News

အခက်အခဲတွေကြားကနေ ပြည်သူတွေဆီ အန္တရာယ်မကျရောက်စေဖို့ အတွက် ကယားပြည်နယ်က အထူးခံတပ်မှာ သေနတ်ကိုင်ပြီး ကင်းစောင့်ပေးနေတဲ့ အာဂအမျိုးသမီးတစ်ဦး

Written by fella

အခက်အခဲတွေကြားကနေ ပြည်သူတွေဆီ အန္တရာယ်မကျရောက်စေဖို့ အတွက် ကယားပြည်နယ်က အထူးခံတပ်မှာ သေနတ်ကိုင်ပြီး ကင်းစောင့်ပေးနေတဲ့ အာဂအမျိုးသမီးတစ်ဦး

အခုချိန်မှာတော့ ပြည်သူတွေက အခက်အခဲတွေကြားကနေ ရရာနည်းလမ်းနဲ့ အာဏာရှင်ကို ဆန့်ကျင်နေကြတာ ဖြစ်ပါတယ် ။ ဆန္ဒပြတဲ့သူကပြသလို လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့သူတွေကလည်း တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အတွက် ရှေ့တန်းကိုရောက်ရှိနေကြပြီ ဖြစ်ပါတယ် ။

အခုလည်း အမျိုးသမီးတစ်ဦးက ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်ပြီး တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ် ။ သူမကတော့ ကယားပြည်နယ်၊ လွိုင်ကော်မြို့က ပြည်သူတစ်ဦးဖြစ်ပြီး မတရားမှုကို

လက်ပိုက်ကြည့်မနေနိုင်တော့ကြောင့် ကိုယ်တိုင်လက်နက်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း သူမက

ကယားပြည်နယ်အတွက် အထူးခံတပ်မှာ နေ့ကင်းစောင့်ပေးခဲ့တာ ဖြစ်ပါတယ် ။ သူမကတော့ ပြည်သူတွေဆီ အန္တရာယ်တွေမကျရောက်စေဖို့အတွက် သေနတ်ကိုင်ပြီး ကင်းစောင့်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ပြည်သူတွေက သူမရဲ့ရဲရင့်တဲ့စိတ်ဓာတ်နဲ့

လုပ်ရပ်ကို လေးစားချီးကျူးနေကြတာပဲ ဖြစ်ပါတယ် ။ သတ္တိအပြည့်၊ အားမာန်အပြည့်နဲ့ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးအတွက် သေနတ်ကိုင်ပြီး တာဝန်ထမ်းဆောင်နေတဲ့ သူရဲကောင်းအမျိုးသမီးရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd-

ဇော်ဂျီ







crd-

About the author

fella

Leave a Comment