Karabakh သဘောတူညီချက်ကို ချိုးဖောက်ပါက ကြီးမားစွာပေးဆပ်ရမည်ဟု အာမေးနီးယားကိုသတိပေးလိုကတဲ့ တူရကီ…( ပြင်သစ်ပါသတိထားဟုဆိုနေ)

Karabakh သဘောတူညီချက်ကို ချိုးဖောက်ပါက ကြီးမားစွာပေးဆပ်ရမည်ဟု အာမေးနီးယားကိုသတိပေးလိုကတဲ့ တူရကီ…( ပြင်သစ်ပါသတိထားဟုဆိုနေ)






Ref-AMN
MyanmarNews24
Unicode Version

Karabakh သဘောတူညီချက်ကို ချိုးဖောက်ပါက ကြီးမားစွာပေးဆပ်ရမည်ဟု တူရကီက အာမေးနီးယားကိုသတိပေး၊ ပြင်သစ်ပါသတိထားဟုဆို

Karabakh သဘောတူညီချက်မှာ မိမိတို့နှင့်လည်း သက်ဆိုင်သည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mevlut Cavusoglu က အာမေးနီးယားကို ထပ်မံခြိမ်းခြောက်မှုပြုလုပ်ခဲ့ပြီး ၎င်းသဘောတူညီချက်ကို ချိုးဖောက်ပါက ကြီးမားစွာပေးဆပ်မှုပြုရလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

အဆိုပါပြောကြားချက်ကို အဇာဘိုင်ဂျန်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု Anadolu Agency က အစီရင်ခံဖော်ပြခဲ့ သည်။

ထို့အပြင် Minsk အဖွဲ့အနေဖြင့် ယခုအခြေအနေမှ သင်ခန်းစာများကို ရယူသင့်သည်ဟုဆိုလိုက်ပြီး အထူးသဖြင့် ပြင်သစ်အနေဖြင့် ဘက်လိုက်သည့် အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ချက်များကို ရေးသားဖော်ပြနေသည့်အတွက် ဆိုလိုခြင်းဖြစ်သည်ဟုလည်း ပြောကြားလိုက်သည်။

အင်္ဂါနေ့က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကာရာဘာ့ခ်ရှိ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နှင့် ဆန့်ကျင်သောအဆင့်များကို မပြုလုပ်ရန် Ankara အားတောင်းဆိုကြေညာမှုပြုလုပ်ခဲ့ပေသည်။

ထို့အပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က အာမေးနီးယားနှင့်အဇာဘိုင်ဂျန်အကြား အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့်ရှင်းလင်းချက်များကို စောင့်မျှော်လျက်ရှိသည်ဟုပြောကြားခဲ့သည်။

Ref-AMN
MyanmarNews24

Add a Comment

Your email address will not be published. Required fields are marked *