္သို႔ ျပန္လည္ေခၚယူသြားၿပီး မူးယစ္ေဆးဝါးမႈ၊ ေငြမဲ မွ ေငြျဖဴ အျဖစ္ ခ၀ါခ်မႈမ်ားျဖင့္ ႐ုံးတင္တရားစြဲခဲ့ေပသည္။

အဆိုပါ စစ္ဆင္ေရးတြင္ အေမရိကန္ဘက္မွ ၂၃ ေယာက္ က်ဆုံးၿပီး အာဏာရွင္ လက္ပါးေစ ၁၅၀ ေသဆုံးကာ အရပ္သား ၅၀၀ ခန႔္ ဒဏ္ရာရရွိခဲ့သည္။အဆိုပါ အျဖစ္အပ်က္ကား ၁၉၈၉ ဒီဇင္ဘာ ၂၀ ရက္တြင္ ျဖစ္ပ်က္ခဲ့ၿပီး အေမရိကန္၏ ၀င္ေရာက္ဖမ္းဆီးခံရသူမွာ ပနားမား အာဏာရွင္ General Manuel Noriega ပင္ ျဖစ္ေပေတာ့သည္။

၁၉၈၉ အေထြေထြ ေ႐ြးေကာက္ပြဲ ရလဒ္ကို တရားမဝင္ဟု ေၾကျငာလာခဲ့သျဖင့္ အေမရိကန္မွ ၎အား ရာထူးမွ ႏႈတ္ထြက္ေပးရန္ ေစ့ဆပ္ေဆြးေႏြးခဲ့ေသာ္လည္း ေျပလည္မႈ မရွိခဲ့သျဖင့္ အေမရိကန္တပ္မ်ား မွ မရိမ္းတပ္သား တေယာက္ ေသဆုံးခဲ့ရမႈကို အေၾကာင္းျပကာ ၁၉၈၉ ခုႏွစ္ ဒီဇင္ဘာ ၂၀ ရက္ေန႔တြင္ ဝင္ေရာက္ က်ဳးေက်ာ္ ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

ပနားမား စစ္တပ္သည္ အေမရိကန္တို႔အား ေပ်ာက္ၾကားစစ္ပြဲမ်ိဳး ျဖင့္ ဆက္လက္ခုခံႏိုင္စြမ္း မရွိေတာ့၍ လက္နက္ခ်ခဲ့သည္။အေမရိကန္ ကနဦး စစ္ဆင္ေရးအား တပ္ဖြဲ႕ဝင္ ၂၇,၀၀၀ ႏွင့္ ေလယာဥ္ အစင္း ၃၀၀ တို႔ က ေနာက္ပိုင္းတြင္ အားျဖည့္ကာ တႏိုင္ငံလုံးကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၾကသည္။

ကုလသမဂၢ အေထြေထြ ညီလာခံ မွ ကိုးရက္အၾကာတြင္ ေထာက္ခံမဲ ၇၅ မဲ၊ ကန႔္ကြက္မဲ ၂၀၊ ၾကားေန မဲ ၄၀ ျဖင့္ “ႏိုင္ငံတကာ ဥပေဒအား ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္မႈ’ ျဖင့္ ရႈတ္ခ်ခဲ့ၾကသည္။ သို႔ေသာ္ CBS သတင္းဌာန၏ စစ္တမ္းေကာက္ယူခ်က္အရ ႏိုင္ငံသား ၉၂% မွ အေမရိကန္တပ္မ်ား က်ဳးေက်ာ္မႈကို ေထာက္ခံခဲ့ၾကသည္။

၎အား မိုင္ယာမီ တရား႐ုံးတြင္ ႐ုံးတင္စစ္ေဆးၿပီး ေထာင္ဒဏ္ အႏွစ္ ၄၀ ခ်မွတ္ခဲ့သည္။ ၂၀၁၀ တြင္ ျပင္သစ္ႏိုင္ငံသို႔ လႊဲေျပာင္းေပးခဲ့ၿပီး ျပင္သစ္မွ ေငြေၾကးခဝါခ်မႈ ႏွင့္ ေထာင္ ၇ ႏွစ္ ခ်မွတ္ခဲ့သည္။ တႏွစ္အၾကာတြင္ ပနားမား တြင္ ဆက္လက္အျပစ္ဒဏ္ က်ခံေစရန္ လႊဲေျပာင္းေပးခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ ဦးေႏွာက္ အႀကိတ္ေရာင္ ေရာဂါ ျဖင့္ ကြယ္လြန္သြားခဲ့သည္။

(ပုံတြင္ ေနာ္ရီဂါးအား ဖမ္းဆီးအၿပီး ေတြ႕ရစဥ္)

ယူနီကုတ္

Operation Just Cause ( သို့မဟုတ် ) ပနားမား အာဏာရှင် နိုရေးဂါးကို အမေရိကန်က ဘယ်လိုဖမ်းခဲ့သလဲ

အဖွဲ့ဝင် ၄၈ ဦး ပါဝင်သော အမေရိကန် Navy SEAL တပ်ဖွဲ့ဝင်များက အထူးလျိူ့ ဝှက် စစ်ဆင်ရေး တရပ် ဆင်နွှဲရန် နိူင်ငံအတွင်းသို့ ချည်းနင်းဝင်ရောက်လာခဲ့ကြသည်။

