News

၂၀၁၉တွင် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြားအငြင်းပွားမှုဖြစ်ခဲ့သော စိန့်မာတင်ကျွန်းတွင် ဘင်္ဂလားဒေ့ရှ်မှတင့်ဖျက်ဒုံးများစတင်တပ်ဖြန့်

Written by fella

၂၀၁၉တွင် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြားအငြင်းပွားမှုဖြစ်ခဲ့သော စိန့်မာတင်ကျွန်းတွင် ဘင်္ဂလားဒေ့ရှ်မှတင့်ဖျက်ဒုံးများစတင်တပ်ဖြန့်

ဘင်္ဂလားဒေ့ရှ်ဟာမနေ့ကပဲ သူတို့ပိုင်နက် ရှင်မဖြူကျွန်းခေါ်စိန့်မာတက်ကျွန်းပေါ်မှာ မြန်မာ့ကမ်းတက်စစ်ဆင်ရေးနဲ့တက်လာမယ့်ကုန်းရေသွားတိုက်ခိုက်း ရေးယာဉ်တွေကိုရည်ရွယ်ကာကမ်းစပ်တလျှာက်တင့်ဖျက်ဒူံးများတပ်ဖြန့်ခဲ့ပါတယ်။

ထို့အတူဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်(BGB)နဲ့ စစ်တပ်အင်အားကိုထပ်မံတိုးမြုင့်ထားတယ်လို့သိရပါတယ်။ဒါဟာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ပထမဆုံးကျွန်းပေါ်အင်အားသုံးတပ်ဖြန့်တာဖြစ်ကာ အာဏာသိမ်းတယ့်လမှစပြီး နယ်စပ်တလျှောက်စစ်အင်အားတိုးခြင်းတပ်ဖြန့်ခြင်းများဆောင်ရွက်ခဲ့ပါတယ်။

ရှင်မဖြူကျွန်းလို့ခေါ်တဲ့ St. Martin’s ကျွန်းဟာ မြန်မာအစိုးရက မြေပုံပေါ်မှာ မြန်မာပိုင်ဆိုပြီးဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်ကြီးကို ၂၀၁၉ အောက်တိုဘာ ၇ ရက်နေ့က ဆင့်ခေါ်ပြောဆိုခဲ့ပြီးနောက် မြန်မာပိုင်အဖြစ်ကနေ ပြန်လည်ဖြုတ်ပေးလိုက်ပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

မြန်မာအစိုးရ လူဦးရေဌာနရဲ့ dop.gov.mm (Department of Population) နဲ့ နောက် ဝက်ဘ်ဆိုက်တခု ဖြစ်တဲ့ မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးယူနစ် themimu.info (The Myanmar Information Management Unit) တို့မှာ အချက်အလက်သစ်တွေ update လုပ် ထည့်သွင်းရာမှာ စိန့်မာတင်ကျွန်းကို မြန်မာပိုင်ဒေသတခု အဖြစ်ပြသထားတဲ့ အရောင်နဲ့တွေ့ရှိရတာကိုမကျေနပ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

စိန့်မာတင်ကျွန်းဟာ ၁၉၃၇မှာ မြန်မာနိုင်ငံကို ခွဲထုတ်ချိန်က ဗြိတိသျှအိန္ဒိယရဲ့အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့ပြီး အိန္ဒိယ-ပါကစ္စတန်ကွဲပြီးနောက် အရှေ့ပါကစ္စတန်ပိုင်နက်ဖြစ်ခဲ့ကာ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရပြီးချိန်တွင် ယင်းကျွန်းသည် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ဖြစ်ခဲ့ပါတယ်။ အဆိုပါကျွန်းဟာရခိုင်ကမ်းရိုးတန်းနဲ့စစ်တကောင်းကြားမှာရှိတာမို့

ဒီကျွန်းကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ် ဟာ မြန်မာနှင့် ပထမဆုံးရေပြင် နယ်နိမိတ် သဘောတူညီမှုကို ၁၉၇၄ က ရယူခဲ့ပြီး နှစ်နိုင်ငံအ ကြား ရေပြင်ဆိုင်ရာ အငြင်းပွားမှု ကို ကုလသမဂ္ဂ တရားရုံးက ဆုံးဖြတ်မှုအရ ဘင်္ဂလားဒေ့ရှ်အပိုင်ဖြစ်သွားခဲ့ပါတယ်။

ထို့အပြင်ပြီးခဲ့တယ့်နှစ်ကပဲ ဘင်္ဂလားဒေ့ရှ်ဘက်မှ ရေပိုင်နက်ထပ်မံတိုးချဲ့ဖို့အတွက် စိန့်မာတင်ကျွန်းကိုအခြေပြုကာ ထပ်မံတင်သွင်းမှုတွေလုပ်ခဲ့ပါတယ်။မြန်မာအစိူးရဘက်ကလည်းကန့်ကွက်တင်သွင်းမှုတွေ ချေပမှုတွေလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

#တပ်ဖြန့်တယ့်စစ်သားတွေပုံကတော့အဟောင်းပါ၂၀၁၉ကပါ

မူရင္းပိုစ့္-

CRD_MyanmarWeaponsObservers

ေဇာ္ဂ်ီ

၂၀၁၉တြင္ ဘဂၤလားေဒ့ရွ္နဲ႔ျမန္မာၾကားအျငင္းပြားမႈျဖစ္ခဲ့ေသာ စိန္႔မာတင္ကြၽန္းတြင္ ဘဂၤလားေဒ့ရွ္မွတင့္ဖ်က္ဒုံးမ်ားစတင္တပ္ျဖန္႔

