Knowledge

ေတာင္းစားေနရင္း လမ္းေဘးေရာက္ကာ ေကာ္ရႈကေလးငယ္ေတြကို ေခၚယူေမြးစား လိမၼာေစခဲ့တဲ့ ခိုလႈံရာရိပ္သာက ဆရာမေလး

Written by fella

ေတာင္းစားေနရင္း လမ္းေဘးေရာက္ကာ ေကာ္ရႈကေလးငယ္ေတြကို ေခၚယူေမြးစား လိမၼာေစခဲ့တဲ့ ခိုလႈံရာရိပ္သာက ဆရာမေလး

ဘာျဖစ္ျဖစ္ မလႊတ္ပါဘူးကြယ္ ပုံ႔ကို ဟိုးအရင္ထဲက သိတဲ့သူဆို ဒီကေလးေလးကို မွတ္မိၾကပါလိမ့္မယ္မသိေသးတဲ့ လူေတြအတြက္ရယ္၊ ပရဟိတလုပ္ခ်င္လို႔ ဘယ္လိုစလုပ္မလဲလို႔ ေမးတဲ့လူေတြအတြက္ရယ္ ပုံ႔သူတို႔နဲ႔ စေတြ႕ျဖစ္ၾကပုံေလးကို အက်ဥ္းေလး ေျပာျပမယ္လြန္ခဲ့တဲ့ ၅ ႏွစ္ ၂၀၁၆ ေလာက္မွာ ေကာ္ရႈေလလြင့္ေနၾကတဲ့ ဒီကေလးတသိုက္နဲ႔ ပုံ႔ စေတြ႕ခဲ့ပါတယ္။ေတြ႕ခဲ့တဲ့ ေနရာက

ဘယ္ၿမိဳ႕မွာမဆို ဒီလို ကေလးေတြက်က္စားေနက်ေနရာျဖစ္တဲ့ ဘူတာ ပုံ႔က အဲ့ခ်ိန္တုံးက ဆရာမလုပ္ေနတဲ့အခ်ိန္ညေန ေက်ာင္းကျပန္ေတာ့ ဗိုက္ဆာတာနဲ႔ ဘူတာမွာ အကင္ဝယ္စားျဖစ္တယ္။ပုံ႔အက်င့္က အစားဆို ရတာနဲ႔ တန္းစားခ်င္တာ ဒါနဲ႔ ၾကက္ကင္ဆိုင္ေဘးက ခုံေလးမွာဘဲ မက်က္ေသးတဲ့ အကင္ေတြေစာင့္ရင္း က်က္တဲ့အကင္ေတြ ထိုင္စားေနလိုက္တယ္။ခဏေနေတာ့ ထုံးစံအတိုင္းအသက္

၄ ႏွစ္အ႐ြယ္တစ္ေယာက္၊ ၆ ႏွစ္အ႐ြယ္ေလာက္တစ္ယာက္ လက္ထဲ ေကာ္ဗူးေလးေတြကိုင္ၿပီး ေရာက္လာပါၿပီမႀကီး သားကို မုန္႔ဖိုးေပး ပုံ႔အက်င့္ကလဲ တမ်ိဳးဟင္းစားမေပးခ်င္ဘူးကြန္ခ်က္ပဲျပခ်င္တာ ေတာင္းတယ္၊ ေပးလိုက္တယ္၊ သုံးတယ္၊ ကုန္သြားတယ္ အဲ့လို သံသရာလည္ေနတာကို မႀကိဳက္ဘူး။ သူတို႔ ေတာင္းရင္စားရမွန္းသိေနရင္ လြယ္လြယ္ဘဲေတာင္းေနေတာ့မယ္…ေတာင္းရတာ ရွက္စရာေကာင္းမွန္းလဲ မသိေတာ့ဘူး။

ဒါနဲ႔ ပုံ႔ ပထမ တခြန္း၊ ႏွစ္ခြန္း မသိခ်င္ေယာင္ေဆာင္ၿပီး ဆက္စားေနလိုက္တယ္ အံမယ္ ကိုယ္ေတာ္က အနားလာထိုင္ၿပီး လက္ေလးကုတ္ၿပီး အီးေညႇာင့္၊ အီးေညႇာင့္ ေတာင္းတာဗ်။ ဒါနဲ႔ ပုံ႔လဲ မုန္႔ဖိုးမေပးႏိုင္ဘူးမုန္႔စားမလား ဝယ္ေကြၽးမယ္ေပါ့ ဘာျပန္ေျပာတယ္ ထင္လဲ မုန္႔ဖိုးဘဲလိုခ်င္တာတဲ့ေနာက္ေန႔စားဖို႔တဲ့ ခုက ဗိုက္ဝၿပီတဲ့ ခုန ထမင္းစားထားတယ္တဲ့။

