ေျမာက္ကိုရီးယား ကေလးဒါဇင္နဲ႔ခ်ီ ကူးစက္မႈျဖစ္လို႔ ေက်ာင္းေတြ အျမန္ျပန္ပိတ္လိုက္ရ ( ဝက္ေပါက္ေလး ကင္ေျပာတုန္းက … သူတို႔ဆီမွာ ကူးစက္မႈလုံးဝ မရွိဘူးဆို 🙄🙄🙄)

ေျမာက္ကိုရီးယား ကေလးဒါဇင္နဲ႔ခ်ီ ကူးစက္မႈျဖစ္လို႔ ေက်ာင္းေတြ အျမန္ျပန္ပိတ္လိုက္ရ ( ဝက္ေပါက္ေလး ကင္ေျပာတုန္းက … သူတို႔ဆီမွာ ကူးစက္မႈလုံးဝ မရွိဘူးဆို 🙄🙄🙄)

*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။

ေခါင္းေဆာင္ကင္ကေတာ့ ၿပီးခဲ့တဲ့ရက္အနည္းငယ္က သူတုိ႔ဆီမွာ ကူးစက္မႈလုံးဝမရွိတဲ့အတြက္ စည္းကမ္းလုိက္နာၾကတဲ့ ျပည္သူေတြကို အထူးေက်းဇူးတင္ေၾကာင္း၊

မိမိတုိ႔ဘက္က ဒီလုိ ခက္ခဲတဲ့ကာလအတြင္းမွာ ထိေရာက္တဲ့ အကူအညီ မေပးႏုိင္တဲ့အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ငုိႀကီးခ်က္မနဲ႔ ေျပာသြားခဲ့ပါေသးတယ္။

သုိ႔ေသာ္လည္း အခု ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ေျမာက္မွာ အေျခခံပညာေက်ာင္းအခ်ိဳ႕မွ ေက်ာင္းသားဒါဇင္နဲ႔ခ်ီဟာ ကိုဗစ္လကၡဏာ ျပတဲ့အတြက္ ဖြင့္ဖုိ႔စုိင္းျပင္ေနတဲ့ေက်ာင္းေတြကို အျမန္ျပန္ပိတ္ဖုိ႔ အမိန္႔ထုတ္ထားရတယ္လုိ႔ သိရပါတယ္။

ကနဦးတုန္းကေတာ့ ဒီကာလအေတာအတြင္းမွာ ရက္ပ်က္ေတြရွိခဲ့တာေၾကာင့္ ေဆာင္းကုန္သည္အထိ ေက်ာင္းေတြ ဖြင့္မယ္လုိ႔ ဆုိပါတယ္။

သုိ႔ေသာ္လည္း အခုပုံစံအတုိင္းဆုိရင္ ေက်ာင္းေတြျပန္ဖြင့္ဖုိ႔ အခ်ိန္ကာလအပိုင္းအျခားတစ္ခုအထိ ၾကာရွည္ဦးမွာပါ။ ဒီမတုိင္ခင္က ပညာေရးအာဏာပိုင္ေတြက စိတ္ခ်ရတဲ့ျပည္နယ္အခ်ိဳ႕မွာ ေက်ာင္းေတြဖြင့္လွစ္ဖုိ႔ ခြင့္ျပဳခဲ့ပုံပါ။

ဒီအထဲကမွ ေက်ာင္းသားဒါဇင္နဲ႔ခ်ီဟာ ေနမေကာင္းျခင္း၊ ဖ်ားနာျခင္းနဲ႔ အသက္႐ွဴရခက္ခဲျခင္းစတဲ့ ကိုဗစ္လကၡဏာေတြ ျပသခဲ့တာျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးက အခုလ ဒုတိယအပတ္မွာ ေက်ာင္းေတြျပန္ဖြင့္ဖုိ႔ အမိန္႔ထုတ္ျပန္ထားသလုိ၊ နယ္ေဝးကိုသြားေရာက္တာဝန္ထမ္းေဆာင္ရမယ့္ ဆရာဆရာမေတြကိုလည္း ႏုိဝင္ဘာ(၁)ရက္ေန႔ ေနာက္ဆုံးထားၿပီး၊ သတင္းပို႔ၾကဖုိ႔ အမိန္႔ေပးထားပါတယ္။ ဒါေပမယ့္ အခုေတာ့ သူ႕ရဲ႕အစီအစဥ္ေတြဟာ သဲထဲေရသြန္ ျဖစ္ခဲ့ရၿပီ ဆုိရမွာပါ။

