ေခါင္းကို ေသနတ္ဒင္နဲ႔ လႊဲရိုက္ခံရတယ္။ဘာလို႔လဲဆိုေတာ့လူနာတင္ကားေမာင္းလို႔တဲ့။အရွင္လတ္လတ္ မီးရွို႔သတ္ခံရတယ္။ဘာလို႔လဲဆိုေတာ့ ကင္းေစာင့္လို႔တဲ့။………….

ေခါင္းတည့္တည့္ကို ခ်ိန္ၿပီး ပစ္သတ္ခံရတယ္။ဘာလို႔လဲဆိုေတာ့ သူ႔နားက ပုံရက္လဲက်သြားတဲ့ လူနာတစ္ေယာက္ကို ကယ္ဖို႔လုပ္လို႔တဲ့။ ကေလးသုံးေယာက္အေမ ေခါင္းတည့္တည့္ပဲ အနီးကပ္ ပစ္သတ္ခံရတယ္။ ဘာလို႔လဲဆိုေတာ့ ေျပးလာတဲ့လူေတြကို ဖြက္ထားၿပီး မလုပ္ၾကပါနဲ႔ သားတို႔ရယ္လို႔ သူတို႔ကို ေတာင္းပန္လို႔တဲ့။ အေပၚကလူေတြက လမ္းေပၚထြက္ေနတာကိုး ကိုယ့္အိမ္ထဲမွ ကိုယ္မေနတာကိုး ဆိုၿပီး ဒုစရိုက္မႈကို လမ္းေၾကာင္းလႊဲခ်င္ၾကေသးတယ္လား။ ဒါဆိုရင္ ကေလးေလးတစ္ေယာက္ရဲ့ ႏွလုံးတည့္တည့္ေနရာ အပစ္ခံရတယ္။

ဘာလို႔လဲဆိုေတာ့ သူ႔အိမ္သူ တံခါးေသာ့ခတ္လို႔တဲ့။ ေနာက္တစ္ေယာက္က သူ႔အေမေသာက္ဖို႔ ေရသြားခပ္လို႔တဲ့။ ေနာက္တစ္ေယာက္က သူ႔အေဖရင္ခြင္ထဲမွာ ေၾကာက္ၿပီးငိုေနလို႔တဲ့ ။ ေနာက္ထပ္ ၁၄ ႏွစ္သားေလးကေတာ့ နိုင္ငံေတာ္အတြက္ အရမ္းအႏၲရာယ္ရွိေနလို႔ထင္ပါတယ္ ။ ေသနတ္ဒဏ္ရာနဲ႔ တြန္႔လိမ္ေနတုန္းမွာပဲ ကားေပၚဆြဲတင္သြားခံရတယ္။ ဘာလို႔ မွန္းလဲ မသိ ဘယ္ေရာက္ေနမွန္း လဲမသိ ေသလားရွင္လား အသုဘက ခ်ရမွာလား မခ်ရဘူလားလဲမသိ အေလာင္းရွိသည္ ကိုယ့္သားသမီး ကိုယ္ထိန္းပါဆိုတဲ့

စာကို ေတြ႕ရေတာ့ အက္ကြဲကြဲနဲ႔ ဟက္ဟက္ပက္ပက္ ရယ္ခ်မိတယ္။ ဟုတ္ပါၿပီ ငါတို႔ကေလးေတြကို လမ္းေပၚမထြက္ေအာင္ မင္းတို႔ကို မဆန္႔က်င္ေအာင္ အေမေသာက္ဖို႔ ေရေတာင္ ထ မခပ္ေအာင္ ၊ကိုယ့္အိမ္ကို ေသာ့ထ မခတ္ေအာင္ ၊တခုခုဆို အေဖ့ရင္ခြင္ထဲ မေျပးေအာင္ ထိန္းပါမယ္။ သူ႔ဖာသာသူ စားဝတ္ေနေရးအတြက္ ေဈးေရာင္းေနသူေတြကို ဖမ္းတယ္ ရိုက္တယ္။ သူ႔လမ္းသူ သြားေနသူေတြကို လွမ္းပစ္တယ္။ ရွင္းရွင္းေျပာရရင္ လူသတ္တယ္ ။ ပစၥည္းခိုး ဓားျပတိုက္ ဖ်က္စီး ႏွိပ္စက္ ဆဲဆို ရမ္းကား ကေလးသတ္ အေလာင္းခိုးေနတဲ့

