ေဒၚလာသန္း ၂၁၀၀ ကုန္က်မယ့္ ဂ်ပန္ – ျမန္မာ ပူးေပါင္း တည္ေဆာက္မယ့္ ရန္ကုန္ဘူတာႀကီးစီမံကိန္း

ေဒၚလာသန္း ၂၁၀၀ ကုန္က်မယ့္ ဂ်ပန္ – ျမန္မာ ပူးေပါင္း တည္ေဆာက္မယ့္ ရန္ကုန္ဘူတာႀကီးစီမံကိန္း

*အောက်တွင် ယူနီကုတ် ဖြင့် ဖော်ပြထားပါသည်။

၂၀၁၅ ခုႏွစ္မွာတင္ဒါစေခၚခဲ့တဲ့ ဒီဘူတာႀကီးအဆင့္ျမင့္စီမံကိန္းကိုတ႐ုတ္၊စင္ကာပူ၊ျမန္မာ ဖက္စပ္အုပ္စုတစ္ခုက ၂၀၁၈ ခုႏွစ္မွာေအာင္ျမင္ခဲ့ေပမယ့္၊ေငြေရးေၾကးေရးျပသနာေတြေၾကာင့္၊ ျမန္မာအစိုးရဟာ ဂ်ပန္ကုမၸဏီတစ္ခုျဖစ္တဲ့ဆူမီတိုမိုကုမၸဏီနဲ႔ ၂၀၁၉ ခုႏွစ္ကုန္ခါနီးမွာ အစားထိုးခဲ့ရပါတယ္။

မူလဒီဇိုင္းကိုမေျပာင္းလဲဘဲ ေဆာက္မယ့္ဒီဘူတာႀကီးစီမံကိန္းဟာေဒၚလာသန္း ၂၁၀၀ ကုန္က်မွာျဖစ္ၿပီး၊ ေဆာက္လုပ္ခ်ိန္ ၈ ႏွစ္ၾကာျမင့္မွာျဖစ္ပါတယ္။

၁၈၇၇ ခုႏွစ္ကစတင္တည္ေဆာက္ခဲ့ၿပီး၊ ၁၉၂၀ မွာ ျပန္ေဆာက္ခဲ့ရတဲ့ ဒီသမိုင္းဝင္ရန္ကုန္ဘူတာႀကီးကိုမူလလက္ရာမ်ားမပ်က္စီးေစဘဲ ျပန္လည္တည္ေဆာက္ၾကရမွာျဖစ္ပါတယ္။စီမံကိန္းအက်ယ္ ၆၃.၅ ဧက ရွိၿပီး၊ ဘူတာႀကီးအျပင္ ပါတ္ျခာလည္မွာအဆင့္ျမင့္႐ုံးခန္း၊ ေဟာ္တယ္၊ ကြန္ဒို၊ ေရွာ့ပင္းေမာ၊ ပန္းၿခံနဲ႔ ရထားျပတိုက္ေတြပါအုံးမွာမို႔လာမယ့္ ၈ ႏွစ္အတြင္း ရန္ကုန္ၿမိဳ႕ထဲက သြားလာလည္ပါတ္စရာေကာင္းတဲ့ေနရာတစ္ခုျဖစ္လာအုံးမွာ‌ေသျခာေနပါေတာ့တယ္။

ယခုတင္ဒါတင္ထားသူေတြကို စိစစ္ေနတာမို႔၊ မ်ားမၾကာခင္တင္ဒါေအာင္သူကို ေၾကျငာေပးသြားပါေတာ့မွာပဲ ျဖစ္ပါတယ္။ေ႐ႊျပည္ႀကီးမွာကျဖင့္ မဂၤလာသတင္းေတြက ေန႔တိုင္းၾကားလာေနရပါေတာ့တယ္။တ႐ုတ္ကုမၸဏီကို ကန္ထုတ္ၿပီး၊ ဂ်ပန္ကုမၸဏီကို အစားထိုးလာတာကလည္းျမန္မာအစိုးရသစ္နဲ႔ ဂ်ပန္အစိုးရတို႔ရဲ႕ အျပန္အလွန္ယုံၾကည္ကိုးစားမႈကိုျပသရာေရာက္ေနတာမို႔ ျပည္သူအမ်ား စိတ္ခ်မ္းသားစရာသတင္းပါပဲ။