ပုံ႔ကလဲ ဘယ္ရမလဲ သူတို႔ေလာက္ကေတာ့ ပ်င္းေတာင္ပ်င္းေသးတယ္ မုန္႔ဖိုးေတာ့ မေပးဘူးပိုက္ဆံရရင္ နင္တို႔က ေကာ္ရႈတာေပါ့ဒါနဲ႔ သူတို႔ကလဲ ဗိုက္ဝရင္ မရႈပါဘူးတဲ့ ပုံ႔လဲ ျပန္ျငင္းတာ ဟင္ နင္တို႔ ခုနေျပာေတာ့…ဗိုက္ဝေနၿပီဆိုလို႔…ဒီလိုနဲ႔ အျပန္အလွန္ ေမးၾကေျပာၾကတယ္ေပါ့…ပုံ႔လက္ထဲက အကင္ေလးေတြလဲေကြၽး စကားေတြလဲေျပာနဲ႔ ရင္းႏွီးလာတယ္ ေမးၾကည့္ေတာ့ အႀကီးေလးက မိဘေတြ မရွိေတာ့ဘူ

း အငယ္ေလးကေတာ့ ဖြားေအရွိေသးတယ္ ဒီလိုနဲ႔ ေကာ္ရႈတဲ့အေၾကာင္းေတြေျပာ ဆိုင္ခန္းေတြ ေဖာက္တဲ့အေၾကာင္းေတြေျပာနဲ႔ေျပာရင္း ပုံ႔လဲ ေတာင္းစားရတာ ရွက္စရာဆိုတဲ့အသိေလး သူတို႔ စိတ္ထဲ တျဖည္းျဖည္းသြင္းေပးတယ္ ေနာက္ သူတို႔ကို ပုံ႔ေခၚမယ္ ဘယ္လိုေက်ာင္းထားမယ္ ဘယ္လိုေနရမယ္ ဆြဲေဆာင္ တယ္ေပါ့ဒီလိုနဲ႔ ေျပာရင္း ေျပာရင္း အႀကီးေလးက

ပုံ႔ေခၚတဲ့ေနာက္ လိုက္မယ္တဲ့ အငယ္ေလးကလဲ လိုက္ခ်င္တယ္ သူ႔အဖြားေျပာေပးပါေပါ့ ဒါနဲ႔ ပုံ႔လဲ ပိုင္ပဟ ဆိုၿပီး သူတို႔ေနတဲ့ ေနရာေမး ေနာက္ေန႔ဆက္ဆက္လာေခၚမယ္လို႔ ေျပာၿပီး ျပန္ခဲ့တယ္ ေနာက္ေန႔ေရာက္ေတာ့ ဆိုင္ကယ္တစ္စီးဆြဲၿပီး ပုံ႔တေယာက္ထဲ အေၾကာက္အလန္႔မရွိ သူတို႔လိုလူေတြ ေနတဲ့ စုရပ္ျဖစ္တဲ့ ေက်ာက္ေတာ္ႀကီး ဘုရားဝင္းထဲသြားခဲ့တယ္ ကေလးေတြတင္မွတ္တာ ဟိုေရာက္ေတာ့ ႐ြာေတာင္တည္ လို႔ရတယ္ခ်က္ျပဳတ္ေနတဲ့လူေတြ ဖုန္ထဲ အိပ္ေနတဲ့လူေတြေရာအိုစုံလို႔ အ႐ြယ္စုံဘဲ ၃၀ ေလာက္ရွိတယ္။

ပုံ႔လဲ တေယာက္ထဲ ဝင္သြားၿပီး ေအာင္ႏိုင္ဦးေရာလို႔ သူ႔ကို ေမြးစားမလို႔ လိုက္မယ္ဆိုလို႔ လာေခၚတာလို႔အဲ့လိုေျပာေတာ့ အကုန္႐ုတ္႐ုတ္သဲသဲျဖစ္သြားၾကတယ္ မျဖစ္ခံႏိုင္ေရာလား ဒီလူႀကီးေတြက ဒီကေလးေလးေတြကို ေတာင္း စားခိုင္းေနၾကတဲ့ ေနာက္ကြယ္ကလက္မဲေတြေလ သူတို႔ စားခြက္ သြားလုသလိုျဖစ္တာေပါ့ အဲ့မွာသူတို႔ကလဲ ဘယ္ ကို ေခၚမွာ ဘာလို႔ ဘာညာေပါ့ပုံ႔လဲ

