Health

နှစ်နိုင်ငံဆက်ဆံရေး လူ့အခွင့်အရေးအကြောင်းပြုပြီး ဖိအားပေးတာကို လက်ခံမှာမဟုတ်ဘူးလို့ အမေရီကန်ကို တရုတ်သတိပေး ( ထရမ့်ထက်ဆိုးတဲ့ ဘိုင်ဒန်နဲ့ တိုးသောအခါ တရုတ်ကြီး ပျားတုတ်သွား….)

Written by fella

နှစ်နိုင်ငံဆက်ဆံရေး လူ့အခွင့်အရေးအကြောင်းပြုပြီး ဖိအားပေးတာကို လက်ခံမှာမဟုတ်ဘူးလို့ အမေရီကန်ကို တရုတ်သတိပေး ( ထရမ့်ထက်ဆိုးတဲ့ ဘိုင်ဒန်နဲ့ တိုးသောအခါ တရုတ်ကြီး ပျားတုတ်သွား….)

အလက်စကားထိပ်သီးဆွေးနွေးပွဲ မအောင်မမြင် ဖြစ်ခဲ့ရပြီးနောက်ပိုင်း တရုတ်က သူတို့အနေနဲ့ သမ္မတထရမ့်လက်ထက်က ပျက်စီးခဲ့တဲ့ တရုတ်-အမေရီကန်ဆက်ဆံရေးကို ပြန်လည်အဆင်ပြေစေချင်တာမှန်ပေမယ့် အမေရီကန်က

တစ်ဖက်သက်ဖိအားပေးတာတွေကိုတော့ လက်ခံသွားမှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် နိုင်ငံတော်ကောင်စီဝင်ဖြစ်တဲ့ ဝမ်ယိကပြောဆိုလိုက်ပါတယ်။

အမေရီကန်နဲ့ အီးယူတို့က ရှင်ကျန်းပြည်နယ်အရေးအပါအဝင် လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး တရုတ်အပေါ် ဖိအားတွေ တိုးပေးလျက်ရှိပါတယ်။

တရုတ်ကတော့ အဆိုပါ လုပ်ရပ်နဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေကို ရှုံ့ချလိုက်ပြီး အမေရီကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း ကမ္ဘာကျန်းမာရေးအဖွဲ့WHOကနေ နှုတ်ထွတ်တာ

အီရန် ဆီးရီးယားနဲ့ ကျူးဘားတို့အပေါ် လူသားချင်းစာနာမှု အထောက်အပံ့တွေအပေါ် ကန့်သတ်မှုတွေ လုပ်ဆောင်ခြင်းကသာ လူ့အခွင့်အရေးကို အမှန်တကယ် ခြိမ်းခြောက်တာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

CRD_နိုင်ငံတကာရေးရာသတင်းများ

About the author

fella

Leave a Comment