News

စစ်အာဏှာရှင်ကို ဆန့်ကျင်တော်လှန်ရာ တွင် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေ တဲ့ ဒေါက်တာတေဇာဆန်းကို ကိုရီးယားနိုင်ငံက ဇွန်အရေးအခင်းဂုဏ်ထူးဆောင်ဆု ချီးမြှင့်

Written by fella

စစ်အာဏှာရှင်ကို ဆန့်ကျင်တော်လှန်ရာ တွင် သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေ တဲ့ ဒေါက်တာတေဇာဆန်းကို ကိုရီးယားနိုင်ငံက ဇွန်အရေးအခင်းဂုဏ်ထူးဆောင်ဆု ချီးမြှင့်

စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာ့နွေဦးလူထုအရေးတော်ပုံကြီးမှာ သက်စွန့်ဆံဖျားပါဝင် ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒေါက်တာ တေဇာဆန်းကို တောင်ကိုရီးယားနိုင်ငံက ဇွန်အရေးခင်း ဂုဏ်ထူးဆောင်ဆု ပေးအပ်

ချီးမြှင့်လိုက်ပါတယ်။ ၁၉၈၇ ခု ဇွန်လ ကိုရီးယား ဒီမိုကရေစီအရေးတော်ပုံ ၃၄ နှစ်မြောက် ဇွန်အရေးအခင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီကနေ့ ဇွန် ၁၀ ရက် မနက် ၁၁ နာရီက တောင်ကိုရီးယားနိုင်ငံ ဂျောလာပြည်နယ်၊

မုတ်ဖိုမြို့ရှိ ပြည်နယ်ဝန်ကြီးချုပ်ရုံးအရှေ့ မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။ ဇွန်အရေးခင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ပြည်နယ် ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ ပြည်နယ် ပညာရေးမှူး၊ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေက ဂုဏ်သရေရှိ လူကြီးတွေ တက်ရောက်ကြပါတယ်။

ဇွန်အရေးခင်း ဂုဏ်ထူးဆောင်ဆုကို ဒေါက်တာတေဇာဆန်း ကိုယ်စား ကိုရီးယား-မြန်မာ ပူးတွဲ လုပ်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဇော်မိုးအောင်က လက်ခံရယူပြီး မြန်မာပြည်တွင်းက ပို့ပေးလာတဲ့ ဒေါက်တာတေဇာဆန်းရဲ့ ကျေးဇူးတင်စကားကို ဖတ်ကြားခဲ့ပါတယ်။

ဒေါက်တာတေဇာဆန်းဟာ မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေသူဖြစ်ပြီး သူ့ကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။

ေဇာ္ဂ်ီ

စစ္အာဏွာရွင္ကို ဆန့္က်င္ေတာ္လွန္ရာတြင္ သက္စြန႔္ဆံဖ်ား ႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ ေဒါက္တာေတဇာဆန္းကို ကိုရီးယားႏိုင္ငံက ဇြန္အေရးအခင္းဂုဏ္ထူးေဆာင္ဆု ခ်ီးျမႇင့္

စစ္အာဏာရွင္ဆန႔္က်င္တဲ့ ျမန္မာ့ေႏြဦးလူထုအေရးေတာ္ပုံႀကီးမွာ သက္စြန႔္ဆံဖ်ားပါဝင္ ႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ ေဒါက္တာ ေတဇာဆန္းကို ေတာင္ကိုရီးယားႏိုင္ငံက ဇြန္အေရးခင္း ဂုဏ္ထူးေဆာင္ဆု ေပးအပ္

ခ်ီးျမႇင့္လိုက္ပါတယ္။ ၁၉၈၇ ခု ဇြန္လ ကိုရီးယား ဒီမိုကေရစီအေရးေတာ္ပုံ ၃၄ ႏွစ္ေျမာက္ ဇြန္အေရးအခင္း ႏွစ္ပတ္လည္ေန႔ အခမ္းအနားကို ဒီကေန႔ ဇြန္ ၁၀ ရက္ မနက္ ၁၁ နာရီက ေတာင္ကိုရီးယားႏိုင္ငံ ေဂ်ာလာျပည္နယ္၊

မုတ္ဖိုၿမိဳ႕ရွိ ျပည္နယ္ဝန္ႀကီးခ်ဳပ္႐ုံးအေရွ႕ ျမက္ခင္းျပင္မွာ က်င္းပခဲ့ပါတယ္။ ဇြန္အေရးခင္း ႏွစ္ပတ္လည္ေန႔ အခမ္းအနားကို ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ၿမိဳ႕ေတာ္ဝန္၊ ျပည္နယ္ ပညာေရးမႉး၊ ဒီမိုကေရစီ ေခါင္းေဆာင္ေတြနဲ႔ အဖြဲ႕အစည္းေတြက ဂုဏ္သေရရွိ လူႀကီးေတြ တက္ေရာက္ၾကပါတယ္။

ဇြန္အေရးခင္း ဂုဏ္ထူးေဆာင္ဆုကို ေဒါက္တာေတဇာဆန္း ကိုယ္စား ကိုရီးယား-ျမန္မာ ပူးတြဲ လုပ္ေဆာင္ေရးအဖြဲ႕ဥကၠ႒ ကိုေဇာ္မိုးေအာင္က လက္ခံရယူၿပီး ျမန္မာျပည္တြင္းက ပို႔ေပးလာတဲ့ ေဒါက္တာေတဇာဆန္းရဲ႕ ေက်းဇူးတင္စကားကို ဖတ္ၾကားခဲ့ပါတယ္။

ေဒါက္တာေတဇာဆန္းဟာ မႏၲေလးၿမိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈမွာ ဦးေဆာင္ပါဝင္ေနသူျဖစ္ၿပီး သူ႔ကို အၾကမ္းဖက္စစ္အုပ္စုက ပုဒ္မ ၅၀၅ (က)နဲ႔ ဖမ္းဝရမ္းထုတ္ထားပါတယ္။

About the author

fella

Leave a Comment