ရွင္းျပေပးတယ္အဲ့ခ်ိန္ ေအာင္ႏိုင္ဦးေလးက ထုံးစံအတိုင္း လက္ထဲ ေကာ္ဗူးတလုံးနဲ႔ ဆရာမ ဆိုၿပီး ေျပးထြက္လာတယ္သူလိုက္မယ္ဆိုၿပီး လူႀကီးေတြေျပာၿပီး ပုံ႔အနားကပ္ေနတယ္ဒါနဲ႔ ပုံ႔လဲ ေနာက္ လိုက္မယ့္ အေသးေလးေရာလို႔ေမးေတာ့ သူ႔အဖြားဆိုသူက ထြက္လာၿပီး မထည့္ႏိုင္ဘူး ဘာညာနဲ႔…ခိုင္းစားခ်င္တာေလ…ပုံ႔လဲ ကေလးကို ခိုင္းစားရမလားဆိုၿပီး စိတ္တိုတာနဲ႔ လူ ၃၀ နဲ႔ တစ္ေယာက္ မေၾကာက္မလန္႔ ရန္ျဖစ္ပလိုက္တယ္…

အကုန္တိုင္မယ္ေပါ့…ဒီကေလးက လိုက္ခ်င္ရဲ႕သားနဲ႔ မထည့္ရင္… ေတာင္းစားေနတာ ရွက္ဖို႔ေကာင္းေၾကာင္း ခင္ဗ်ားတို႔ အေကာင္းေတြနဲ႔ မရွက္လို႔ တသက္လုံးေတာင္းစားေနေပမဲ့…ကေလးေတြက မလုပ္ခ်င္ေတာ့တာကို အတင္းဆြဲမထားနဲ႔ မထည့္ရင္ တိုင္မယ္ေတာမယ္ ဘာညာၿဖဲေျခာက္ ၿပီး ေခၚလာလိုက္တယ္ဆိုင္ကယ္ဆီ လမ္းေလွ်ာက္သြားၾကရင္း ကေလးေလးႏွစ္ေယာက္ရဲ႕ ပုခုံးေလးေတြကိုဖက္ၿပီး

သားတို႔ အခု ေတာင္းစားတဲ့သူလဲ မဟုတ္ေတာ့ဘူး…ေလလြင့္ကေလးေလးေတြလဲ မဟုတ္ေတာ့ဘူး…ဒါေၾကာင့္ သားတို႔ ဆရာမနဲ႔လိုက္မယ္ဆို လက္ထဲက ေကာ္ဗူးေလးေတြ ပစ္လိုက္ေတာ့ဆိုေတာ့

သူတို႔ႏွစ္ေယာက္လုံး လက္ထဲက ေကာ္ဗူးေလးေတြက္ု ၿပိဳင္တူလႊင့္ပစ္ၿပီး ပုံ႔ ဆိုင္ကယ္က္ု ေရွ႕တေယာက္၊ ႏွစ္တေယာက္စီးၿပီး ဘဝအသစ္တစ္ခုဆီ အၿပီးလိုက္ခဲ့ပါေတာ့တယ္။

ယူနီကုတ္

တောင်းစားနေရင်း လမ်းဘေးရောက်ကာ ကော်ရှုကလေးငယ်တွေကို ခေါ်ယူမွေးစား လိမ္မာစေခဲ့တဲ့ ခိုလှုံရာရိပ်သာက ဆရာမလေး

ဘာဖြစ်ဖြစ် မလွှတ်ပါဘူးကွယ် ပုံ့ကို ဟိုးအရင်ထဲက သိတဲ့သူဆို ဒီကလေးလေးကို မှတ်မိကြပါလိမ့်မယ်မသိသေးတဲ့ လူတွေအတွက်ရယ်၊ ပရဟိတလုပ်ချင်လို့ ဘယ်လိုစလုပ်မလဲလို့ မေးတဲ့လူတွေအတွက်ရယ် ပုံ့သူတို့နဲ့ စတွေ့ဖြစ်ကြပုံလေးကို အကျဉ်းလေး ပြောပြမယ်လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၆ လောက်မှာ ကော်ရှုလေလွင့်နေကြတဲ့ ဒီကလေးတသိုက်နဲ့ ပုံ့ စတွေ့ခဲ့ပါတယ်။တွေ့ခဲ့တဲ့ နေရာက

