Gen Z တို့ အတွက် အားကျစရာလူငယ်တစ်ယောက် (သို့မဟုတ်) Joshua Wong

Gen Z တို့ အတွက် အားကျစရာလူငယ်တစ်ယောက် (သို့မဟုတ်) Joshua Wong

Joshua Wong ဆိုတာ ၁၉၉၆ ခုနှစ်မှ မွေးတဲ့ ဟောင်ကောင်လူငယ်လေး တစ်ယောက်ပါ။

ကမ္ဘာ့မှာ ဒုတိယ အင်အားအကြီးဆုံး လို့ပြောလို့ရတဲ့ ဘေဂျင်းအစိုးရကို အသက် ၁၄ နှစ်သားကတည်း ဝေဖန်ထောက်ပြ အတိုက်အခံလုပ်ခဲ့တဲ့ ဟောင်ကောင် ဒီမိုကရေစီ အရေးလုပ်ရှားသူ။

သူ့အသက် ၁၄ နှစ်မှာ ဘေဂျင်း အစိုးရ ရဲ့ ဟောင်ကောင်မှာ ပြဋ္ဌာန်းတဲ့ ပညာရေး စနစ်ကို မကြိုက်လို့ Scholarsim ဆိုတဲ့ အဖွဲ့ကို ဖွဲ့ပြီး ကျောင်းသားလှုပ်ရှားမှုတွေ စတင်ပြုလုပ်ခဲ့တယ်။

ဘေဂျင်းမှာ ရှီကျင်းပင် အစိုးရတက်လာတဲ့အခါ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ပိတ်စို့မှုတွေနဲ့ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေ အပေါ်မှာ များစွာ ချယ်လှယ်လာတာကြောင့်

Wong ဦးဆောင်တဲ့ Scholarism မှ ကျောင်းသားလူငယ်များဟာ လမ်းပေါ်တွေပေါ်ကို နောက်တစ်ကြိမ်ထွက်လာခဲ့တယ်။

ဟောင်ကောင် လူငယ်တွေရဲ့ ဆန္ဒပြပွဲတွေဟာ အရင်ခေတ်လို ပုံစံတွေမဟုတ်တော့ဘဲ လူငယ်တွေဟာ ဆန္ဒပြပွဲ တစ်ခုလုံး၏ စ လယ် ဆုံး ကိစ္စရပ်များကို စနစ်တကျ ပြင်ဆင်ပြီး လမ်းမတွေပေါ်ထွက်လာခဲ့ပါတယ်။

အစားအသောက် ၊ နေရေးထိုင်ရေး နှင့် အမှိုက်သိမ်းတာထိ အားလုံးကို လှစ်ဟင်းမှု မရှိ ဆောင်ရွက်ခဲ့လို့ ကမ္ဘာကပါ ချီးမွမ်းခဲ့ရပါတယ်။

ထိုဆန္ဒပြပွဲနှင့်အတူ ထီးလှုပ်ရှားမှု (Umbrella Movement) ဆိုတာ ပေါ်ထွန်းလာခဲ့ပါတယ်။ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် လာရောက်ပြီး သပိတ်ဖြိုခွင်းတဲ့ ရဲတွေရဲ့ ရန်ကို ကာကွယ်ဖို့ ထီးများကို အသုံးပြုရာကနေ ထီးလှုပ်ရှားမှု အရှိန်အဟုတ်က မြင့်တက်လာခဲ့တာပါ။

Wong ရဲ့ အရှိန်အဝါကလည်း ထို ထီးလှုပ်ရှားမှုနှင့် အတူ တဟုန်ထိုး ကြီးမားလာခဲ့ပါတယ်။ ထိုအချိန်က Wong ရဲ့ အသက်က ၁၇ နှစ် ပဲ ရှိပါသေးတယ်။ သို့သော် Superpower ဆိုတဲ့ ဘေဂျင်းအစိုးရအတွက် အလွန်အကြပ်ရိုက်စေတဲ့ ချာတိတ်တယောက်ဖြစ်နေပါပြီ။

Wong ကို ဖမ်းဆီး ထိန်းသိမ်းမှုတွေ လုပ်သော်လည်း ရပ်တန့်မသွားခဲ့ပါ။ အစာငတ်ခံ ဆန္ဒပြသည်အထိ လုပ်ဆောင်ခဲ့ပြီး လူထုကို အားမလျော့သွာအောင် လုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၆ခုနှစ်မှာတော့ Wong ဟာ သူတို့ရဲ့ Scholarism ကို ဖျက်သိမ်းပြီး နိုင်ငံရေးလှုပ်ရှားမှုများကို စတင်ရန်အတွက် Demosistō ဆိုတဲ့ ပါတီကို တည်ထောင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် အတွက် နိုဘယ်ဆု စာရင်းမှာ တင်သွင်းခြင်းခံရသည် အထိ Wong တစ်ယောက် ကျော်ကြားလာသည်နှင့် အမျှ တရုတ် အစိုးရကလည်း ဖိနှိပ်မှုတွေ အမျိုးမျိုး လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ တရုတ်အစိုးရက သူ့ပြည်တွင်းမှာ Joshua Wong ဆိုတဲ့ Keyword ကို အင်တာနက်မှာ ရှာလို့ မရအောင်အထိ လုပ်ထားပါတယ်။