Daily NK နဲ႔ခ်ိတ္ဆက္ထားတဲ့ ေျမာက္အႀကီးတန္းသတင္းေထာက္တစ္ေယာက္ရဲ႕ သတင္းေပးပုိ႔ခ်က္မွာေတာ့ ” ပါတီ(၇၅)ျပည့္အခမ္းအနား ၿပီးေနာက္ တစ္ႏုိင္ငံလုံးမွာ လူနာဦးေရ သိသိသာသာ တုိးလာခဲ့ပါတယ္ …

ကူးစက္တုိက္ဖ်က္ေရးရဲ႕ ထုတ္ျပန္ခ်က္အရေတာ့ လူနာသစ္ (၁၈)%ဟာ ေက်ာင္းသားသူငယ္ေတြ ျဖစ္ေနပါတယ္ … “လုိ႔ ေျပာပါတယ္။

ေျမာက္မွာ ကိုဗစ္လကၡဏာနဲ႔ ေရာက္လာသူေတြကို ကိုဗစ္လူနာအျဖစ္ သတ္မွတ္ေလ့မရွိပါဘူးတဲ့။ အဆုတ္မေကာင္းလုိ႔ေရာက္လာရင္ အဆုတ္နဲ႔ အသက္႐ႈလမ္းေၾကာင္းဆုိင္ရာလူနာအျဖစ္ စာရင္းသြင္းၿပီ၊

ဒီလုိပဲ ဖ်ားျခင္းနာျခင္းအေျခအေနေတြနဲ႔ ေရာက္လာတဲ့လူနာေတြကိုလည္း သက္ဆုိင္ရာ အမည္ေအာက္မွာသာ စာရင္းသြင္းတယ္လုိ႔ Daily NK ရဲ႕လွ်ိ႕ဝွက္သတင္းေထာက္က ေျပာခဲ့ပါတယ္။

CRD_လင္းေဇာ္ကို

ယူနိကုတ္

မြောက်ကိုရီးယား ကလေးဒါဇင်နဲ့ချီ ကူးစက်မှုဖြစ်လို့ ကျောင်းတွေ အမြန်ပြန်ပိတ်လိုက်ရ ( ဝက်ပေါက်လေး ကင်ပြောတုန်းက … သူတို့ဆီမှာ ကူးစက်မှုလုံးဝ မရှိဘူးဆို 🙄🙄🙄)

*အောကျတှငျ ယူနီကုတျဖွင့ျ ဖောျပွထားပါသညျ။

ခေါင်းဆောင်ကင်ကတော့ ပြီးခဲ့တဲ့ရက်အနည်းငယ်က သူတို့ဆီမှာ ကူးစက်မှုလုံးဝမရှိတဲ့အတွက် စည်းကမ်းလိုက်နာကြတဲ့ ပြည်သူတွေကို အထူးကျေးဇူးတင်ကြောင်း၊ မိမိတို့ဘက်က ဒီလို ခက်ခဲတဲ့ကာလအတွင်းမှာ ထိရောက်တဲ့ အကူအညီ မပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ငိုကြီးချက်မနဲ့ ပြောသွားခဲ့ပါသေးတယ်။

