အချို့သော ဘုန်းကြီးတွေဟာ ( အားလုံးကိုမဆိုလို ) ဒီမိုကရေစီရရှိသွားမှာ စိုးရိမ်ကြောက်ရွံ့ပြီး စစ်အာဏာရှင်လက်အောက်မှာပဲ အဘယ်ကြောင့် နေချင်ကြတာလဲ …?

၁။ ဒီမိုကရေစီခေတ် ရောက်သွားရင် လူတွေက အသိဉာဏ် ပညာပိုပြီး မြင့်လာမယ်။ အမြင်တွေ ပိုကျယ်လာမယ်။ ဘယ်အရာဟာ ဘုရားဟော အစစ်အမှန်ဖြစ်တယ်။ ဘယ်အရာဟာ ဘုရားဟောမဟုတ်ပဲ ဘုန်းကြီးက သူ့ရဲ့အတ္တလောဘတွေနဲ့ သူလိုရာစွဲပြီး ရောသမ မွှေထားတဲ့ ဂျင်းတရားတွေဖြစ်တယ်ဆိုတာကို ကောင်းကောင်းခွဲခြားလာနိုင်မယ်။ အကြောင်း အကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်၊ အကျိုးရှိ/မရှိတွေကို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြားစိတ်ဖြာလာနိုင်တဲ့ ဝိဘဇ္ဇဉာဏ်တွေ ရင့်သန်လာပြီး ဘယ်အရာဟာ ဓမ္မစစ်၊ ဘယ်အရာဟာ ဓမ္မမှန်ဖြစ်တယ်၊ ဘယ်အရာဟာ အဓမ္မဝါဒဖြစ်တယ်ဆိုတာ ကောင်းကောင်း ဝေဖန် ပိုင်းခြားလာနိုင်မယ်။ အဲဒီလိုဉာဏ် ရင့်သန်လာရင် အရင်ကလို ဘုန်းကြီးပြောသမျှ ခေါင်းမငြိမ့်တော့ဘူး။

မှားတယ်မှန်တယ်၊ အကျိုးရှိတယ် မရှိဘူး ခွဲခြားစိတ်ဖြာပြီး ဘုန်းကြီးကို မေးခွန်းတွေ ပြန်မေးတော့မယ်။ အရင်ကလို ဖြီးလို့ ဖြန်းလို့ ခြိ မ်းခြောက်လို့ မရတော့ဘူး။ လူတွေမေးတာတွေ ဖြေနိုင်ဖို့ စာများများဖတ်ရတော့မယ်။ လေ့လာမှုတွေ သင်ယူမှုတွေ အရင်ကထက် ပိုမိုလေးနက်စွာ ကျယ်ပြန့်စွာ လေ့လာ သင်ယူရတော့မယ်။ အချောင်နေ အချောင်စား မရတော့ဘူး။ ၂။ အာဏာရှင်ခေတ်မှာ စစ်အာဏာရှင်နဲ့ တည့်အောင်ပေါင်းနိုင်ရင် စစ်အာဏာရှင်ကို မြှောက်ပေးပြီး ဓမ္မကိုအဓမ္မ၊ အဓမ္မကိုဓမ္မလို့ များများပြောပေးနိုင်ရင် များများဘုန်းကြီးမယ်။ ချမ်းသာမယ်၊လိုတရဖြစ်မယ်။ တိုင်းပြည်အာဏာကို သေနတ်နဲ့ မတရားအနိုင်ကျင့် သိမ်းပိုက်ထားကာ တိုင်းပြည်ရဲ့ သယံဇာတမှန်သမျှ မတရားခိုးယူထားပြီး မိစ္ဆာဇီဝနဲ့ အသက်မွေးဝမ်းကြောင်း ပြုထားမှန်း သိပါလျက် ထိုစစ်ဗိုလ်ချုပ် သူခိုးကြီးများကို နည်းမှန်လမ်းမှန် ဓမ္မနှင့်အညီ မဆုံးမရဲပဲ “ရှေးဘဝကုသိုလ်ကံကောင်းလို့ အခုလိုချမ်းသာကြီးပွားနေတာ” ဆိုပြီး အမြှောက်တရားဟောတယ်။ ဒီလောက်ခိုးဆိုး သတ် ဖြတ်နေသူတွေကို နတ်ပြည်ရောက်မယ်၊

