“တ႐ုတ္ J-10 တိုက္ေလယာဥ္ ငွက္ႏွင့္တိုက္မိၿပီး ပ်က္က်၊ ေလယာဥ္မႉးျပန္ေျပာျပတဲ့ အေတြ႕အႀကဳံႏွင့္ တ႐ုတ္၏ ပိုင္ရွင္မဲ့ Su-35 ပ်က္က်ခဲ့မႈ လုပ္ဇာတ္မ်ား”

“တ႐ုတ္ J-10 တိုက္ေလယာဥ္ ငွက္ႏွင့္တိုက္မိၿပီး ပ်က္က်၊ ေလယာဥ္မႉးျပန္ေျပာျပတဲ့ အေတြ႕အႀကဳံႏွင့္ တ႐ုတ္၏ ပိုင္ရွင္မဲ့ Su-35 ပ်က္က်ခဲ့မႈ လုပ္ဇာတ္မ်ား”

*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။

တ႐ုတ္ J-10 တိုက္ေလယာဥ္ ငွက္ႏွင့္တိုက္မိၿပီး ပ်က္က်၊ ေလယာဥ္မႉးျပန္ေျပာျပတဲ့အေတြ႕အႀကဳံႏွင့္ တ႐ုတ္၏ ပိုင္ရွင္မဲ့ Su-35 ပ်က္က်ခဲ့မႈ…

ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ေလတပ္ (PLAAF) တိုက္ေလယာဥ္မ်ားသည္ ထိုင္ဝမ္၏ေလေၾကာင္းရန္ ကာကြယ္ေရးနယ္ေျမသို႔ (ADIZ) သို႔ရက္သတၱပတ္မ်ားစြာ အႀကိမ္ႀကိမ္က်ဴးေက်ာ္ဝင္ေရာက္ျခင္းျပဳလုပ္လ်က္ရွိရာတြင္

တ႐ုတ္အစိုးရပိုင္မီဒီယာမ်ား၏ အစီရင္ခံမႈအရ ၎တိုက္ေလယာဥ္မ်ားထဲမွ J-10 တိုက္ေလယာဥ္သည္ ငွက္ႏွင့္တိုက္မိၿပီး ပ်က္က်မႈျဖစ္ခဲ့သည္ဟု သိရွိရသည္။

ထိုင္ဝမ္အမ်ိဳးသားကာကြယ္ေရး၀န္ႀကီးဌာန (MND) ၏အဆိုအရ PLAAF ေလယာဥ္မ်ားသည္ စက္တင္ဘာ ၁၆ ရက္မွ ေအာက္တိုဘာ ၃ ရက္အၾကား ၁၀ ရက္မွ ၁၈ ရက္အတြင္း ထိုင္ဝမ္၏ ADIZ ကိုခ်ိဳးေဖာက္မႈေပါင္း ၅၀ အႀကိမ္တိတိရွိခဲ့သည္ဟုဆိုသည္။

ငွက္ႏွင့္ တိုက္ေလယာဥ္အင္ဂ်င္ တိုက္မိသည့္အခ်ိန္အတြင္း အင္ဂ်င္ရပ္ဆိုင္းမႈသတိေပးသံထြက္ေပၚလာၿပီးေနာက္ Display Screen အေနျဖင့္ ေပ်ာက္သြားခဲ့သည္ဟု ေလယာဥ္မႉးကဆိုသည္။

ထို႔ေနာက္အေရးေပၚစြမ္းအင္စနစ္ကို ျပန္သုံးလိုက္သည့္အခါ ၅ စကၠန႔္ၾကာၿပီး ေနာက္ DS ျပန္လည္ေပၚလာသည္ဟု ၎ကဆက္လက္ေျပာၾကားခဲ့သည္။

ထိုအခါတိုက္ေလယာဥ္မႉးအေနျဖင့္ Thrust ကိုတိုးျမင့္ရန္ Throttle ကို တင္လိုက္ေသာ္လည္း အလုပ္လုပ္ေဆာင္ျခင္းမရွိေတာ့ေပ။ အင္ဂ်င္အေနျဖင့္လုံးဝကို ရပ္ဆိုင္းသြားခဲ့ၿပီျဖစ္သည္ကို ၎အေနျဖင့္ သိရွိလိုက္ရသည္ဟုဆိုသည္။

ထိုအေျခအေနတြင္ ေျမျပင္ႏွင့္ ၂၇၂.၇ မီတာသာ ကြာသည္ဟုဆိုသည္။ ၎သေဘာတရားအရာ တိုက္ေလယာဥ္မႉးအေနျဖင့္ ကြင္းသို႔ ျပန္ဆင္းရန္မျဖစ္ႏိုင္သည္ကိုနားလည္လိုက္ၿပီလည္းျဖစ္သည္။