လူေတြကိုေရာဘယ္မိဘက ထိန္းမွာလဲ။ အဲဒီလို မတရား လုပ္ေနသူေတြမွာေရာထိန္းစရာ မိဘ ေရာ ရွိၾကလား။ ပုံမွန္ လူအေမနဲ႔အေဖက ေမြးလာတာေရာ ဟုတ္ၾကရဲ့လား။ ဒီလိုလူေတြက လူသတ္တာ ၊ခိုးတာ၊ လုတာ‌ေတြ သက္သအခိုင္အမာ ရွိေနရဲ့နဲ႔ ငါတို႔ဖက္ကေန တရားေရာ စြဲလို႔ရလား။ မင္းတို႔ ဖက္က အဓမၼ လုပ္ေနတာေတြကိုေရာ မင္းတို႔ အေရးယူလို႔လား။ လက္နက္ကိုင္ၿပီးမွ အၾကမ္းဖက္ လုယက္ သတ္ျဖတ္ေနတဲ့မင္းတို႔ေၾကာင့္နိုင္ငံရဲ့ ျဖစ္ပ်က္ေနတဲ့ အျဖစ္မွန္ေတြကို ျမင္ေအာင္ၾကည့္ပါ။

ေအးေျပာခ်င္တာကေတာ့ငါတို႔ လုပ္ေဆာင္မႈ႔ေတြဟာ အဓမၼ အနိုင္က်င့္တာ ကို အလိုမရွိလို႔ အမွန္တရားအတြက္ ရပ္တည္ လုပ္ကိုင္ေနတာပဲ။ အဓမၼကို ဆန႔္က်င္ရင္းလြတ္လပ္မၽွတမႈအတြက္ တိုက္ပြဲဝင္ေနၾကတယ္ ဆိုတာေတာ့ မင္းတို႔ သိပါေစ။

crd-Atm🐉

ယူနီကုတ္

ခေါင်းကို သေနတ်ဒင်နဲ့ လွှဲရိုက်ခံရတယ်။ဘာလို့လဲဆိုတော့လူနာတင်ကားမောင်းလို့တဲ့။အရှင်လတ်လတ် မီးရှို့သတ်ခံရတယ်။ဘာလို့လဲဆိုတော့ ကင်းစောင့်လို့တဲ့။………….

ခေါင်းတည့်တည့်ကို ချိန်ပြီး ပစ်သတ်ခံရတယ်။ဘာလို့လဲဆိုတော့ သူ့နားက ပုံရက်လဲကျသွားတဲ့ လူနာတစ်ယောက်ကို ကယ်ဖို့လုပ်လို့တဲ့။ ကလေးသုံးယောက်အမေ ခေါင်းတည့်တည့်ပဲ အနီးကပ် ပစ်သတ်ခံရတယ်။ ဘာလို့လဲဆိုတော့ ပြေးလာတဲ့လူတွေကို ဖွက်ထားပြီး မလုပ်ကြပါနဲ့ သားတို့ရယ်လို့ သူတို့ကို တောင်းပန်လို့တဲ့။ အပေါ်ကလူတွေက လမ်းပေါ်ထွက်နေတာကိုး ကိုယ့်အိမ်ထဲမှ ကိုယ်မနေတာကိုး ဆိုပြီး ဒုစရိုက်မှုကို လမ်းကြောင်းလွှဲချင်ကြသေးတယ်လား။ ဒါဆိုရင် ကလေးလေးတစ်ယောက်ရဲ့ နှလုံးတည့်တည့်နေရာ အပစ်ခံရတယ်။

