ဥစၥာေစာင့္နဲ႔ ပိုတူလာၿပီး လုပ္ကြက္ေပ်ာက္ေတာ့မယ့္ ျမန္မာျပည္က ခ႐ိုနီ သူေဌးႀကီးေတြႏွင့္ ေျပာင္းလဲလာတဲ့ ေငြရွာနည္း ပုံစံမ်ား

ဥစၥာေစာင့္နဲ႔ ပိုတူလာၿပီး လုပ္ကြက္ေပ်ာက္ေတာ့မယ့္ ျမန္မာျပည္က ခ႐ိုနီ သူေဌးႀကီးေတြႏွင့္ ေျပာင္းလဲလာတဲ့ ေငြရွာနည္း ပုံစံမ်ား

ကမာၻေပၚက သူေဌးေတြနဲ႔ ႏႈိင္းယွဥ္ရင္ ျမန္မာျပည္က သူေဌးေတြက income rich ဝင္ေငြအရ ခ်မ္းသာတာ မဟုတ္ၾကပါဘူး။ ပိုင္ဆိုင္မူအရခ်မ္းသာတာ property rich ပါ။ ဒါကလည္း ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္းမွာ အိမ္ေျမေစ်း အရမ္းတက္ၿပီး ခ်မ္းသာသြားၾကတာပါ။ ျမန္မာျပည္က သူေဌး အမ်ားစုရဲ႕ စည္းစိမ္တန္ဖိုး ၉၀ရာခိုင္ႏႈန္းက သူတို႔ ကိုယ္တိုင္ရွာတာ မဟုတ္ပါဘူး။ ေဈးတက္သြားလို႔ပါ။

ဒီလို ခ်မ္းသာသြားတာကို မုဒိတာပြားႏိုင္ေပမဲ့ တိုင္းျပည္အတြက္ လုံးဝမေကာင္းဘူးဆိုတာ သိေစခ်င္ပါတယ္။ အဲဒီလူေတြခ်မ္းသာသြားတယ္လို႔ ေျပာႏိုင္တာထက္ တႏိုင္ငံလုံးက က်န္တဲ့သူေတြ အိမ္ေျမ မဝယ္ႏိုင္ေတာ့တဲ့အတြက္ မြဲသြားတယ္လို႔ ေျပာရင္ပိုမွန္ပါတယ္။ အိမ္ၿခံေျမသမားေတြက ဓနခြဲေဝမူ နည္းတတ္ပါတယ္။ အလုပ္အကိုင္လဲ မဖန္တီးေပးႏိုင္ပါဘူး။

ေနာက္ၿပီး ထုတ္ကုန္တခုခုလည္း မထုတ္တတ္ပါဘူး။ ေနာက္ၿပီး property rich ေတြက ပိုခ်မ္းသာၾကတဲ့အတြက္ သူတို႔က သုံးစရာရွိရင္ ႏိုင္ငံျခားထြက္ ၿပီးသုံးၾကပါတယ္။ ဥပမာ ႏိုင္ငံထြက္ၿပီး shopping သြားတာမ်ိဳး အလည္သြားတာမ်ိဳး ေဆးကုတာမ်ိဳး ကေလးေက်ာင္းထားတာမ်ိဳးပါ။ ဒါေၾကာင့္ သူတို႔ခ်မ္းသာတာကလြဲရင္ ႏိုင္ငံထဲမွာ တျခားလူကို အႏၲရာယ္ပိုျဖစ္ေစပါတယ္။

ကိုယ္တိုင္ကလည္း ၾကာေလ ဥစၥာေစာင့္နဲ႔ ပိုတူလာေလပါ။ income rich ကေတာ့ အလုပ္ကိုင္သစ္ ဖန္တီးေပးတတ္ပါတယ္။ ဓနခြဲေဝမူလည္းျဖစ္ပါတယ္။ ထုတ္ကုန္လည္းထုတ္ပါတယ္။ ဒါေၾကာင့္ ကာယကံရွင္ေရာ အလုပ္သမားေရာ ႏိုင္ငံေရာ ေကာင္းပါတယ္။ ႏိုင္ငံစီးပြားလည္းတက္ေစပါတယ္။ income rich က ျမန္မာျပည္မွာ နဲပါတယ္။