ဘယ်မြို့မှာမဆို ဒီလို ကလေးတွေကျက်စားနေကျနေရာဖြစ်တဲ့ ဘူတာ ပုံ့က အဲ့ချိန်တုံးက ဆရာမလုပ်နေတဲ့အချိန်ညနေ ကျောင်းကပြန်တော့ ဗိုက်ဆာတာနဲ့ ဘူတာမှာ အကင်ဝယ်စားဖြစ်တယ်။ပုံ့အကျင့်က အစားဆို ရတာနဲ့ တန်းစားချင်တာ ဒါနဲ့ ကြက်ကင်ဆိုင်ဘေးက ခုံလေးမှာဘဲ မကျက်သေးတဲ့ အကင်တွေစောင့်ရင်း ကျက်တဲ့အကင်တွေ ထိုင်စားနေလိုက်တယ်။ခဏနေတော့ ထုံးစံအတိုင်းအသက်

၄ နှစ်အရွယ်တစ်ယောက်၊ ၆ နှစ်အရွယ်လောက်တစ်ယာက် လက်ထဲ ကော်ဗူးလေးတွေကိုင်ပြီး ရောက်လာပါပြီမကြီး သားကို မုန့်ဖိုးပေး ပုံ့အကျင့်ကလဲ တမျိုးဟင်းစားမပေးချင်ဘူးကွန်ချက်ပဲပြချင်တာ တောင်းတယ်၊ ပေးလိုက်တယ်၊ သုံးတယ်၊ ကုန်သွားတယ် အဲ့လို သံသရာလည်နေတာကို မကြိုက်ဘူး။ သူတို့ တောင်းရင်စားရမှန်းသိနေရင် လွယ်လွယ်ဘဲတောင်းနေတော့မယ်…တောင်းရတာ ရှက်စရာကောင်းမှန်းလဲ မသိတော့ဘူး။

ဒါနဲ့ ပုံ့ ပထမ တခွန်း၊ နှစ်ခွန်း မသိချင်ယောင်ဆောင်ပြီး ဆက်စားနေလိုက်တယ် အံမယ် ကိုယ်တော်က အနားလာထိုင်ပြီး လက်လေးကုတ်ပြီး အီးညှောင့်၊ အီးညှောင့် တောင်းတာဗျ။ ဒါနဲ့ ပုံ့လဲ မုန့်ဖိုးမပေးနိုင်ဘူးမုန့်စားမလား ဝယ်ကျွေးမယ်ပေါ့ ဘာပြန်ပြောတယ် ထင်လဲ မုန့်ဖိုးဘဲလိုချင်တာတဲ့နောက်နေ့စားဖို့တဲ့ ခုက ဗိုက်ဝပြီတဲ့ ခုန ထမင်းစားထားတယ်တဲ့။

ပုံ့ကလဲ ဘယ်ရမလဲ သူတို့လောက်ကတော့ ပျင်းတောင်ပျင်းသေးတယ် မုန့်ဖိုးတော့ မပေးဘူးပိုက်ဆံရရင် နင်တို့က ကော်ရှုတာပေါ့ဒါနဲ့ သူတို့ကလဲ ဗိုက်ဝရင် မရှုပါဘူးတဲ့ ပုံ့လဲ ပြန်ငြင်းတာ ဟင် နင်တို့ ခုနပြောတော့…ဗိုက်ဝနေပြီဆိုလို့…ဒီလိုနဲ့ အပြန်အလှန် မေးကြပြောကြတယ်ပေါ့…ပုံ့လက်ထဲက အကင်လေးတွေလဲကျွေး စကားတွေလဲပြောနဲ့ ရင်းနှီးလာတယ် မေးကြည့်တော့ အကြီးလေးက မိဘတွေ မရှိတော့ဘူ

း အငယ်လေးကတော့ ဖွားအေရှိသေးတယ် ဒီလိုနဲ့ ကော်ရှုတဲ့အကြောင်းတွေပြော ဆိုင်ခန်းတွေ ဖောက်တဲ့အကြောင်းတွေပြောနဲ့ပြောရင်း ပုံ့လဲ တောင်းစားရတာ ရှက်စရာဆိုတဲ့အသိလေး သူတို့ စိတ်ထဲ တဖြည်းဖြည်းသွင်းပေးတယ် နောက် သူတို့ကို ပုံ့ခေါ်မယ် ဘယ်လိုကျောင်းထားမယ် ဘယ်လိုနေရမယ် ဆွဲဆောင် တယ်ပေါ့ဒီလိုနဲ့ ပြောရင်း ပြောရင်း အကြီးလေးက