သို့သော်လည်း အခု ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ မြောက်မှာ အခြေခံပညာကျောင်းအချို့မှ ကျောင်းသားဒါဇင်နဲ့ချီဟာ ကိုဗစ်လက္ခဏာ ပြတဲ့အတွက် ဖွင့်ဖို့စိုင်းပြင်နေတဲ့ကျောင်းတွေကို အမြန်ပြန်ပိတ်ဖို့ အမိန့်ထုတ်ထားရတယ်လို့ သိရပါတယ်။ ကနဦးတုန်းကတော့ ဒီကာလအတောအတွင်းမှာ ရက်ပျက်တွေရှိခဲ့တာကြောင့် ဆောင်းကုန်သည်အထိ ကျောင်းတွေ ဖွင့်မယ်လို့ ဆိုပါတယ်။

သို့သော်လည်း အခုပုံစံအတိုင်းဆိုရင် ကျောင်းတွေပြန်ဖွင့်ဖို့ အချိန်ကာလအပိုင်းအခြားတစ်ခုအထိ ကြာရှည်ဦးမှာပါ။ ဒီမတိုင်ခင်က ပညာရေးအာဏာပိုင်တွေက စိတ်ချရတဲ့ပြည်နယ်အချို့မှာ ကျောင်းတွေဖွင့်လှစ်ဖို့ ခွင့်ပြုခဲ့ပုံပါ။ ဒီအထဲကမှ ကျောင်းသားဒါဇင်နဲ့ချီဟာ နေမကောင်းခြင်း၊ ဖျားနာခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းစတဲ့ ကိုဗစ်လက္ခဏာတွေ ပြသခဲ့တာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးက အခုလ ဒုတိယအပတ်မှာ ကျောင်းတွေပြန်ဖွင့်ဖို့ အမိန့်ထုတ်ပြန်ထားသလို၊ နယ်ဝေးကိုသွားရောက်တာဝန်ထမ်းဆောင်ရမယ့် ဆရာဆရာမတွေကိုလည်း နိုဝင်ဘာ(၁)ရက်နေ့ နောက်ဆုံးထားပြီး၊ သတင်းပို့ကြဖို့ အမိန့်ပေးထားပါတယ်။ ဒါပေမယ့် အခုတော့ သူ့ရဲ့အစီအစဉ်တွေဟာ သဲထဲရေသွန် ဖြစ်ခဲ့ရပြီ ဆိုရမှာပါ။

Daily NK နဲ့ချိတ်ဆက်ထားတဲ့ မြောက်အကြီးတန်းသတင်းထောက်တစ်ယောက်ရဲ့ သတင်းပေးပို့ချက်မှာတော့ ” ပါတီ(၇၅)ပြည့်အခမ်းအနား ပြီးနောက် တစ်နိုင်ငံလုံးမှာ လူနာဦးရေ သိသိသာသာ တိုးလာခဲ့ပါတယ် … ကူးစက်တိုက်ဖျက်ရေးရဲ့ ထုတ်ပြန်ချက်အရတော့ လူနာသစ် (၁၈)%ဟာ ကျောင်းသားသူငယ်တွေ ဖြစ်နေပါတယ် … “လို့ ပြောပါတယ်။

မြောက်မှာ ကိုဗစ်လက္ခဏာနဲ့ ရောက်လာသူတွေကို ကိုဗစ်လူနာအဖြစ် သတ်မှတ်လေ့မရှိပါဘူးတဲ့။ အဆုတ်မကောင်းလို့ရောက်လာရင် အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာလူနာအဖြစ် စာရင်းသွင်းပြီ၊ ဒီလိုပဲ ဖျားခြင်းနာခြင်းအခြေအနေတွေနဲ့ ရောက်လာတဲ့လူနာတွေကိုလည်း သက်ဆိုင်ရာ အမည်အောက်မှာသာ စာရင်းသွင်းတယ်လို့ Daily NK ရဲ့လျှိ့ဝှက်သတင်းထောက်က ပြောခဲ့ပါတယ်။

CRD_လင်းဇော်ကို

ယူနိကုတ်

Add a Comment

Your email address will not be published. Required fields are marked *