တႏွစ္ကို ေဒၚလာ ၁ သန္းအထက္ ဝင္ေငြရွိတဲ့လူ ကမာၻေပၚမွာ လူ တသန္းေလာက္ရွိပါတယ္။ လူ ၇၀၀၀ ၈၀၀၀ မွာ တေယာက္ဆိုပါေတာ့ ျမန္မာျပည္မွာေတာ့ လြန္ေရာ ကြၽံေရာ လူ ၄၀၀၀၊ ၅၀၀၀ ထက္မပိုႏိုင္ပါဘူး။ လူ တေသာင္းမွာ တေယာက္ႏႈန္းထက္ နည္းႏိုင္ပါတယ္။ ရန္ကုန္လို ၿမိဳ႕ႀကီးမွာ ဘြဲ႕ရ လုပ္သက္ ႏွစ္ႏွစ္ရွိတဲ့ လူငယ္ အမ်ားစု ရဲ႕ ဝင္ေငြက တလကို ၅ သိန္းေအာက္မွာဘဲ ရွိပါေသးတယ္။

အခု ျမန္မာႏိုင္ငံမွာ တရားဝင္ ထုတ္ျပန္ေၾကညာတာမ်ိဳးမရွိေပမဲ့ အၿမဲေနၿပီးစီးပြားေရးလုပ္ေနတဲ့ ႏိုင္ငံျခားသားေတြ သိန္းဂဏန္းရွိေနပါၿပီ။ ကန္႔သတ္ထားတဲ့ လုပ္ငန္းကလြဲၿပီး လုပ္ငန္းေပါင္းစုံ လုပ္ေနပါၿပီ။ ေဘာလုံးသမား၊ အဂၤလိပ္စာဆရာ၊ ေဆာက္လုပ္ေရးက အလုပ္ၾကမ္းသမားက စၿပီး ကိုယ္ပိုင္လုပ္ငန္းမ်ိဳးစုံ ဥပမာ ဆံပင္ညႇပ္ဆိုင္ စားေသာက္ဆိုင္ ကုမၸဏီ စက္႐ုံ မ်ိဳးစုံပါ။ အဲဒီလူေတြက ႏိုင္ငံတကာက အေတြ႕အႀကဳံ နည္းပညာ အဆက္အသြယ္ ပိုရွိၿပီး အရင္းအႏွီးပိုၾကပါတယ္။ ဒါအျပင္ အရမ္းႀကိဳးစားၾကပါတယ္။

လုပ္သက္ အေတြ႕အႀကဳံရွိတဲ့ လူငယ္ေတြကို တလ ၅ သိန္း ေက်ာ္ေအာင္ေပးခန္႔ေနတဲ့ လုပ္ငန္းရွင္ေတြက အဲဒီ ႏိုင္ငံျခားသားေတြျဖစ္ေနပါၿပီ။ SME small and median enterprises လုပ္ေနတဲ့ ျမန္မာႏိုင္ငံသား အေဖအေမေတြက သားသမီးေတြအတြက္ တည္ၿငိမ္တဲ့ အလုပ္ မဖန္တီးေပးႏိုင္ေတာ့ပါဘူး။ သားသမီးေတာ္ေတာ္မ်ားမ်ားက ဝန္ထမ္း စျဖစ္ေနပါၿပီ။