ပုံ့ခေါ်တဲ့နောက် လိုက်မယ်တဲ့ အငယ်လေးကလဲ လိုက်ချင်တယ် သူ့အဖွားပြောပေးပါပေါ့ ဒါနဲ့ ပုံ့လဲ ပိုင်ပဟ ဆိုပြီး သူတို့နေတဲ့ နေရာမေး နောက်နေ့ဆက်ဆက်လာခေါ်မယ်လို့ ပြောပြီး ပြန်ခဲ့တယ် နောက်နေ့ရောက်တော့ ဆိုင်ကယ်တစ်စီးဆွဲပြီး ပုံ့တယောက်ထဲ အကြောက်အလန့်မရှိ သူတို့လိုလူတွေ နေတဲ့ စုရပ်ဖြစ်တဲ့ ကျောက်တော်ကြီး ဘုရားဝင်းထဲသွားခဲ့တယ် ကလေးတွေတင်မှတ်တာ ဟိုရောက်တော့ ရွာတောင်တည် လို့ရတယ်ချက်ပြုတ်နေတဲ့လူတွေ ဖုန်ထဲ အိပ်နေတဲ့လူတွေရောအိုစုံလို့ အရွယ်စုံဘဲ ၃၀ လောက်ရှိတယ်။

ပုံ့လဲ တယောက်ထဲ ဝင်သွားပြီး အောင်နိုင်ဦးရောလို့ သူ့ကို မွေးစားမလို့ လိုက်မယ်ဆိုလို့ လာခေါ်တာလို့အဲ့လိုပြောတော့ အကုန်ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ် မဖြစ်ခံနိုင်ရောလား ဒီလူကြီးတွေက ဒီကလေးလေးတွေကို တောင်း စားခိုင်းနေကြတဲ့ နောက်ကွယ်ကလက်မဲတွေလေ သူတို့ စားခွက် သွားလုသလိုဖြစ်တာပေါ့ အဲ့မှာသူတို့ကလဲ ဘယ် ကို ခေါ်မှာ ဘာလို့ ဘာညာပေါ့ပုံ့လဲ

ရှင်းပြပေးတယ်အဲ့ချိန် အောင်နိုင်ဦးလေးက ထုံးစံအတိုင်း လက်ထဲ ကော်ဗူးတလုံးနဲ့ ဆရာမ ဆိုပြီး ပြေးထွက်လာတယ်သူလိုက်မယ်ဆိုပြီး လူကြီးတွေပြောပြီး ပုံ့အနားကပ်နေတယ်ဒါနဲ့ ပုံ့လဲ နောက် လိုက်မယ့် အသေးလေးရောလို့မေးတော့ သူ့အဖွားဆိုသူက ထွက်လာပြီး မထည့်နိုင်ဘူး ဘာညာနဲ့…ခိုင်းစားချင်တာလေ…ပုံ့လဲ ကလေးကို ခိုင်းစားရမလားဆိုပြီး စိတ်တိုတာနဲ့ လူ ၃၀ နဲ့ တစ်ယောက် မကြောက်မလန့် ရန်ဖြစ်ပလိုက်တယ်…

အကုန်တိုင်မယ်ပေါ့…ဒီကလေးက လိုက်ချင်ရဲ့သားနဲ့ မထည့်ရင်… တောင်းစားနေတာ ရှက်ဖို့ကောင်းကြောင်း ခင်ဗျားတို့ အကောင်းတွေနဲ့ မရှက်လို့ တသက်လုံးတောင်းစားနေပေမဲ့…ကလေးတွေက မလုပ်ချင်တော့တာကို အတင်းဆွဲမထားနဲ့ မထည့်ရင် တိုင်မယ်တောမယ် ဘာညာဖြဲခြောက် ပြီး ခေါ်လာလိုက်တယ်ဆိုင်ကယ်ဆီ လမ်းလျှောက်သွားကြရင်း ကလေးလေးနှစ်ယောက်ရဲ့ ပုခုံးလေးတွေကိုဖက်ပြီး

သားတို့ အခု တောင်းစားတဲ့သူလဲ မဟုတ်တော့ဘူး…လေလွင့်ကလေးလေးတွေလဲ မဟုတ်တော့ဘူး…ဒါကြောင့် သားတို့ ဆရာမနဲ့လိုက်မယ်ဆို လက်ထဲက ကော်ဗူးလေးတွေ ပစ်လိုက်တော့ဆိုတော့

သူတို့နှစ်ယောက်လုံး လက်ထဲက ကော်ဗူးလေးတွေက်ု ပြိုင်တူလွှင့်ပစ်ပြီး ပုံ့ ဆိုင်ကယ်က်ု ရှေ့တယောက်၊ နှစ်တယောက်စီးပြီး ဘဝအသစ်တစ်ခုဆီ အပြီးလိုက်ခဲ့ပါတော့တယ်။

About the author

fella

Leave a Comment