Joshua Wong ဟာ လူငယ်လေး တစ်ယောက်ဆိုပေမယ့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး၊ လွတ်လပ်ခွင့် ဆိုတာတွေ အတွက် အင်အားကြီးပါတယ်ဆိုတဲ့ တရုတ်အင်ပါယာကြီးကို စိန်ခေါ်ဝံ့ခဲ့သူပါ။

သူပြောခဲ့တဲ့ စကားတစ်ခွန်းက It’s time to let Emperor Xi (Chinese President Xi Jinping) be aware that now is our battle, …We stand in solidarity, we stand as one. သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း အသက်သုံးဆယ်အောက် လူငယ်လေးတွေပဲ ဖြစ်ပါတယ်။

Natham Law, Alex Chow ဆိုသည့် လူငယ်များဟာလည်း လက်ရှိဟောင်ကောင် ဒီမိုကရေစီအရေးမှာ တက်ကြွလှုပ်ရှားသူများဖြစ်ပါတယ်။ အာဏာရှင်ဆိုတာ လူကြီးတွေကို မကြောက်ပါဘူး။

လူငယ်တွေကိုပဲ ကြောက်တာပါ။ လူငယ်ဆိုတာ တက်ကြွတယ်။

ဇွဲမလျော့ဘူး။ ဇွတ်လုပ်တယ်။ လွတ်လပ်ခွင့်ကို မြတ်နိုးတယ်။ ဒါကြောင့် ခေတ်အဆက်ဆက် အာဏာရှင်နဲ့ လူငယ်တွေဟာ ဆန်ကျင်ဖက်ဖြစ်ခဲ့ပြီး၊ လူငယ်တွေဟာ အာဏာရှင်တွေကို အမြဲတွန်းလှန်ခဲ့တာပါ။

CRD_Rev Nandacara

ေဇာ္ဂ်ီ

Gen Z တို႔ အတြက္ အားက်စရာလူငယ္တစ္ေယာက္ (သို႔မဟုတ္) Joshua Wong

Joshua Wong ဆိုတာ ၁၉၉၆ ခုႏွစ္မွ ေမြးတဲ့ ေဟာင္ေကာင္လူငယ္ေလး တစ္ေယာက္ပါ။

ကမၻာ့မွာ ဒုတိယ အင္အားအႀကီးဆုံး လို႔ေျပာလို႔ရတဲ့ ေဘဂ်င္းအစိုးရကို အသက္ ၁၄ ႏွစ္သားကတည္း ေဝဖန္ေထာက္ၿပ အတိုက္အခံလုပ္ခဲ့တဲ့ ေဟာင္ေကာင္ ဒီမိုကေရစီ အေရးလုပ္ရွားသူ။

သူ႔အသက္ ၁၄ ႏွစ္မွာ ေဘဂ်င္း အစိုးရ ရဲ့ ေဟာင္ေကာင္မွာ ျပ႒ာန္းတဲ့ ပညာေရး စနစ္ကို မႀကိဳက္လို႔ Scholarsim ဆိုတဲ့ အဖြဲ႕ကို ဖြဲ႕ၿပီး ေက်ာင္းသားလႈပ္ရွားမႈေတြ စတင္ျပဳလုပ္ခဲ့တယ္။

ေဘဂ်င္းမွာ ရွီက်င္းပင္ အစိုးရတက္လာတဲ့အခါ တ႐ုတ္အစိုးရရဲ့ လူ႔အခြင့္အေရး ပိတ္စို႔မႈေတြနဲ႔ ေဟာင္ေကာင္ရဲ့ လြတ္လပ္ခြင့္ေတြ အေပၚမွာ မ်ားစြာ ခ်ယ္လွယ္လာတာေၾကာင့္

Wong ဦးေဆာင္တဲ့ Scholarism မွ ေက်ာင္းသားလူငယ္မ်ားဟာ လမ္းေပၚေတြေပၚကို ေနာက္တစ္ႀကိမ္ထြက္လာခဲ့တယ္။

ေဟာင္ေကာင္ လူငယ္ေတြရဲ့ ဆႏၵျပပြဲေတြဟာ အရင္ေခတ္လို ပုံစံေတြမဟုတ္ေတာ့ဘဲ လူငယ္ေတြဟာ ဆႏၵျပပြဲ တစ္ခုလုံး၏ စ လယ္ ဆုံး ကိစၥရပ္မ်ားကို စနစ္တက် ျပင္ဆင္ၿပီး လမ္းမေတြေပၚထြက္လာခဲ့ပါတယ္။

အစားအေသာက္ ၊ ေနေရးထိုင္ေရး ႏွင့္ အမွိုက္သိမ္းတာထိ အားလုံးကို လွစ္ဟင္းမႈ မရွိ ေဆာင္ရြက္ခဲ့လို႔ ကမၻာကပါ ခ်ီးမြမ္းခဲ့ရပါတယ္။