တိုက္ေလယာဥ္မႉးအေနျဖင့္ တိုက္ေလယာဥ္ကို လူေနထူထပ္သည့္ ေနရာသို႔ က်ေရာက္ျခင္းမရွိေစရန္ ထိန္းခ်ဳပ္တံကို ၃ ႀကိမ္တိတိ ၃၇ စကၠန႔္အတြင္းႀကိဳးစားထိန္းခ်ဳပ္ခဲ့ရၿပီး လယ္ကြင္းအတြင္းဆင္းသက္ေစရန္ ဆုံးျဖတ္လိုက္သည္ဟုဆိုသည္။

တိုက္ေလယာဥ္အေနျဖင့္ စပါးခင္းဆီသို႔ ဦးတည္သြားသည့္အခ်ိန္တြင္ တိုက္ေလယာဥ္မႉးအေနျဖင့္ ေလယာဥ္မွ ခုန္ထြက္ရန္ ေျမျပင္ႏွင့္ ၇၅.၉ မီတာသာ ကြာေဝးေပေတာ့သည္။

သို႔ေသာ္တိုက္ေလယာဥ္မႉးအေနျဖင့္ ေအာင္ျမင္စြာျဖင့္ ခုန္ဆင္းႏိုင္ခဲ့သည္ဟု သိရွိရသည္။

ငွက္ႏွင့္တိုက္မိကာ အင္ဂ်င္ခ်ိဳ႕ယြင္းပ်က္က်မႈအတြက္ တ႐ုတ္ဘက္မွ စုံစမ္းေထာက္လွမ္းမႈျပဳလုပ္ၿပီးေနာက္ အတည္ျပဳေပးခဲ့ေသာ္လည္း အခ်ိန္ႏွင့္ေနရာကို ေဖာ္ျပျခင္းမရွိေပ။

ထို႔အျပင္ မည္သည့္ေလယာဥ္ျဖစ္ကိုလည္း အတည္ျပဳျခင္းမရွိေသာ္လည္းထိုအေျခအေနအခ်ိန္ကာလက ေျပးလမ္းတြင္ Chengdu J-10 တိုက္ေလယာဥ္မ်ားရပ္နားသည္ကို ေတြ႕ရွိခဲ့ရျခင္းျဖစ္သည့္အတြက္ ယူဆေရးသားေဖာ္ျပေနခဲ့ၾကျခင္းလည္းျဖစ္သည္။

ထိုမွ်သာမ စက္တင္ဘာ ၄ ရက္ေန႔က ျဖစ္ေပၚခဲ့ေသာ ဗီဒီယိုဖိုင္တြင္လည္း တ႐ုတ္တို႔၏ ဆူ ၃၅ တိုက္ေလယာဥ္ပ်က္က်မႈျဖစ္ေပၚခဲ့ၿပီး ထိုင္ဝမ္က ပစ္ခ်ခဲ့သည္ဟု ဆိုေသာ္လည္း ၎သည္ သတင္းမွားျဖစ္သည္ဟုခ်က္ျခင္းထုတ္ျပန္ခဲ့သည္။

သို႔ေသာ္ ေျမျပင္တြင္ Su-35 တိုက္ေလယာဥ္၏ ပ်က္က်မႈသည္ အမွန္တကယ္ရွိခဲ့သည္ဟု သိရွိရသည္။

CRD_(NGW)

unicode

“တရုတ် J-10 တိုက်လေယာဉ် ငှက်နှင့်တိုက်မိပြီး ပျက်ကျ၊ လေယာဉ်မှူးပြန်ပြောပြတဲ့ အတွေ့အကြုံနှင့် တရုတ်၏ ပိုင်ရှင်မဲ့ Su-35 ပျက်ကျခဲ့မှု လုပ်ဇာတ်များ”

တရုတ် J-10 တိုက်လေယာဉ် ငှက်နှင့်တိုက်မိပြီး ပျက်ကျ၊ လေယာဉ်မှူးပြန်ပြောပြတဲ့အတွေ့အကြုံနှင့် တရုတ်၏ ပိုင်ရှင်မဲ့ Su-35 ပျက်ကျခဲ့မှု…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ် (PLAAF) တိုက်လေယာဉ်များသည် ထိုင်ဝမ်၏လေကြောင်းရန် ကာကွယ်ရေးနယ်မြေသို့ (ADIZ) သို့ရက်သတ္တပတ်များစွာ အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်ခြင်းပြုလုပ်လျက်ရှိရာတွင်

တရုတ်အစိုးရပိုင်မီဒီယာများ၏ အစီရင်ခံမှုအရ ၎င်းတိုက်လေယာဉ်များထဲမှ J-10 တိုက်လေယာဉ်သည် ငှက်နှင့်တိုက်မိပြီး ပျက်ကျမှုဖြစ်ခဲ့သည်ဟု သိရှိရသည်။

ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) ၏အဆိုအရ PLAAF လေယာဉ်များသည် စက်တင်ဘာ ၁၆ ရက်မှ အောက်တိုဘာ ၃ ရက်အကြား ၁၀ ရက်မှ ၁၈ ရက်အတွင်း ထိုင်ဝမ်၏ ADIZ ကိုချိုးဖောက်မှုပေါင်း ၅၀ အကြိမ်တိတိရှိခဲ့သည်ဟုဆိုသည်။

ငှက်နှင့် တိုက်လေယာဉ်အင်ဂျင် တိုက်မိသည့်အချိန်အတွင်း အင်ဂျင်ရပ်ဆိုင်းမှုသတိပေးသံထွက်ပေါ်လာပြီးနောက် Display Screen အနေဖြင့် ပျောက်သွားခဲ့သည်ဟု လေယာဉ်မှူးကဆိုသည်။

ထို့နောက်အရေးပေါ်စွမ်းအင်စနစ်ကို ပြန်သုံးလိုက်သည့်အခါ ၅ စက္ကန့်ကြာပြီး နောက် DS ပြန်လည်ပေါ်လာသည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထိုအခါတိုက်လေယာဉ်မှူးအနေဖြင့် Thrust ကိုတိုးမြင့်ရန် Throttle ကို တင်လိုက်သော်လည်း အလုပ်လုပ်ဆောင်ခြင်းမရှိတော့ပေ။ အင်ဂျင်အနေဖြင့်လုံးဝကို ရပ်ဆိုင်းသွားခဲ့ပြီဖြစ်သည်ကို ၎င်းအနေဖြင့် သိရှိလိုက်ရသည်ဟုဆိုသည်။

ထိုအခြေအနေတွင် မြေပြင်နှင့် ၂၇၂.၇ မီတာသာ ကွာသည်ဟုဆိုသည်။ ၎င်းသဘောတရားအရာ တိုက်လေယာဉ်မှူးအနေဖြင့် ကွင်းသို့ ပြန်ဆင်းရန်မဖြစ်နိုင်သည်ကိုနားလည်လိုက်ပြီလည်းဖြစ်သည်။

တိုက်လေယာဉ်မှူးအနေဖြင့် တိုက်လေယာဉ်ကို လူနေထူထပ်သည့် နေရာသို့ ကျရောက်ခြင်းမရှိစေရန် ထိန်းချုပ်တံကို ၃ ကြိမ်တိတိ ၃၇ စက္ကန့်အတွင်းကြိုးစားထိန်းချုပ်ခဲ့ရပြီး လယ်ကွင်းအတွင်းဆင်းသက်စေရန် ဆုံးဖြတ်လိုက်သည်ဟုဆိုသည်။

တိုက်လေယာဉ်အနေဖြင့် စပါးခင်းဆီသို့ ဦးတည်သွားသည့်အချိန်တွင် တိုက်လေယာဉ်မှူးအနေဖြင့် လေယာဉ်မှ ခုန်ထွက်ရန် မြေပြင်နှင့် ၇၅.၉ မီတာသာ ကွာဝေးပေတော့သည်။

သို့သော်တိုက်လေယာဉ်မှူးအနေဖြင့် အောင်မြင်စွာဖြင့် ခုန်ဆင်းနိုင်ခဲ့သည်ဟု သိရှိရသည်။

ငှက်နှင့်တိုက်မိကာ အင်ဂျင်ချို့ယွင်းပျက်ကျမှုအတွက် တရုတ်ဘက်မှ စုံစမ်းထောက်လှမ်းမှုပြုလုပ်ပြီးနောက် အတည်ပြုပေးခဲ့သော်လည်း အချိန်နှင့်နေရာကို ဖော်ပြခြင်းမရှိပေ။

ထို့အပြင် မည်သည့်လေယာဉ်ဖြစ်ကိုလည်း အတည်ပြုခြင်းမရှိသော်လည်းထိုအခြေအနေအချိန်ကာလက ပြေးလမ်းတွင် Chengdu J-10 တိုက်လေယာဉ်များရပ်နားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည့်အတွက် ယူဆရေးသားဖော်ပြနေခဲ့ကြခြင်းလည်းဖြစ်သည်။

ထိုမျှသာမ စက်တင်ဘာ ၄ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ဗီဒီယိုဖိုင်တွင်လည်း တရုတ်တို့၏ ဆူ ၃၅ တိုက်လေယာဉ်ပျက်ကျမှုဖြစ်ပေါ်ခဲ့ပြီး ထိုင်ဝမ်က ပစ်ချခဲ့သည်ဟု ဆိုသော်လည်း ၎င်းသည် သတင်းမှားဖြစ်သည်ဟုချက်ခြင်းထုတ်ပြန်ခဲ့သည်။

သို့သော် မြေပြင်တွင် Su-35 တိုက်လေယာဉ်၏ ပျက်ကျမှုသည် အမှန်တကယ်ရှိခဲ့သည်ဟု သိရှိရသည်။

CRD_(NGW)

Add a Comment

Your email address will not be published. Required fields are marked *