နိဗ္ဗာန်ရောက်မယ်တွေနဲ့ အမြှောက်တရားတွေဟောတယ်။ ဟိုကသဘောကျတော့ ခိုးထားတဲ့ပစ္စည်းတွေနဲ့ များများလှူတယ်။ များများလှူတော့ ကားအကောင်းစား၊ ကျောင်းအကောင်းစား၊ ဇိမ်ခံပစ္စည်းအပြည့်အစုံနဲ့ ကြိုက်သလို စည်းစိမ်ခံစားပြီး နေနိုင်တယ်။ စည်းစိမ်တောမှာ ယစ်မူးသွားကြတဲ့ ဘုန်းကြီးတွေဟာ ဒီမိုကရေစီကို မလိုချင်ဘူး။ စစ်အာဏာရှင်လက်အောက်မှာပဲ ဆက်ပြီးနေချင်ကြတယ်။ ၃။ စစ်အာဏာရှင်တွေဟာ သူတို့ကို မတော်လှန်ရင်ပြီးရော၊ နိုင်ငံရေး မလုပ်ရင်ပြီးရောဆိုပြီး ဘုန်းကြီးတွေ မကောင်းတာမှန်သမျှ ကြိုက်တာအကုန် လုပ်ခွင့်ပြုတယ်။ သူတို့ရအောင် စည်းရုံးသိမ်းသွင်းပြီး အခွင့်ရေးမျိုးစုံပေးကာ ဖျက်ဆီးကြတယ်။ ကျောင်းတိုက်တွေထဲမှာ နှစ်လုံး၊ သုံးလုံးချဲထီ၊ ဘောလုံးလောင်းပွဲတွေ၊ ဖဲဝိုင်းတွေ၊ သစ်မှောင်ခို၊ မူးယစ်မှောင်ခိုစသည့် မကောင်းတာတွေကို အလုံးစုံ လုပ်ခွင့်ပေးထားတယ်။

ဒီလိုအချောင်နေ အချောင်စား ဘုန်းကြီးတွေဟာ ဒီအခွင့်အရေးတွေ ဒီမိုကရေစီခေတ်မှာ မရနိုင်တော့ဘူးဆိုတာကို သိနေကြလို့ ဒီမိုကရေစီ မလိုချင်ကြဘူး။ ၄။ ပြီးခဲ့တဲ့ငါးနှစ် ပြည်သူ့အစိုးရလက်ထက် မန္တလေးမြို့မှာ သာသနာသန့်ရှင်းရေးအဖြစ် ကျောင်းတိုက်တွေထဲက နှစ်လုံး၊ သုံးလုံး၊ ဘောလုံး၊ ဖဲဝိုင်း၊ စီးပွားရေးလုပ်ငန်းများ ဖယ်ရှားပစ်လိုက်တာကို ထိုအချောင်နေဘုန်းကြီးများကမကြိုက်ကြပါ။ အာဏာရှင်လက်အောက် ရနေတဲ့ အခွင့်အရေးတွေ ပျောက်ဆုံးသွားလို့ ဒီမိုကရေစီတိုက်ပွဲဝင်သူများကို ရန်လုပ်စကားများပြောကာ စစ်အာဏာရှင်တွေကို အားပေး အားမြှောက် ပြုနေကြခြင်းဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်တွေ အာဏာ သိမ်းတဲ့နေ့က ပျော်ပြီးတော့ (ထ က)တဲ့ ဘုန်းကြီးတွေ၊ ပျော်လို့ဆိုပြီး ကျွေးမွေးပွဲတွေ လုပ်ခဲ့တဲ့ဘုန်းကြီးတွေ ရှိခဲ့တယ်။