ေစ်းကြက္အေနအထား ေသခ်ာ မေလ့လာႏိုင္တဲ့ ျမန္မာသူေဌးမ်ားလည္း လုပ္ကြက္ေပ်ာက္ေတာ့မွာပါ။ ဥပမာ – အိမ္ေျမဆိုပါေတာ့ ကြန္ဒို တလုံးေဆာက္မယ္၊ အဆင့္ျမင့္အိမ္ယာစီမံကိန္းက ေဖာ္ထုတ္မယ္၊ ပုဂၢလိကစက္မူဇုံ ေဖာ္ထုတ္မယ္။ နမူနာေတာ့ မေျပာေတာ့ပါဘူး။ ၿပီးေတာ့ ျမန္မာႏိုင္ငံသားေတြ ဝယ္ယူႏိုင္ဖို႔ လက္ေတြ႕မက်တဲ့ ေစ်းႏႈန္းေခၚၿပီး မေရာင္းဘဲထားၿပီး ထိုင္ေစာင့္ၾကမွာ ျမန္မာသူေဌးေတြပါ။

ေဈးကြက္ ရွိမရွိ မေလ့လာဘဲ ေဆာက္ခဲ့ပါတယ္။ ႏိုင္ငံျခားသားေတြေတာ့ အေရာင္းအဝယ္ျဖစ္ႏိုင္မဲ့ ေစ်းႏႈန္း ဒါမွမဟုတ္ နည္းလမ္းေတြတခါထဲရွာလာၿပီး ေရာင္းထြက္ေအာင္ အလုပ္ျဖစ္ေအာင္ လုပ္သြားမွာပါ။

( နမူနာ ေပးရရင္ သီလဝါ စက္မူဇုံပါ။ အရမ္းေကာင္းပါတယ္။) တခုခ်င္းမွာ အျမတ္မ်ားမ်ားတင္ေရာင္းထက္ အေရအတြက္မ်ားမ်ား ကို အျမတ္နည္းနည္းနဲ႔ ေရာင္းတာမ်ိဳး ဝန္ေဆာင္မူ ပိုေပးတာမ်ိဳး ေဖာက္သည္ရွိတဲ့ေနရာ အထိ လိုက္ေရာင္းတာမ်ိဳး လုပ္လာၾကေတာ့မွာပါ။ ဘဏ္ေတြဆိုရင္လည္း တကယ္ အလုပ္လုပ္မဲ့ လုပ္ငန္းရွင္ေတြကို ထုတ္ေခ်းေပးတာမ်ိဳး လုပ္ရေတာ့မွာပါ။

အခုအခ်ိန္မွာေတာ့ ျမန္မာျပည္က ဘဏ္သူေဌးက လာအပ္တဲ့ေငြေတြကို နီးစပ္သူေတြနဲ႔ သူတို႔ ကိုယ္ပိုင္လုပ္ငန္းေတြလုပ္ဖို႔ ကိုယ့္ဖာသာကိုယ္ဘဲျပန္ေခ်းတာပါ။ အျပင္လုပ္ငန္းရွင္ေတြကို ေခ်းေပးတာမ်ိဳး အရမ္းနည္းပါတယ္။ အၾကမ္းအားျဖင့္ေတာ့ အိမ္ၿခံေျမနဲ႔ခ်မ္းသာလာတဲ့ ျမန္မာသူေဌးေတြက income rich ျဖစ္ေအာင္ မလုပ္ရင္ ေရရွည္ရပ္တည္ဖို႔ ခက္သြားပါလိမ့္မယ္။

