







CRD_knightnews

ယူနီကုတ်

ပေးထားတဲ့ကတိအတိုင်း ရဲဝန်ထမ်း မိသားစုတွေအပေါ် တာဝန်ကျေပြီး ကတိတည်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ..

ကတိတည်တဲ့ အမေ.. ခုမှဘဲ စိတ်ချမ်းသာသွားတယ်.. ရဲဝန်ထမ်း မိသားစုတွေခမျာ ၂၀၁၅ ခုနှစ်အထိ မလုံခြုံတဲ့ ခနော်ခနဲ့ အိမ်ယာတွေနဲ့ တစ်သက်လုံး ဖြတ်ကျော်ခဲ့ကြရတယ်..

အမျိုးသားရေးတို့ အမျိုးဘာသာတို့ အော်ပြပြီး သူတို့သာ အိမ်တော်ကြီးတွေ တစ်လုံးပြီးတစ်လုံးဆောက်ခဲ့ကြတာ ၊ ရဲမိသားစုတွေ ဝန်ထမ်းတွေကတော့ ဒုတိယကမ္ဘာစစ် လက်ကျန်အိမ်နံရံကို သတင်းစာကပ်ပြီး နွေမိုးဆောင်း အလီလီ ဖြတ်ကျော်ခဲ့ကြရတယ်..

၂၀၁၆ ခုနှစ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်လာတဲ့ အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ရဲတန်းလျားတွေကို သွားရောက်ကြည့်ရှူခဲ့တယ်.. စုတ်ပြတ်နေတဲ့အိမ်တွေ တန်းလျားတွေကိုကြည့်ရင်း သူမမျက်နှာမှာ အံသြခြင်း စိတ်မကောင်းခြင်းတွေ ဖြစ်ခဲ့ရတယ်..

ရဲမိသားစုတွေရဲ့ လက်ကိုကိုင်ပြီး “ကျမ အကောင်းဆုံး ကြိုးစားပေးမယ်”.. လို့ သူမ ကတိပေးခဲ့တယ်.. သူမ ကတိတည်ခဲ့တယ်..

(၅) နှစ်အတွင်းမှာပဲ ခေတ်မှီသစ်လွင်တဲ့ ရဲတိုက်ခန်းအိမ်ယာတွေ ၊ ဝန်ထမ်းတိုက်ခန်းတွဲပေါင်းများစွာတွေ ပေါ်ထွက်လာခဲ့ပြီ..

ရဲမိသားစုတွေ ဝန်ထမ်းတွေကိုယ်စား ကျေးဇူး တင်မိပါတယ်.. အမေ..

CRD_knightnews

Add a Comment

Your email address will not be published. Required fields are marked *