ပြောရမည်ဆိုလျှင် များစွာကျန်ပါသေးတယ် ။ သေချာတာကတော့ ဗုဒ္ဓရဲ့အဆုံးအမအတိုင်း မနေချင်သူများ၊ စည်းစိမ်ရစ်နေသူများ၊ ရင်ထဲမှာ ဓမ္မအစစ် အမှန် မရှိဘဲလိမ်ညာလှည့်ဖျား ဂျင်းတရားဟောပြီး ဂျင်းထည့်လိုသူများ၊ လောင်းကစားမျိုးစုံနဲ့ ပျော်ပါးပြီး အချောင်နေလိုသူများဟာ ဒီမိုကရေစီခေတ်ရောက်ရင် ထိုအခွင့်အရေးများ ဆုံးရှုံးသွားမည်ကို သိနေပါသောကြောင့် ထိုဘုန်းကြီးများသည် ဒီမိုကရေစီကို မလိုချင်ကြပါ။ စစ်အာဏာရှင်လက်အောက်မှာသာ ပျော်ပျော်ကြီး နေလိုကြသူများသာ ဖြစ်ပါသည်။ ဆားနည်းနည်း ပက်လိုက်သည် အနာရှိသူများ စပ်ကြစေသတည်း။

crd-မင်းသုည ( ဗုဒ္ဓတက္ကသိုလ်)

ယူနီကုတ္

အခ်ိဳ႕ေသာ ဘုန္းႀကီးေတြဟာ ( အားလုံးကိုမဆိုလို ) ဒီမိုကေရစီရရွိသြားမွာ စိုးရိမ္ေၾကာက္ရြံ့ၿပီး စစ္အာဏာရွင္လက္ေအာက္မွာပဲ အဘယ္ေၾကာင့္ ေနခ်င္ၾကတာလဲ …?

၁။ ဒီမိုကေရစီေခတ္ ေရာက္သြားရင္ လူေတြက အသိဉာဏ္ ပညာပိုၿပီး ျမင့္လာမယ္။ အျမင္ေတြ ပိုက်ယ္လာမယ္။ ဘယ္အရာဟာ ဘုရားေဟာ အစစ္အမွန္ျဖစ္တယ္။ ဘယ္အရာဟာ ဘုရားေဟာမဟုတ္ပဲ ဘုန္းႀကီးက သူ႔ရဲ့အတၱေလာဘေတြနဲ႔ သူလိုရာစြဲၿပီး ေရာသမ ေမႊထားတဲ့ ဂ်င္းတရားေတြျဖစ္တယ္ဆိုတာကို ေကာင္းေကာင္းခြဲျခားလာနိုင္မယ္။ အေၾကာင္း အက်ိဳး၊ အေကာင္းအဆိုး၊ အမွားအမွန္၊ အက်ိဳးရွိ/မရွိေတြကို ကိုယ္ပိုင္ဉာဏ္နဲ႔ ခြဲျခားစိတ္ျဖာလာနိုင္တဲ့ ဝိဘဇၨဉာဏ္ေတြ ရင့္သန္လာၿပီး ဘယ္အရာဟာ ဓမၼစစ္၊ ဘယ္အရာဟာ ဓမၼမွန္ျဖစ္တယ္၊ ဘယ္အရာဟာ အဓမၼဝါဒျဖစ္တယ္ဆိုတာ ေကာင္းေကာင္း ေဝဖန္ ပိုင္းျခားလာနိုင္မယ္။ အဲဒီလိုဉာဏ္ ရင့္သန္လာရင္ အရင္ကလို ဘုန္းႀကီးေျပာသမၽွ ေခါင္းမၿငိမ့္ေတာ့ဘူး။