အစိုးရကလည္း ႏိုင္ငံအတြက္ productive ျဖစ္ေအာင္ မလုပ္တဲ့သူကိုေတာ့ ဆက္ထားမယ္ မထင္ပါဘူး။ ၂၀၁၅ NLD အစိုးရ တက္လာၿပီး စီးပြားေရးလုပ္ငန္းေတြကို စည္းကမ္းၾကပ္မတ္ခဲ့ၿပီး ေနာက္ပိုင္း ပုဂၢလိကစီးပြားေရး လုပ္ငန္းေတြ ဆက္တိုက္ က်ဆင္းလာၿပီးေနာက္ ျမန္မာႏိုင္ငံမွာ သူေဌးရာထူး အေျပာင္းအလဲ အေတာ္ျဖစ္ခဲ့ပါတယ္။ ႏိုင္ငံအတြက္ မိမိရဲ႕ လူမူအဖြဲ႕အစည္းအတြက္ productive ျဖစ္ေအာင္ မလုပ္ႏိုင္တဲ့ သူေဌးေတြက ေနာက္ကို တေျဖးေျဖးေရာက္သြားၿပီး productive ျဖစ္ေအာင္ လုပ္ႏိုင္တဲ့ သူေဌးေတြက ေရွ႕ကို ပိုေရာက္လာပါတယ္။

ေဈးကစားၿပီး ခ်မ္းသာခဲ့တဲ့ သူေဌးေတြေတာ့ လာမဲ့တႏွစ္ ႏွစ္ႏွစ္အတြင္းမွာ ပိုၾကပ္တည္းလာႏိုင္ပါတယ္။ ဘဏ္ေတြက တရားစြဲတာ မျဖစ္မေန ခံၾကရေတာ့မွာပါ။ ႏိုင္ငံတကာကေန ပညာသင္၊ အလုပ္လုပ္ခဲ့တဲ့ လူငယ္အမ်ားအျပားဟာ ျမန္မာျပည္ ျပန္ေရာက္လာၾကၿပီး ( စကၤာပူ က professional and semi professional အဆင့္ လူငယ္ အမ်ားစု ျမန္မာျပည္ ျပန္ေရာက္ေနပါၿပီ။) စီးပြားေရး နယ္ပယ္အသီးသီးမွာ ဝင္ေရာက္လုပ္ကိုင္ေနၾကၿပီး သိပ္မၾကာခင္မွာ ျမန္မာျပည္ရဲ႕ သန္းႂကြယ္စာရင္းမွာ အမ်ားအျပားပါဝင္လာဖို႔ ရွိပါတယ္။

သူေဌး ဒုတိယမ်ိဳးဆက္ျဖစ္ခဲ့ရင္ေတာ့ ေဒၚလာ သန္း ၃၀ အထက္ ခ်မ္းသာတဲ့ သူေဌးႀကီး အဆင့္ ျဖစ္ဖို႔ရွိေနပါတယ္။ သူေဌးေလာင္းအသစ္ေတြ က လုပ္ငန္းနယ္ပယ္အသစ္ေတြ လုပ္ၾကေတာ့မွာမို႔ သူတို႔ကို အုပ္ခ်ဳပ္မဲ့ လူငယ္အစိုးရ အရာရွိေတြကို အျမန္လဲဖို႔ လိုေနပါၿပီ။ ဝန္ႀကီးလို ေနရာမ်ိဳးေတြကို လူငယ္ေတြ အျမန္ေပးဖို႔ လိုေနပါတယ္။

CRD_U တင္စိန္

ယူနီကုတ္

ဥစ္စာစောင့်နဲ့ ပိုတူလာပြီး လုပ်ကွက်ပျောက်တော့မယ့် မြန်မာပြည်က ခရိုနီ သူဌေးကြီးတွေနှင့် ပြောင်းလဲလာတဲ့ ငွေရှာနည်း ပုံစံများ

ကမ္ဘာပေါ်က သူဌေးတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာပြည်က သူဌေးတွေက income rich ဝင်ငွေအရ ချမ်းသာတာ မဟုတ်ကြပါဘူး။ ပိုင်ဆိုင်မူအရချမ်းသာတာ property rich ပါ။ ဒါကလည်း ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အိမ်မြေဈေး အရမ်းတက်ပြီး ချမ်းသာသွားကြတာပါ။ မြန်မာပြည်က သူဌေး အများစုရဲ့ စည်းစိမ်တန်ဖိုး ၉၀ရာခိုင်နှုန်းက သူတို့ ကိုယ်တိုင်ရှာတာ မဟုတ်ပါဘူး။ ဈေးတက်သွားလို့ပါ။

ဒီလို ချမ်းသာသွားတာကို မုဒိတာပွားနိုင်ပေမဲ့ တိုင်းပြည်အတွက် လုံးဝမကောင်းဘူးဆိုတာ သိစေချင်ပါတယ်။ အဲဒီလူတွေချမ်းသာသွားတယ်လို့ ပြောနိုင်တာထက် တနိုင်ငံလုံးက ကျန်တဲ့သူတွေ အိမ်မြေ မဝယ်နိုင်တော့တဲ့အတွက် မွဲသွားတယ်လို့ ပြောရင်ပိုမှန်ပါတယ်။ အိမ်ခြံမြေသမားတွေက ဓနခွဲဝေမူ နည်းတတ်ပါတယ်။ အလုပ်အကိုင်လဲ မဖန်တီးပေးနိုင်ပါဘူး။

နောက်ပြီး ထုတ်ကုန်တခုခုလည်း မထုတ်တတ်ပါဘူး။ နောက်ပြီး property rich တွေက ပိုချမ်းသာကြတဲ့အတွက် သူတို့က သုံးစရာရှိရင် နိုင်ငံခြားထွက် ပြီးသုံးကြပါတယ်။ ဥပမာ နိုင်ငံထွက်ပြီး shopping သွားတာမျိုး အလည်သွားတာမျိုး ဆေးကုတာမျိုး ကလေးကျောင်းထားတာမျိုးပါ။ ဒါကြောင့် သူတို့ချမ်းသာတာကလွဲရင် နိုင်ငံထဲမှာ တခြားလူကို အန္တရာယ်ပိုဖြစ်စေပါတယ်။

ကိုယ်တိုင်ကလည်း ကြာလေ ဥစ္စာစောင့်နဲ့ ပိုတူလာလေပါ။ income rich ကတော့ အလုပ်ကိုင်သစ် ဖန်တီးပေးတတ်ပါတယ်။ ဓနခွဲဝေမူလည်းဖြစ်ပါတယ်။ ထုတ်ကုန်လည်းထုတ်ပါတယ်။ ဒါကြောင့် ကာယကံရှင်ရော အလုပ်သမားရော နိုင်ငံရော ကောင်းပါတယ်။ နိုင်ငံစီးပွားလည်းတက်စေပါတယ်။ income rich က မြန်မာပြည်မှာ နဲပါတယ်။

တနှစ်ကို ဒေါ်လာ ၁ သန်းအထက် ဝင်ငွေရှိတဲ့လူ ကမ္ဘာပေါ်မှာ လူ တသန်းလောက်ရှိပါတယ်။ လူ ၇၀၀၀ ၈၀၀၀ မှာ တယောက်ဆိုပါတော့ မြန်မာပြည်မှာတော့ လွန်ရော ကျွံရော လူ ၄၀၀၀၊ ၅၀၀၀ ထက်မပိုနိုင်ပါဘူး။ လူ တသောင်းမှာ တယောက်နှုန်းထက် နည်းနိုင်ပါတယ်။ ရန်ကုန်လို မြို့ကြီးမှာ ဘွဲ့ရ လုပ်သက် နှစ်နှစ်ရှိတဲ့ လူငယ် အများစု ရဲ့ ဝင်ငွေက တလကို ၅ သိန်းအောက်မှာဘဲ ရှိပါသေးတယ်။