ထိုဆႏၵျပပြဲႏွင့္အတူ ထီးလႈပ္ရွားမႈ (Umbrella Movement) ဆိုတာ ေပၚထြန္းလာခဲ့ပါတယ္။ အၾကမ္းမဖက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနစဥ္ လာေရာက္ၿပီး သပိတ္ၿဖိဳခြင္းတဲ့ ရဲေတြရဲ့ ရန္ကို ကာကြယ္ဖို႔ ထီးမ်ားကို အသုံးျပဳရာကေန ထီးလႈပ္ရွားမႈ အရွိန္အဟုတ္က ျမင့္တက္လာခဲ့တာပါ။

Wong ရဲ့ အရွိန္အဝါကလည္း ထို ထီးလႈပ္ရွားမႈႏွင့္ အတူ တဟုန္ထိုး ႀကီးမားလာခဲ့ပါတယ္။ ထိုအခ်ိန္က Wong ရဲ့ အသက္က ၁၇ ႏွစ္ ပဲ ရွိပါေသးတယ္။ သို႔ေသာ္ Superpower ဆိုတဲ့ ေဘဂ်င္းအစိုးရအတြက္ အလြန္အၾကပ္ရိုက္ေစတဲ့ ခ်ာတိတ္တေယာက္ျဖစ္ေနပါၿပီ။

Wong ကို ဖမ္းဆီး ထိန္းသိမ္းမႈေတြ လုပ္ေသာ္လည္း ရပ္တန႔္မသြားခဲ့ပါ။ အစာငတ္ခံ ဆႏၵျပသည္အထိ လုပ္ေဆာင္ခဲ့ၿပီး လူထုကို အားမေလ်ာ့သြာေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။

၂၀၁၆ခုႏွစ္မွာေတာ့ Wong ဟာ သူတို႔ရဲ့ Scholarism ကို ဖ်က္သိမ္းၿပီး နိုင္ငံေရးလႈပ္ရွားမႈမ်ားကို စတင္ရန္အတြက္ Demosistō ဆိုတဲ့ ပါတီကို တည္ေထာင္ခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ အတြက္ နိုဘယ္ဆု စာရင္းမွာ တင္သြင္းျခင္းခံရသည္ အထိ Wong တစ္ေယာက္ ေက်ာ္ၾကားလာသည္ႏွင့္ အမၽွ တ႐ုတ္ အစိုးရကလည္း ဖိႏွိပ္မႈေတြ အမ်ိဳးမ်ိဳး လုပ္ေဆာင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္ထိ တ႐ုတ္အစိုးရက သူ႔ျပည္တြင္းမွာ Joshua Wong ဆိုတဲ့ Keyword ကို အင္တာနက္မွာ ရွာလို႔ မရေအာင္အထိ လုပ္ထားပါတယ္။

Joshua Wong ဟာ လူငယ္ေလး တစ္ေယာက္ဆိုေပမယ့္ လူ႔အခြင့္အေရး၊ ဒီမိုကေရစီ အေရး၊ လြတ္လပ္ခြင့္ ဆိုတာေတြ အတြက္ အင္အားႀကီးပါတယ္ဆိုတဲ့ တ႐ုတ္အင္ပါယာႀကီးကို စိန္ေခၚဝံ့ခဲ့သူပါ။

သူေျပာခဲ့တဲ့ စကားတစ္ခြန္းက It’s time to let Emperor Xi (Chinese President Xi Jinping) be aware that now is our battle, …We stand in solidarity, we stand as one. သူနဲ႔အတူ လုပ္ေဖာ္ကိုင္ဖက္ေတြဟာလည္း အသက္သုံးဆယ္ေအာက္ လူငယ္ေလးေတြပဲ ျဖစ္ပါတယ္။

Natham Law, Alex Chow ဆိုသည့္ လူငယ္မ်ားဟာလည္း လက္ရွိေဟာင္ေကာင္ ဒီမိုကေရစီအေရးမွာ တက္ႂကြလႈပ္ရွားသူမ်ားျဖစ္ပါတယ္။ အာဏာရွင္ဆိုတာ လူႀကီးေတြကို မေၾကာက္ပါဘူး။

လူငယ္ေတြကိုပဲ ေၾကာက္တာပါ။ လူငယ္ဆိုတာ တက္ႂကြတယ္။

ဇြဲမေလ်ာ့ဘူး။ ဇြတ္လုပ္တယ္။ လြတ္လပ္ခြင့္ကို ျမတ္နိုးတယ္။ ဒါေၾကာင့္ ေခတ္အဆက္ဆက္ အာဏာရွင္နဲ႔ လူငယ္ေတြဟာ ဆန္က်င္ဖက္ျဖစ္ခဲ့ၿပီး၊ လူငယ္ေတြဟာ အာဏာရွင္ေတြကို အျမဲတြန္းလွန္ခဲ့တာပါ။

CRD_Rev Nandacara

Add a Comment

Your email address will not be published. Required fields are marked *