မွားတယ္မွန္တယ္၊ အက်ိဳးရွိတယ္ မရွိဘူး ခြဲျခားစိတ္ျဖာၿပီး ဘုန္းႀကီးကို ေမးခြန္းေတြ ျပန္ေမးေတာ့မယ္။ အရင္ကလို ၿဖီးလို႔ ျဖန္းလို႔ ၿခိ မ္းေျခာက္လို႔ မရေတာ့ဘူး။ လူေတြေမးတာေတြ ေျဖနိုင္ဖို႔ စာမ်ားမ်ားဖတ္ရေတာ့မယ္။ ေလ့လာမႈေတြ သင္ယူမႈေတြ အရင္ကထက္ ပိုမိုေလးနက္စြာ က်ယ္ျပန႔္စြာ ေလ့လာ သင္ယူရေတာ့မယ္။ အေခ်ာင္ေန အေခ်ာင္စား မရေတာ့ဘူး။ ၂။ အာဏာရွင္ေခတ္မွာ စစ္အာဏာရွင္နဲ႔ တည့္ေအာင္ေပါင္းနိုင္ရင္ စစ္အာဏာရွင္ကို ေျမႇာက္ေပးၿပီး ဓမၼကိုအဓမၼ၊ အဓမၼကိုဓမၼလို႔ မ်ားမ်ားေျပာေပးနိုင္ရင္ မ်ားမ်ားဘုန္းႀကီးမယ္။ ခ်မ္းသာမယ္၊လိုတရျဖစ္မယ္။ တိုင္းျပည္အာဏာကို ေသနတ္နဲ႔ မတရားအနိုင္က်င့္ သိမ္းပိုက္ထားကာ တိုင္းျပည္ရဲ့ သယံဇာတမွန္သမၽွ မတရားခိုးယူထားၿပီး မိစၧာဇီဝနဲ႔ အသက္ေမြးဝမ္းေၾကာင္း ျပဳထားမွန္း သိပါလ်က္ ထိုစစ္ဗိုလ္ခ်ဳပ္ သူခိုးႀကီးမ်ားကို နည္းမွန္လမ္းမွန္ ဓမၼႏွင့္အညီ မဆုံးမရဲပဲ “ေရွးဘဝကုသိုလ္ကံေကာင္းလို႔ အခုလိုခ်မ္းသာႀကီးပြားေနတာ” ဆိုၿပီး အေျမႇာက္တရားေဟာတယ္။ ဒီေလာက္ခိုးဆိုး သတ္ ျဖတ္ေနသူေတြကို နတ္ျပည္ေရာက္မယ္၊

နိဗၺာန္ေရာက္မယ္ေတြနဲ႔ အေျမႇာက္တရားေတြေဟာတယ္။ ဟိုကသေဘာက်ေတာ့ ခိုးထားတဲ့ပစၥည္းေတြနဲ႔ မ်ားမ်ားလႉတယ္။ မ်ားမ်ားလႉေတာ့ ကားအေကာင္းစား၊ ေက်ာင္းအေကာင္းစား၊ ဇိမ္ခံပစၥည္းအျပည့္အစုံနဲ႔ ႀကိဳက္သလို စည္းစိမ္ခံစားၿပီး ေနနိုင္တယ္။ စည္းစိမ္ေတာမွာ ယစ္မူးသြားၾကတဲ့ ဘုန္းႀကီးေတြဟာ ဒီမိုကေရစီကို မလိုခ်င္ဘူး။ စစ္အာဏာရွင္လက္ေအာက္မွာပဲ ဆက္ၿပီးေနခ်င္ၾကတယ္။ ၃။ စစ္အာဏာရွင္ေတြဟာ သူတို႔ကို မေတာ္လွန္ရင္ၿပီးေရာ၊ နိုင္ငံေရး မလုပ္ရင္ၿပီးေရာဆိုၿပီး ဘုန္းႀကီးေတြ မေကာင္းတာမွန္သမၽွ ႀကိဳက္တာအကုန္ လုပ္ခြင့္ျပဳတယ္။ သူတို႔ရေအာင္ စည္း႐ုံးသိမ္းသြင္းၿပီး အခြင့္ေရးမ်ိဳးစုံေပးကာ ဖ်က္ဆီးၾကတယ္။ ေက်ာင္းတိုက္ေတြထဲမွာ ႏွစ္လုံး၊ သုံးလုံးခ်ဲထီ၊ ေဘာလုံးေလာင္းပြဲေတြ၊ ဖဲဝိုင္းေတြ၊ သစ္ေမွာင္ခို၊ မူးယစ္ေမွာင္ခိုစသည့္ မေကာင္းတာေတြကို အလုံးစုံ လုပ္ခြင့္ေပးထားတယ္။