ဘာလို့လဲဆိုတော့ သူ့အိမ်သူ တံခါးသော့ခတ်လို့တဲ့။ နောက်တစ်ယောက်က သူ့အမေသောက်ဖို့ ရေသွားခပ်လို့တဲ့။ နောက်တစ်ယောက်က သူ့အဖေရင်ခွင်ထဲမှာ ကြောက်ပြီးငိုနေလို့တဲ့ ။ နောက်ထပ် ၁၄ နှစ်သားလေးကတော့ နိုင်ငံတော်အတွက် အရမ်းအန္တရာယ်ရှိနေလို့ထင်ပါတယ် ။ သေနတ်ဒဏ်ရာနဲ့ တွန့်လိမ်နေတုန်းမှာပဲ ကားပေါ်ဆွဲတင်သွားခံရတယ်။ ဘာလို့ မှန်းလဲ မသိ ဘယ်ရောက်နေမှန်း လဲမသိ သေလားရှင်လား အသုဘက ချရမှာလား မချရဘူလားလဲမသိ အလောင်းရှိသည် ကိုယ့်သားသမီး ကိုယ်ထိန်းပါဆိုတဲ့

စာကို တွေ့ရတော့ အက်ကွဲကွဲနဲ့ ဟက်ဟက်ပက်ပက် ရယ်ချမိတယ်။ ဟုတ်ပါပြီ ငါတို့ကလေးတွေကို လမ်းပေါ်မထွက်အောင် မင်းတို့ကို မဆန့်ကျင်အောင် အမေသောက်ဖို့ ရေတောင် ထ မခပ်အောင် ၊ကိုယ့်အိမ်ကို သော့ထ မခတ်အောင် ၊တခုခုဆို အဖေ့ရင်ခွင်ထဲ မပြေးအောင် ထိန်းပါမယ်။ သူ့ဖာသာသူ စားဝတ်နေရေးအတွက် ဈေးရောင်းနေသူတွေကို ဖမ်းတယ် ရိုက်တယ်။ သူ့လမ်းသူ သွားနေသူတွေကို လှမ်းပစ်တယ်။ ရှင်းရှင်းပြောရရင် လူသတ်တယ် ။ ပစ္စည်းခိုး ဓားပြတိုက် ဖျက်စီး နှိပ်စက် ဆဲဆို ရမ်းကား ကလေးသတ် အလောင်းခိုးနေတဲ့

လူတွေကိုရောဘယ်မိဘက ထိန်းမှာလဲ။ အဲဒီလို မတရား လုပ်နေသူတွေမှာရောထိန်းစရာ မိဘ ရော ရှိကြလား။ ပုံမှန် လူအမေနဲ့အဖေက မွေးလာတာရော ဟုတ်ကြရဲ့လား။ ဒီလိုလူတွေက လူသတ်တာ ၊ခိုးတာ၊ လုတာ‌တွေ သက်သအခိုင်အမာ ရှိနေရဲ့နဲ့ ငါတို့ဖက်ကနေ တရားရော စွဲလို့ရလား။ မင်းတို့ ဖက်က အဓမ္မ လုပ်နေတာတွေကိုရော မင်းတို့ အရေးယူလို့လား။ လက်နက်ကိုင်ပြီးမှ အကြမ်းဖက် လုယက် သတ်ဖြတ်နေတဲ့မင်းတို့ကြောင့်နိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့ အဖြစ်မှန်တွေကို မြင်အောင်ကြည့်ပါ။

အေးပြောချင်တာကတော့ငါတို့ လုပ်ဆောင်မှု့တွေဟာ အဓမ္မ အနိုင်ကျင့်တာ ကို အလိုမရှိလို့ အမှန်တရားအတွက် ရပ်တည် လုပ်ကိုင်နေတာပဲ။ အဓမ္မကို ဆန့်ကျင်ရင်းလွတ်လပ်မျှတမှုအတွက် တိုက်ပွဲဝင်နေကြတယ် ဆိုတာတော့ မင်းတို့ သိပါစေ။

crd-Atm🐉

Leave a Comment

Your email address will not be published. Required fields are marked *