#MwoGoldWTICurrency
crd-MOE WIN OO
ယူနီကုတ်
ဘယ်ဘက်နေနေ ဘယ်သူ့ကိုထောက်ခံ ထောက်ခံ လာမည့် လပိုင်းအတွင်းမှာ အားလုံးကို တပြေးညီ ထိခိုက်လာတော်မယ့် Civil Warရဲ့ ရိုက်ခိုက်မူဒဏ်များ
Civil war ဖြစ်ပြီး ဘာအလုပ်အကိုင် မှ မရှိတော့ပါဘူး။ ဘယ်သူကို ထောက်ခံ ထောက်ခံ civil war ရဲ့ ရိုက်‌ခတ်မူ့ က အားလုံး ကို တပြေးညီ ရိုက်ခတ်ပါတော့ တယ်။ လက်ဘနွန် ဘီရွတ်မြို့ကြီး ပြားပြားဝတ် ခဲ့ပါတယ်။ ဘယ်သူ့ အဖေ ခေါ်ရမှန်း မသိ ပေါ့။ အဖွဲ့အစည်း တွေကလဲ သူတလူငါ တမင်…နဲ့ပေါ့။ နောက်ဆုံးတော့ ပြည်ပကို ဒုက္ခသယ် အဖြစ် ကိုယ့်မိသားစု လက်များ ကို
ကြစ်ကြစ် ပါအောင် ဆုပ်ကိုင်ရင်း သ‌င်္ဘောသေးသေး လေးပေါ်မှာ လူတွေပြွတ်သိပ်ပြီး ပင်လယ်ပြင် ကို ဖြတ်သန်းခဲ့ရပါတယ်။ တချို့လဲ သက်ဆိုင် ရာ နိူင်ငံ ကို ကံကောင်းထောက်မစွာ ရောက် ရှိခိုလှုံ နိူင်ခဲ့ပြီး။ တော်တော်များများက ပင်လယ် ကြီးထဲ မှာ စုံးစုံး မြိူတ်ခဲ့ပါတယ်။ ပြည်တွင်းကျန်ရစ်သူများ ရဲ့ ဒုက္ခ ကလဲ မသေးပါ။ တရားမျှတ ဘို့နေနေသာသာ ဥပဒေ ဆိုတာ ဂျိုနဲ့လား? လို့ မေးယူရမဲ့ အနေအထား ဖြစ်လာပါတယ်။
ကိုယ်နှမ ကို ဝိုင်းမုဒိန်း ကျင့်နေလဲ …မပြောရဲတဲ့ ဘဝ ပြောလဲ တခါထဲ ပစ်သတ်လိုက်တာပါ..ပဲ။ ပြသနာ က ဆာလောင်လာတဲ့ ဝမ်းတစ် ထွာ ဖြေရှင်း ဘို့က နေ့စဉ်ပါ။ ဒါနဲ့ တချို့ လဲ ချက်ချင်း လက်ငင်း တောင်းစားရတဲ့ ဘဝ ကို သက်ဆင်းခဲ့ရပါတယ်။ စားဝတ်နေရေး ပြေလည်ဘို့ အမျိုးသား တစ်ဦး ဟာ တောင်းစားဘို့လဲ ရှက်ပါတယ်။ ဒါနဲ့ အလေ့ကျ ပေါက်တဲ့ တောပန်းလေးတွေ ခူးပြီး မဝံ့မရဲ မျက်နှာလေး နဲ့ ရသလောက် ဈေးနဲ့ ရောင်းပြီး ဖြေရှင်းခဲ့ရပါတယ်။ ဒါကို အကဲခတ်မိတဲ့ ပြင်သစ် ဂျာနယ်လစ်က ဓါတ်ပုံ ရိုက်ပြီး တင်ပေးခဲ့တာ…တကမ္ဘာလုံး က ကိုယ်ချင်းစာ လို့ အလှုငွေ မီလျှံနဲ့ ချီပြီး ရရှိခဲ့ပါတယ်။