ဒီလိုအေခ်ာင္ေန အေခ်ာင္စား ဘုန္းႀကီးေတြဟာ ဒီအခြင့္အေရးေတြ ဒီမိုကေရစီေခတ္မွာ မရနိုင္ေတာ့ဘူးဆိုတာကို သိေနၾကလို႔ ဒီမိုကေရစီ မလိုခ်င္ၾကဘူး။ ၄။ ၿပီးခဲ့တဲ့ငါးႏွစ္ ျပည္သူ႔အစိုးရလက္ထက္ မႏၲေလးၿမိဳ႕မွာ သာသနာသန႔္ရွင္းေရးအျဖစ္ ေက်ာင္းတိုက္ေတြထဲက ႏွစ္လုံး၊ သုံးလုံး၊ ေဘာလုံး၊ ဖဲဝိုင္း၊ စီးပြားေရးလုပ္ငန္းမ်ား ဖယ္ရွားပစ္လိုက္တာကို ထိုအေခ်ာင္ေနဘုန္းႀကီးမ်ားကမႀကိဳက္ၾကပါ။ အာဏာရွင္လက္ေအာက္ ရေနတဲ့ အခြင့္အေရးေတြ ေပ်ာက္ဆုံးသြားလို႔ ဒီမိုကေရစီတိုက္ပြဲဝင္သူမ်ားကို ရန္လုပ္စကားမ်ားေျပာကာ စစ္အာဏာရွင္ေတြကို အားေပး အားေျမႇာက္ ျပဳေနၾကျခင္းျဖစ္တယ္။ ဒါ့ေၾကာင့္ စစ္အာဏာရွင္ေတြ အာဏာ သိမ္းတဲ့ေန႔က ေပ်ာ္ၿပီးေတာ့ (ထ က)တဲ့ ဘုန္းႀကီးေတြ၊ ေပ်ာ္လို႔ဆိုၿပီး ေကၽြးေမြးပြဲေတြ လုပ္ခဲ့တဲ့ဘုန္းႀကီးေတြ ရွိခဲ့တယ္။

ေျပာရမည္ဆိုလၽွင္ မ်ားစြာက်န္ပါေသးတယ္ ။ ေသခ်ာတာကေတာ့ ဗုဒၶရဲ့အဆုံးအမအတိုင္း မေနခ်င္သူမ်ား၊ စည္းစိမ္ရစ္ေနသူမ်ား၊ ရင္ထဲမွာ ဓမၼအစစ္ အမွန္ မရွိဘဲလိမ္ညာလွည့္ဖ်ား ဂ်င္းတရားေဟာၿပီး ဂ်င္းထည့္လိုသူမ်ား၊ ေလာင္းကစားမ်ိဳးစုံနဲ႔ ေပ်ာ္ပါးၿပီး အေခ်ာင္ေနလိုသူမ်ားဟာ ဒီမိုကေရစီေခတ္ေရာက္ရင္ ထိုအခြင့္အေရးမ်ား ဆုံးရႈံးသြားမည္ကို သိေနပါေသာေၾကာင့္ ထိုဘုန္းႀကီးမ်ားသည္ ဒီမိုကေရစီကို မလိုခ်င္ၾကပါ။ စစ္အာဏာရွင္လက္ေအာက္မွာသာ ေပ်ာ္ေပ်ာ္ႀကီး ေနလိုၾကသူမ်ားသာ ျဖစ္ပါသည္။ ဆားနည္းနည္း ပက္လိုက္သည္ အနာရွိသူမ်ား စပ္ၾကေစသတည္း။

crd-မင္းသုည ( ဗုဒၶတကၠသိုလ္)

Leave a Comment

Your email address will not be published. Required fields are marked *