ျမန္မာ့ေရပိုင္နက္ထဲကို ေမွာင္ခိုဝင္ေရာက္လာတဲ့ ထိုင္းစက္ေလွတစီးကို ဖမ္းဆီးထား ( ထုိင္းငါးဖမ္းေလေပၚမွာလည္း သာေကာက ပါ တာပဲလား…)

ျမန္မာ့ေရပိုင္နက္ထဲကို ေမွာင္ခိုဝင္ေရာက္လာတဲ့ ထိုင္းစက္ေလွတစီးကို ဖမ္းဆီးထား ( ထုိင္းငါးဖမ္းေလေပၚမွာလည္း သာေကာက ပါ တာပဲလား…)

*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။

ျမန္မာ့ေရပိုင္နက္ အက္ဒမန္ပင္လယ္အတြင္းသို႔ ခြင့္ျပဳခ်က္မဲ့ က်ဴးေက်ာ္ဝင္ေရာက္ၿပီး ငါးမွ်ားေနသည့္ ထိုင္းႏိုင္ငံ အေပ်ာ္စီး ငါးမွ်ားေလွတစ္စင္းကို တပ္မေတာ္ ေရက ဖမ္းဆီးလိုက္ေၾကာင္း သတင္းရရွိပါတယ္။

အဆိုပါ ငါးဖမ္းေလွ ေပၚတြင္ လိုက္ပါလာေသာ ထိုင္းႏိုင္ငံသားမ်ားအား ႏိုဝင္ဘာ ၁၃ ရက္တြင္ ေကာ့ေသာင္းၿမိဳ႕သို႔ ေခၚေဆာင္လာၿပီး ကိုဗစ္ ေရာဂါ ကာကြယ္ ထိန္း ခ်ဳပ္ႏိုင္ေရးအတြက္ အသြားအလာကန႔္သတ္ ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရပါတယ္။

အဆိုပါ အေပ်ာ္စီးငါးမွ်ားေလွမွာ ထိုင္းႏိုင္ငံ ရေနာင္းၿမိဳ႕ရွိ Polaris Ranong ကုမၸဏီပိုင္ Polaris One အမည္ရွိ အလ်ား၂၃ ဒသမ ၉၅ မီတာရွိေသာ သစ္သားကိုယ္ထည္ေလွျဖစ္ၿပီး ေလွလုပ္သားမ်ား အျဖစ္ ထိုင္းႏိုင္ငံသား ေျခာက္ဦး၊ ျမန္မာႏိုင္ငံသား ႏွစ္ဦးႏွင့္ အေပ်ာ္တမ္း ငါးမွ်ားရန္ လိုက္ပါလာသူ တ႐ုတ္ႏိုင္ငံသား တစ္ဦး၊ ထိုင္းႏိုင္ငံသား ၁၅ ဦး၊

စုစုေပါင္း ၂၄ ဦး ပါဝင္ေၾကာင္း၊ ႏိုဝင္ဘာ ၈ ရက္တြင္ ျမန္မာ့ပင္လယ္ျပင္အနီး ခြင့္ျပဳခ်က္မဲ့ က်ဴးေက်ာ္ ဝင္ေရာက္ ငါးမွ်ားေနသည္ကို တပ္မေတာ္(ေရ) စစ္ေရယာဥ္က ေတြ႕ရွိ ထိန္းသိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ယူနီကုတ္

မြန်မာ့ရေပိုင်နက်ထဲကို မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းစက်လှေတစီးကို ဖမ်းဆီးထား ( ထိုင်းငါးဖမ်းလေပေါ်မှာလည်း သာကောက ပါ တာပဲလား…)

မြန်မာ့ရေပိုင်နက် အက်ဒမန်ပင်လယ်အတွင်းသို့ ခွင့်ပြုချက်မဲ့ ကျူးကျော်ဝင်ရောက်ပြီး ငါးမျှားနေသည့် ထိုင်းနိုင်ငံ အပျော်စီး ငါးမျှားလှေတစ်စင်းကို တပ်မတော် ရေက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ငါးဖမ်းလှေ ပေါ်တွင် လိုက်ပါလာသော ထိုင်းနိုင်ငံသားများအား နိုဝင်ဘာ ၁၃ ရက်တွင် ကော့သောင်းမြို့သို့ ခေါ်ဆောင်လာပြီး ကိုဗစ် ရောဂါ ကာကွယ် ထိန်း ချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါ အပျော်စီးငါးမျှားလှေမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ Polaris Ranong ကုမ္ပဏီပိုင် Polaris One အမည်ရှိ အလျား၂၃ ဒသမ ၉၅ မီတာရှိသော သစ်သားကိုယ်ထည်လှေဖြစ်ပြီး လှေလုပ်သားများ အဖြစ် ထိုင်းနိုင်ငံသား ခြောက်ဦး၊ မြန်မာနိုင်ငံသား နှစ်ဦးနှင့် အပျော်တမ်း ငါးမျှားရန် လိုက်ပါလာသူ တရုတ်နိုင်ငံသား တစ်ဦး၊ ထိုင်းနိုင်ငံသား ၁၅ ဦး၊

စုစုပေါင်း ၂၄ ဦး ပါဝင်ကြောင်း၊ နိုဝင်ဘာ ၈ ရက်တွင် မြန်မာ့ပင်လယ်ပြင်အနီး ခွင့်ပြုချက်မဲ့ ကျူးကျော် ဝင်ရောက် ငါးမျှားနေသည်ကို တပ်မတော်(ရေ) စစ်ရေယာဉ်က တွေ့ရှိ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *