








ယူနီကုတ်

အပျိုဖော်အရွယ် မိန်းကလေးငယ်၏ ဘဝအား ကယ်တင်နိုင်ခဲ့သည့် တက္ကစီယာဉ်မောင်း ( ဂုဏ်ယူစွာဖြင့် ဖော်ပြပေးလိုက်ရပါသည် )

အပျိုဖော်အရွယ် မိန်းကလေးငယ်၏ ဘဝအား ကယ်တင်နိုင်ခဲ့သည့် တက္ကစီယာဉ် မောင်းဂုဏ်ယူစွာဖြင့် ဖော်ပြပေးလိုက်ရပါသည်

ကူညီသူလူ ကောင်း တက္ကစီယာဉ်မောင်း နှင့် ပရဟိတ သတင်းအယ်ဒီတာ ၏ ကူညီမှု ကြောင့် အပျိုဖော်အရွယ် မိန်းကလေး တစ်ဦး ၏ ဘဝအား ကယ်တင်နိုင် ခဲ့သည့်ဖြစ်ရပ်အား ဂုဏ်ပြုအပ်ပေသည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက် နံနက်ပိုင်း ရွှေကသစ် နှင့် တက္ကစီယာဉ်မောင်း တို့၏ ပရဟိတ စေတနာမှန်ဖြင့်ကူညီပေးခဲ့သည့် ဖြစ်ရပ်။

ယနေ့ဖြစ်ရပ် ဧရာဝတီတိုင်းက ကလေးမလေး ကိုကယ်တင်နိုင်ခဲ့တဲ့ ရိုးသားတဲ့ တ က္ကစီသမား နဲ့ တွေ့၍သာ မရိုးသားတဲ့သူများ နှင့်သာတွေ့ က အပျိုဖော် အရွယ် မိန်းကလေး တစ်ဦး၏ ဘဝ ပျက်သွားမည့် ဖြစ်ရပ် ၊ ဘဝပျက်မည့် ဖြစ်ရပ် မဖြစ်စေရန် ကူညီခဲ့သည့် သူများကို ဂုဏ်ပြုပါသည်။

မနက်စောစော အထုတ်လေးကိုင် တက္ကစီကို တားစီးပြီးသူ့ကိုကြိုက်တဲ့နေရာခေါ် ပို့ပါဆို၍ တက္ကစီသမားကကျွန့်တော့်ထံဆက်သွယ် အကြောင်းကြားတယ် ကျွန်တော်က ကျွန်တော်အိမ်ခေါ်လာခဲ့ ပြောလို့ တက္ကစီယာဉ်မောင်းက

အိမ်ကို ခေါ်လာ ပို့တယ် ကလေးမလေး ကိုမေးမြန်းစစ်ဆေး လိုက်တော့ အိမ်ဖော်မလုပ်ချင်၍အိမ်ရှင်မနိုး ခင်ထွက် ပြေးလာတာ သိရ ၍အိမ်ရှင် ထံဆက်သွယ်အကြောင်းကြားတော့အိမ်ရှင်တွေကလည်း စိတ်ပူလိုက်ရှာနေကြတာပက်ပင်တိုးခဲ့၍

ကောင်းမွန်စွာခေါ်အပ်နိုင်ခဲ့ဆက်၍ မခိုင်းချင်ပါကမရိုက်မနှက်ကြဘဲထိုကလေး၏ မိခင်အားပြန်အပ်ကြရန်မှာကြားအားလုံးအဆင်ပြေ၍အခက် အခဲ မရှိ ဒုက္ခမကြုံကြစေရန် ယနေ့ကူညီဆောင်ရွက်ပေးနိုင်ခဲ့တာမင်္ဂလာ တစ်ပါးပါ။

မှတ်ချက် အိမ်ရှင်များကောင်းတာသိ၍ပြန်အပ် နှံပေးခဲ့။ကူညီသူများကို လေးစားဂုဏ်ယူ၍ ဖော်ပြလိုက်ရပါသည်။

Add a Comment

Your email address will not be published. Required fields are marked *