အခု မြန်မာနိုင်ငံမှာ တရားဝင် ထုတ်ပြန်ကြေညာတာမျိုးမရှိပေမဲ့ အမြဲနေပြီးစီးပွားရေးလုပ်နေတဲ့ နိုင်ငံခြားသားတွေ သိန်းဂဏန်းရှိနေပါပြီ။ ကန့်သတ်ထားတဲ့ လုပ်ငန်းကလွဲပြီး လုပ်ငန်းပေါင်းစုံ လုပ်နေပါပြီ။ ဘောလုံးသမား၊ အင်္ဂလိပ်စာဆရာ၊ ဆောက်လုပ်ရေးက အလုပ်ကြမ်းသမားက စပြီး ကိုယ်ပိုင်လုပ်ငန်းမျိုးစုံ ဥပမာ ဆံပင်ညှပ်ဆိုင် စားသောက်ဆိုင် ကုမ္ပဏီ စက်ရုံ မျိုးစုံပါ။ အဲဒီလူတွေက နိုင်ငံတကာက အတွေ့အကြုံ နည်းပညာ အဆက်အသွယ် ပိုရှိပြီး အရင်းအနှီးပိုကြပါတယ်။ ဒါအပြင် အရမ်းကြိုးစားကြပါတယ်။

လုပ်သက် အတွေ့အကြုံရှိတဲ့ လူငယ်တွေကို တလ ၅ သိန်း ကျော်အောင်ပေးခန့်နေတဲ့ လုပ်ငန်းရှင်တွေက အဲဒီ နိုင်ငံခြားသားတွေဖြစ်နေပါပြီ။ SME small and median enterprises လုပ်နေတဲ့ မြန်မာနိုင်ငံသား အဖေအမေတွေက သားသမီးတွေအတွက် တည်ငြိမ်တဲ့ အလုပ် မဖန်တီးပေးနိုင်တော့ပါဘူး။ သားသမီးတော်တော်များများက ဝန်ထမ်း စဖြစ်နေပါပြီ။

ဈေးကွက်အနေအထား သေချာ မလေ့လာနိုင်တဲ့ မြန်မာသူဌေးများလည်း လုပ်ကွက်ပျောက်တော့မှာပါ။ ဥပမာ – အိမ်မြေဆိုပါတော့ ကွန်ဒို တလုံးဆောက်မယ်၊ အဆင့်မြင့်အိမ်ယာစီမံကိန်းက ဖော်ထုတ်မယ်၊ ပုဂ္ဂလိကစက်မူဇုံ ဖော်ထုတ်မယ်။ နမူနာတော့ မပြောတော့ပါဘူး။ ပြီးတော့ မြန်မာနိုင်ငံသားတွေ ဝယ်ယူနိုင်ဖို့ လက်တွေ့မကျတဲ့ ဈေးနှုန်းခေါ်ပြီး မရောင်းဘဲထားပြီး ထိုင်စောင့်ကြမှာ မြန်မာသူဌေးတွေပါ။

ဈေးကွက် ရှိမရှိ မလေ့လာဘဲ ဆောက်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေတော့ အရောင်းအဝယ်ဖြစ်နိုင်မဲ့ ဈေးနှုန်း ဒါမှမဟုတ် နည်းလမ်းတွေတခါထဲရှာလာပြီး ရောင်းထွက်အောင် အလုပ်ဖြစ်အောင် လုပ်သွားမှာပါ။

( နမူနာ ပေးရရင် သီလဝါ စက်မူဇုံပါ။ အရမ်းကောင်းပါတယ်။) တခုချင်းမှာ အမြတ်များများတင်ရောင်းထက် အရေအတွက်များများ ကို အမြတ်နည်းနည်းနဲ့ ရောင်းတာမျိုး ဝန်ဆောင်မူ ပိုပေးတာမျိုး ဖောက်သည်ရှိတဲ့နေရာ အထိ လိုက်ရောင်းတာမျိုး လုပ်လာကြတော့မှာပါ။ ဘဏ်တွေဆိုရင်လည်း တကယ် အလုပ်လုပ်မဲ့ လုပ်ငန်းရှင်တွေကို ထုတ်ချေးပေးတာမျိုး လုပ်ရတော့မှာပါ။