ဘဂၤလားေဒ့ရွ္ဟာမေန႔ကပဲ သူတို႔ပိုင္နက္ ရွင္မျဖဴကြၽန္းေခၚစိန္႔မာတက္ကြၽန္းေပၚမွာ ျမန္မာ့ကမ္းတက္စစ္ဆင္ေရးနဲ႔တက္လာမယ့္ကုန္းေရသြားတိုက္ခိုက္​း ေရးယာဥ္ေတြကိုရည္႐ြယ္ကာကမ္းစပ္တ​လွ်ာက္တင့္ဖ်က္ဒူံးမ်ားတပ္ျဖန္႔ခဲ့ပါတယ္။

ထို႔အတူဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္(BGB)နဲ႔ စစ္တပ္အင္အားကိုထပ္မံတိုးျမဳင့္ထားတယ္လို႔သိရပါတယ္။ဒါဟာ ဘဂၤလားေဒ့ရွ္အေနနဲ႔ ပထမဆုံးကြၽန္းေပၚအင္အားသုံးတပ္ျဖန္႔တာျဖစ္ကာ အာဏာသိမ္းတယ့္လမွစၿပီး နယ္စပ္တေလွ်ာက္စစ္အင္အားတိုးျခင္းတပ္ျဖန္႔ျခင္းမ်ား​ေဆာင္႐ြက္ခဲ့ပါတယ္။

ရွင္မျဖဴကြၽန္းလို႔ေခၚတဲ့ St. Martin’s ကြၽန္းဟာ ျမန္မာအစိုးရက ေျမပုံေပၚမွာ ျမန္မာပိုင္ဆိုၿပီးေဖာ္ျပခဲ့တာနဲ႔ ပတ္သက္ၿပီး ျမန္မာသံအမတ္ႀကီးကို ၂၀၁၉ ေအာက္တိုဘာ ၇ ရက္ေန႔က ဆင့္ေခၚေျပာဆိုခဲ့ၿပီးေနာက္ ျမန္မာပိုင္အျဖစ္ကေန ျပန္လည္ျဖဳတ္ေပးလိုက္ၿပီျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။

ျမန္မာအစိုးရ လူဦးေရဌာနရဲ႕ dop.gov.mm (Department of Population) နဲ႔ ေနာက္ ဝက္ဘ္ဆိုက္တခု ျဖစ္တဲ့ ျမန္မာ သတင္းအခ်က္အလက္ စီမံခန႔္ခြဲေရးယူနစ္ themimu.info (The Myanmar Information Management Unit) တို႔မွာ အခ်က္အလက္သစ္ေတြ update လုပ္ ထည့္သြင္းရာမွာ စိန႔္မာတင္ကြၽန္းကို ျမန္မာပိုင္ေဒသတခု အျဖစ္ျပသထားတဲ့ အေရာင္နဲ႔ေတြ႕ရွိရတာကိုမေက်နပ္လို႔ဘဂၤလားေဒ့ရွ္ဘက္ကကန္႔ကြက္ခဲ့တာျဖစ္ပါတယ္။

စိန႔္မာတင္ကြၽန္းဟာ ၁၉၃၇မွာ ျမန္မာႏိုင္ငံကို ခြဲထုတ္ခ်ိန္က ၿဗိတိသွ်အိႏၵိယရဲ႕အစိတ္အပိုင္း တစ္ခုျဖစ္ခဲ့ၿပီး အိႏၵိယ-ပါကစၥတန္ကြဲၿပီးေနာက္ အေရွ႕ပါကစၥတန္ပိုင္နက္ျဖစ္ခဲ့ကာ ဘဂၤလားေဒ့ရွ္ လြတ္လပ္ေရးရၿပီးခ်ိန္တြင္ ယင္းကြၽန္းသည္ ဘဂၤလားေဒ့ရွ္ပိုင္နက္ျဖစ္ခဲ့ပါတယ္။ အဆိုပါကြၽန္းဟာရခိုင္ကမ္း႐ိုးတန္းနဲ႔စစ္တေကာင္းၾကားမွာရွိတာမို႔

ဒီကြၽန္းကိစၥေၾကာင့္ ဘဂၤလားေဒ့ရွ္ ဟာ ျမန္မာႏွင့္ ပထမဆုံးေရျပင္ နယ္နိမိတ္ သေဘာတူညီမႈကို ၁၉၇၄ က ရယူခဲ့ၿပီး ႏွစ္ႏိုင္ငံအ ၾကား ေရျပင္ဆိုင္ရာ အျငင္းပြားမႈ ကို ကုလသမဂၢ တရား႐ုံးက ဆုံးျဖတ္မႈအရ ဘဂၤလားေဒ့ရွ္အပိုင္ျဖစ္သြားခဲ့ပါတယ္။

ထို႔အျပင္ၿပီးခဲ့တယ့္ႏွစ္ကပဲ ဘဂၤလားေဒ့ရွ္ဘက္မွ ေရပိုင္နက္ထပ္မံတိုးခ်ဲ႕ဖို႔အတြက္ စိန္႔မာတင္ကြၽန္းကိုအေျချပဳကာ ထပ္မံတင္သြင္းမႈေတြလုပ္ခဲ့ပါတယ္။ျမန္မာအစိူးရဘက္ကလည္းကန္႔ကြက္တင္သြင္းမႈေတြ ​ေခ်ပမႈေတြလုပ္ခဲ့တယ္လို႔လည္းသိရပါတယ္။

#တပ္ျဖန္႔တယ့္စစ္သားေတြပုံကေတာ့အေဟာင္းပါ၂၀၁၉ကပါ

CRD_MyanmarWeaponsObservers

About the author

fella

Leave a Comment