စစ်ဆင်ရေးအား Operation Just Cause ဟု အမည်ပေးထားပြီး ထိုနိူင်ငံအတွင်းရှိ စစ်အာဏာရှင်အား လက်ရဖမ်း ရုံးတင်စစ်ဆေးနိူင်ရန် ဖြစ်ပေသည်။မြေပြင်ပေါ်သို့ ရောက်လျင်ရောက်ခြင်း အဖွဲ့ သုံးဖွဲ့ ခွဲလိုက်ကြသည်။ တဖွဲ့က စစ်အာဏာရှင်၏ အဆင်သင့် ရပ်ထားသော ကိုယ်ပိုင် ဂျက်လေယာဉ်ကို ဖေါက်ခွဲ ဖျက်ဆီးရန်၊ တဖွဲ့က ကမ်းခြေရှိ လုံခြုံရေး ယူထားသော စစ်ရေယာဉ်ကို ဖျက်ဆီးရန် နှင့် ကျန်တဖွဲ့ က အိမ်တော်သို့ ဝင်ရောက်စီးနင်းရန် ဖြစ်သည်။

အဖွဲ့နှစ်ဖွဲ့က အောင်မြင်စွာ ဆောင်ရွက်နိူင်သော်လည်း အိမ်တော်ကို ဝင်ရောက်စီးနင်းရာတွင် အာဏာရှင်က လွတ်ထွက်သွားပြီး ဘုရားရှိခိုးကျောင်းတွင် ခိုလူံနေရာ အမေရိကန် တပ်ဖွဲ့များက ၁၀ ရက်ကြာ ဝိုင်းထားပြီးနောက် အာဏာရှင်မှ ထွက်၍ အဖမ်းခံခဲ့သည်။

ပြည်သူ တရပ်လုံးက ထပ်မံရောက်ရှိလာသော အမေရိကန် တပ်ဖွဲ့များကို သောင်းသောင်းဖျဖျ ကြို ဆိုကြပြီး တမြို့လုံးတွင် ကား ဟွန်းသံ များ ဆူညံသွားရပေတော့သည်။

၎င်းအားဘအမေရိကန်သို့ ပြန်လည်ခေါ်ယူသွားပြီး မူးယစ်ဆေးဝါးမှု၊ ငွေမဲ မှ ငွေဖြူ အဖြစ် ခဝါချမှုများဖြင့် ရုံးတင်တရားစွဲခဲ့ပေသည်။

အဆိုပါ စစ်ဆင်ရေးတွင် အမေရိကန်ဘက်မှ ၂၃ ယောက် ကျဆုံးပြီး အာဏာရှင် လက်ပါးစေ ၁၅၀ သေဆုံးကာ အရပ်သား ၅၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။အဆိုပါ အဖြစ်အပျက်ကား ၁၉၈၉ ဒီဇင်ဘာ ၂၀ ရက်တွင် ဖြစ်ပျက်ခဲ့ပြီး အမေရိကန်၏ ဝင်ရောက်ဖမ်းဆီးခံရသူမှာ ပနားမား အာဏာရှင် General Manuel Noriega ပင် ဖြစ်ပေတော့သည်။

၁၉၈၉ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို တရားမဝင်ဟု ကြေငြာလာခဲ့သဖြင့် အမေရိကန်မှ ၎င်းအား ရာထူးမှ နှုတ်ထွက်ပေးရန် စေ့ဆပ်ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရှိခဲ့သဖြင့် အမေရိကန်တပ်များ မှ မရိမ်းတပ်သား တယောက် သေဆုံးခဲ့ရမှုကို အကြောင်းပြကာ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ဝင်ရောက် ကျုးကျော် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပနားမား စစ်တပ်သည် အမေရိကန်တို့အား ပျောက်ကြားစစ်ပွဲမျိုး ဖြင့် ဆက်လက်ခုခံနိုင်စွမ်း မရှိတော့၍ လက်နက်ချခဲ့သည်။အမေရိကန် ကနဦး စစ်ဆင်ရေးအား တပ်ဖွဲ့ဝင် ၂၇,၀၀၀ နှင့် လေယာဉ် အစင်း ၃၀၀ တို့ က နောက်ပိုင်းတွင် အားဖြည့်ကာ တနိုင်ငံလုံးကို ထိန်းချုပ်နိုင်ခဲ့ကြသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ ကိုးရက်အကြာတွင် ထောက်ခံမဲ ၇၅ မဲ၊ ကန့်ကွက်မဲ ၂၀၊ ကြားနေ မဲ ၄၀ ဖြင့် “နိုင်ငံတကာ ဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု’ ဖြင့် ရှုတ်ချခဲ့ကြသည်။ သို့သော် CBS သတင်းဌာန၏ စစ်တမ်းကောက်ယူချက်အရ နိုင်ငံသား ၉၂% မှ အမေရိကန်တပ်များ ကျုးကျော်မှုကို ထောက်ခံခဲ့ကြသည်။

၎င်းအား မိုင်ယာမီ တရားရုံးတွင် ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့သည်။ ၂၀၁၀ တွင် ပြင်သစ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး ပြင်သစ်မှ ငွေကြေးခဝါချမှု နှင့် ထောင် ၇ နှစ် ချမှတ်ခဲ့သည်။ တနှစ်အကြာတွင် ပနားမား တွင် ဆက်လက်အပြစ်ဒဏ် ကျခံစေရန် လွှဲပြောင်းပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဦးနှောက် အကြိတ်ရောင် ရောဂါ ဖြင့် ကွယ်လွန်သွားခဲ့သည်။

(ပုံတွင် နော်ရီဂါးအား ဖမ်းဆီးအပြီး တွေ့ရစဉ်)

Add a Comment

Your email address will not be published. Required fields are marked *