အခုအချိန်မှာတော့ မြန်မာပြည်က ဘဏ်သူဌေးက လာအပ်တဲ့ငွေတွေကို နီးစပ်သူတွေနဲ့ သူတို့ ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ဖို့ ကိုယ့်ဖာသာကိုယ်ဘဲပြန်ချေးတာပါ။ အပြင်လုပ်ငန်းရှင်တွေကို ချေးပေးတာမျိုး အရမ်းနည်းပါတယ်။ အကြမ်းအားဖြင့်တော့ အိမ်ခြံမြေနဲ့ချမ်းသာလာတဲ့ မြန်မာသူဌေးတွေက income rich ဖြစ်အောင် မလုပ်ရင် ရေရှည်ရပ်တည်ဖို့ ခက်သွားပါလိမ့်မယ်။

အစိုးရကလည်း နိုင်ငံအတွက် productive ဖြစ်အောင် မလုပ်တဲ့သူကိုတော့ ဆက်ထားမယ် မထင်ပါဘူး။ ၂၀၁၅ NLD အစိုးရ တက်လာပြီး စီးပွားရေးလုပ်ငန်းတွေကို စည်းကမ်းကြပ်မတ်ခဲ့ပြီး နောက်ပိုင်း ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေ ဆက်တိုက် ကျဆင်းလာပြီးနောက် မြန်မာနိုင်ငံမှာ သူဌေးရာထူး အပြောင်းအလဲ အတော်ဖြစ်ခဲ့ပါတယ်။ နိုင်ငံအတွက် မိမိရဲ့ လူမူအဖွဲ့အစည်းအတွက် productive ဖြစ်အောင် မလုပ်နိုင်တဲ့ သူဌေးတွေက နောက်ကို တဖြေးဖြေးရောက်သွားပြီး productive ဖြစ်အောင် လုပ်နိုင်တဲ့ သူဌေးတွေက ရှေ့ကို ပိုရောက်လာပါတယ်။

ဈေးကစားပြီး ချမ်းသာခဲ့တဲ့ သူဌေးတွေတော့ လာမဲ့တနှစ် နှစ်နှစ်အတွင်းမှာ ပိုကြပ်တည်းလာနိုင်ပါတယ်။ ဘဏ်တွေက တရားစွဲတာ မဖြစ်မနေ ခံကြရတော့မှာပါ။ နိုင်ငံတကာကနေ ပညာသင်၊ အလုပ်လုပ်ခဲ့တဲ့ လူငယ်အများအပြားဟာ မြန်မာပြည် ပြန်ရောက်လာကြပြီး ( စင်္ကာပူ က professional and semi professional အဆင့် လူငယ် အများစု မြန်မာပြည် ပြန်ရောက်နေပါပြီ။) စီးပွားရေး နယ်ပယ်အသီးသီးမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး သိပ်မကြာခင်မှာ မြန်မာပြည်ရဲ့ သန်းကြွယ်စာရင်းမှာ အများအပြားပါဝင်လာဖို့ ရှိပါတယ်။

သူဌေး ဒုတိယမျိုးဆက်ဖြစ်ခဲ့ရင်တော့ ဒေါ်လာ သန်း ၃၀ အထက် ချမ်းသာတဲ့ သူဌေးကြီး အဆင့် ဖြစ်ဖို့ရှိနေပါတယ်။ သူဌေးလောင်းအသစ်တွေ က လုပ်ငန်းနယ်ပယ်အသစ်တွေ လုပ်ကြတော့မှာမို့ သူတို့ကို အုပ်ချုပ်မဲ့ လူငယ်အစိုးရ အရာရှိတွေကို အမြန်လဲဖို့ လိုနေပါပြီ။ ဝန်ကြီးလို နေရာမျိုးတွေကို လူငယ်တွေ အမြန်ပေးဖို့ လိုနေပါတယ်။

CRD_U တင်စိန်

Add a Comment

Your email address will not be published. Required fields are marked *