မေးမြန်း – ရီရီအောင်
ယူနီကုတ်
ရုရှားသူလေး မဝသုန်မိုး စိတ်မကောင်းစွာ ရင်ဖွင့်လာတဲ့ မြန်မာစာပေကို ဂရုမစိုက်တဲ့ မြန်မာတွေအကြောင်း….
မြန်မာလူမျိုးမဟုတ်ဘဲ မြန်မာစာကို ကျွမ်းကျင်မှန်ကန်အောင် ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်အောင် ကြိုးစားနေတဲ့ နိုင်ငံခြားသူ တစ်ယောက်ရှိပါတယ်။သူက ရုရှားသူ မဝသုန်မိုးပါ။တက္ကသိုလ် စတက်တော့ ဘယ်ဘာသာကို အထူးပြု သင်ယူရမလဲလို့ ရွေးချယ်ရင်း မြန်မာစာလုံးတွေကို မြင်တာနဲ့ ချစ်သွားလို့ မြန်မာစာ စသင်ဖြစ်တာလို့ မဝသုန်မိုးက ပြောပါတယ်။
သူက အခု မော်စကိုက တက္ကသိုလ်မှာ မြန်မာစာ ဆရာမ လုပ်ရင်း PhD ပါရဂူ ဘွဲ့ အတွက် စာတမ်း ပြုစုနေပါတယ်။သူ့စာတမ်းက မြန်မာနိုင်ငံမှာသုံးတဲ့ ဘာသာစကားတွေ အားလုံးအကြောင်းနဲ့ ဘာသာစကား အချင်းချင်း သက်ရောက်တဲ့ ပုံစံတွေကို လေ့လာနေတယ်လို့ ပြောပါတယ်
မြန်မာပြည်ရောက်ရင် မြန်မာ ဝတ်စုံတွေပဲ ဝတ်တဲ့သူ၊ မြန်မာ အစားအစာ ကြိုက်နှစ်သက်သူ၊ မြန်မာ အက ကြိုက်သူ မဝသုန်မိုး ပြောပြတဲ့ မြန်မာတွေ ရေးသားပြောဆိုနေတဲ့ မြန်မာစာ အကြောင်း နားဆင် ရှုစားနိုင်ပါတယ်။
မေးမြန်း – ရီရီအောင်
မြန်မာလူမျိုးမဟုတ်ဘဲ မြန်မာစာကို ကျွမ်းကျင်မှန်ကန်အောင် ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်အောင် ကြိုးစားနေတဲ့ နိုင်ငံခြားသူ တစ်ယောက်ရှိပါတယ်။
သူက ရုရှားသူ မဝသုန်မိုးပါ။တက္ကသိုလ် စတက်တော့ ဘယ်ဘာသာကို အထူးပြု သင်ယူရမလဲလို့ ရွေးချယ်ရင်း မြန်မာစာလုံးတွေကို မြင်တာနဲ့ ချစ်သွားလို့ မြန်မာစာ စသင်ဖြစ်တာလို့ မဝသုန်မိုးက ပြောပါတယ်။သူက အခု မော်စကိုက တက္ကသိုလ်မှာ မြန်မာစာ ဆရာမ လုပ်ရင်း PhD ပါရဂူ ဘွဲ့ အတွက် စာတမ်း ပြုစုနေပါတယ်။
သူ့စာတမ်းက မြန်မာနိုင်ငံမှာသုံးတဲ့ ဘာသာစကားတွေ အားလုံးအကြောင်းနဲ့ ဘာသာစကား အချင်းချင်း သက်ရောက်တဲ့ ပုံစံတွေကို လေ့လာနေတယ်လို့ ပြောပါတယ်
မြန်မာပြည်ရောက်ရင် မြန်မာ ဝတ်စုံတွေပဲ ဝတ်တဲ့သူ၊ မြန်မာ အစားအစာ ကြိုက်နှစ်သက်သူ၊ မြန်မာ အက ကြိုက်သူ မဝသုန်မိုး ပြောပြတဲ့ မြန်မာတွေ ရေးသားပြောဆိုနေတဲ့ မြန်မာစာ အကြောင်း နားဆင် ရှုစားနိုင်ပါတယ်။