Ref: Project Bank, MMTimes, Aseantravel – Zin Min Nyein

ယူနီကုတ္

ဒေါ်လာသန်း ၂၁၀၀ ကုန်ကျမယ့် ဂျပန် – မြန်မာ ပူးပေါင်း တည်ဆောက်မယ့် ရန်ကုန်ဘူတာကြီးစီမံကိန်း

၂၀၁၅ ခုနှစ်မှာတင်ဒါစခေါ်ခဲ့တဲ့ ဒီဘူတာကြီးအဆင့်မြင့်စီမံကိန်းကိုတရုတ်၊စင်ကာပူ၊မြန်မာ ဖက်စပ်အုပ်စုတစ်ခုက ၂၀၁၈ ခုနှစ်မှာအောင်မြင်ခဲ့ပေမယ့်၊ငွေရေးကြေးရေးပြသနာတွေကြောင့်၊ မြန်မာအစိုးရဟာ ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ဆူမီတိုမိုကုမ္ပဏီနဲ့ ၂၀၁၉ ခုနှစ်ကုန်ခါနီးမှာ အစားထိုးခဲ့ရပါတယ်။

မူလဒီဇိုင်းကိုမပြောင်းလဲဘဲ ဆောက်မယ့်ဒီဘူတာကြီးစီမံကိန်းဟာဒေါ်လာသန်း ၂၁၀၀ ကုန်ကျမှာဖြစ်ပြီး၊ ဆောက်လုပ်ချိန် ၈ နှစ်ကြာမြင့်မှာဖြစ်ပါတယ်။

၁၈၇၇ ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး၊ ၁၉၂၀ မှာ ပြန်ဆောက်ခဲ့ရတဲ့ ဒီသမိုင်းဝင်ရန်ကုန်ဘူတာကြီးကိုမူလလက်ရာများမပျက်စီးစေဘဲ ပြန်လည်တည်ဆောက်ကြရမှာဖြစ်ပါတယ်။စီမံကိန်းအကျယ် ၆၃.၅ ဧက ရှိပြီး၊ ဘူတာကြီးအပြင် ပါတ်ခြာလည်မှာအဆင့်မြင့်ရုံးခန်း၊ ဟော်တယ်၊ ကွန်ဒို၊ ရှော့ပင်းမော၊ ပန်းခြံနဲ့ ရထားပြတိုက်တွေပါအုံးမှာမို့လာမယ့် ၈ နှစ်အတွင်း ရန်ကုန်မြို့ထဲက သွားလာလည်ပါတ်စရာကောင်းတဲ့နေရာတစ်ခုဖြစ်လာအုံးမှာ‌သေခြာနေပါတော့တယ်။

ယခုတင်ဒါတင်ထားသူတွေကို စိစစ်နေတာမို့၊ များမကြာခင်တင်ဒါအောင်သူကို ကြေငြာပေးသွားပါတော့မှာပဲ ဖြစ်ပါတယ်။ရွှေပြည်ကြီးမှာကဖြင့် မင်္ဂလာသတင်းတွေက နေ့တိုင်းကြားလာနေရပါတော့တယ်။တရုတ်ကုမ္ပဏီကို ကန်ထုတ်ပြီး၊ ဂျပန်ကုမ္ပဏီကို အစားထိုးလာတာကလည်းမြန်မာအစိုးရသစ်နဲ့ ဂျပန်အစိုးရတို့ရဲ့ အပြန်အလှန်ယုံကြည်ကိုးစားမှုကိုပြသရာရောက်နေတာမို့ ပြည်သူအများ စိတ်ချမ်းသားစရာသတင်းပါပဲ။

Ref: Project Bank, MMTimes, Aseantravel – Zin Min Nyein

Add a Comment

Your email address will not be published. Required fields are marked *