တကယ်တော့ …တောင်းစားတယ် ဆိုတာ ကိုယ်အတ္တ နဲ့ မာန်မာန ကို ခေါက်ချိုးချိုးပစ် ခဲ့ရတာပါ။ အလုပ်အကိုင် ကလဲ မရှိ ၊ဝင်ငွေ ကလဲ မရှိ ၊ ဗိုက်ပြသနာ က နေစဉ် ဆိုတော့ …တော်တော် Rush ဖြစ်နေတာပါ။ ပြည်တွင်းစစ် က တနှစ်လဲ မဟုတ်..စုဆောင်း ထားတဲ့ ရက္ခာကလဲ ဘယ်လောက် ခံမှာ..တုန်း လက်ထဲ ကြစ်ကြစ်ပါအောင် ဆုပ်ထားတဲ့ ငွေ က ဘယ်လောက်ထိ ခံမှာ…တုန်း…
စစ်ဖြစ်လာ တော့ ငွေတန်ဘိုးတွေ ကျပြီး အစားအသောက် ဆေးဝါး ဈေးတွေ က မိုးမျှော်လာတော့..ကိုယ့် လက်ထဲ ရှိတဲ့ငွေက ပထမ တော့ သုံးနှစ်လောက် ထိုင်စား နိူင်မယ်လို့ ခန့်မှန်းထား ပေမဲ့ တကယ့် လက်တွေမှာ တော့ ရှစ်လ တောင်မခံတော့ပါဘူး။ ကုန်းပစ္စည်း တွေ ဆေးဝါးတွေ ဝယ်လို့ရတယ် ဆိုရင်ပဲ…ရောင်းသူကို ကျေးဇူး တင်နေရတဲ့ ခေတ်ပါ။ တချို့လဲ ကိုယ့်မိသားစု လဲ မရှိတော့ဘူး။
ကိုယ် ချစ်ရသူ လဲ မရှိတော့ဘူး။ သေမထူး နေမထူး ဖြစ်လာပြီး မိမိတကိုယ်လုံး ဗုံးတွေ ပတ်ပြီး အသေ ခံ ဗုံးခွဲပြီး…ခါးသီးလွန်းတဲ့ ဘဝ ကို နောက်ဆုံး လက်စား ချေခြင်း ဖြစ် လက်ပြ နူတ်ဆက်ခဲ့ ပြန် ပါတယ်။ တကယ်တော့…ပြည်တွင်းစစ် တွေက စတင်ဘို့ လွယ်သလောက် အဆုံးသတ်ဘို့…ဆယ်စု နှစ် လောက် အချိန်ပြန်ယူရပါတယ်။ ပြန်လည်ထူ ထောင်ရေး ကာလ တင် တော်တော် အချိန်ပေး ရပါတယ်။
အကျိုးအကန်း တွေလဲ တော်တော် များသလို… သူတို့ ရင်ဘတ်ကြီးထဲ နာကျည်းမူ့ ခံစားချက်တွေ ကို ဖြေဖျောက် ဘို့ တော်တော် ကုစား..ရပါတယ်။ ဆိုက်ကို တွေ…ပေါ့။ ကြီးနိူင် ငယ်ညှင်း ဆိုတဲ့ wild law အတိုင်း ဖြတ်သန်း ခဲ့ရတဲ့ နှစ်တွေကမနဲ…ထစ်ကနဲ ဆို ဒေါသတွေ က ထွက်လာပြီး။ လွယ်တော့ မလွယ်ပါဘူး။ လူတိုင်း သိကျပါ တယ်…တော်တော်မလွယ်တဲ့ ပြသနာတွေပါ။
သို့သော်…အခြေနေ က… တခါတလေ မှာ.. ရွေးချယ်ပိုင် ခွင့် မရှိတဲ့ အနေအထား တွေက ….ကျွန်တော် တို့ရဲ့ ကံကြမ္မာ များကို ဖန်ဆင်း ရင်း…. လေးစားလျှက် wns ဆရာ wns ရေးသားချက်အား ပြန်လည်မျှဝေသည်။
#MwoGoldWTICurrency
crd-MOE WIN OO
Leave a Comment
Your email address will not be published. Required fields are marked *