ၿဗိတိသွ်ေရတပ္ဗိုလ္ခ်ဳပ္ႀကီး လူးဝစ္ေမာင့္ဘက္တန္ ရဲ့ ေရခဲျဖင့္ တည္ေဆာက္ထားေသာ ေလယာဥ္တင္သေဘၤာ(ICE SHIP)
|ၿဗိတိသွ်ေရတပ္ဗိုလ္ခ်ဳပ္ႀကီး လူးဝစ္ေမာင့္ဘက္တန္ ရဲ့ ေရခဲျဖင့္ တည္ေဆာက္ထားေသာ ေလယာဥ္တင္သေဘၤာ(ICE SHIP)
၁၉၄၂ ခုႏွစ္အတြင္း ဂ်ာမန္ယူဘုတ္ေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္ အတၱလႏၲိတ္သမုဒၵရာအတြင္းမွာ မဟာမိတ္တို႔ရဲ႕ကုန္သေဘၤာ ေတာ္ေတာ္မ်ားမ်ား ဆုံးရႈံးခဲ့ရပါတယ္။ ေလယာဥ္တင္သေဘၤာေတြ လုံလုံေလာက္ေလာက္ မရွိတာေၾကာင့္လည္း ယူဘုတ္ေတြကိုႏွိမ္နင္းဖို႔ အခက္ႀကဳံခဲ့ရပါတယ္။
အဲဒီျပသနာကို ေျဖရွင္းဖို႔အတြက္ မဟာမိတ္တပ္ဖြဲ႕ရဲ႕ စစ္လက္နက္သုေတသနအဖြဲ႕ အႀကီးအကဲျဖစ္သူ ၿဗိတိသွ်ေရတပ္ဗိုလ္ခ်ဳပ္ႀကီး လူးဝစ္ေမာင့္ဘက္တန္ (Louis Mountbatten)ဟာ သူ႔ရဲ႕သုေတသနအဖြဲ႕က ပညာရွင္ေတြနဲ႔ တိုင္ပင္ခဲ့ပါတယ္။
အဲဒီအခ်ိန္မွာ သိပၸံပညာရွင္တစ္ဦးျဖစ္တဲ့ Geoffrey Pyke က ေရခဲကိုအသုံးျပဳၿပီး ေလယာဥ္တင္သေဘၤာတစ္စင္း စမ္းသပ္တည္ေဆာက္ဖို႔ အႀကံေပးခဲ့ပါတယ္။ Pyke ရဲ႕ အႀကံေပးခ်က္ကို အဂၤလန္ဝန္ႀကီးခ်ဳပ္ ဝင္စတန္ခ်ာခ်ီက သေဘာတူတာေၾကာင့္ သေဘၤာတည္ေဆာက္ေရး လုပ္ငန္းေတြ စတင္ခဲ့ပါတယ္။
တည္ေဆာက္ေရး လုပ္ငန္းေတြကိုေတာ့ ကေနဒါႏိုင္ငံမွာရွိတဲ့ ေက်ာက္ေဆာင္ထူထပ္တဲ့ေဒသက Lake Patricia ေရကန္ႀကီးထဲမွာ ျပဳလုပ္ခဲ့ၾကတာပါ။ သေဘၤာတည္ေဆာက္ရာမွာ သုံးတဲ့ေရခဲဟာ လႊစာမႈန္႔နဲ႔ ေရကိုေရာၿပီးခဲထားတာျဖစ္ပါတယ္။ သာမန္ေရခဲကို လက္နက္က်ည္ ထိမွန္ပါက ကြဲအက္ၿပီး တစ္စစီျဖစ္သြားတတ္ေပမယ့္ လႊစာမႈန္႔ပါဝင္တဲ့ ေရခဲကေတာ့ ေတာ္႐ုံက်ည္ဒဏ္ကို ခံႏိုင္ရည္ရွိပါတယ္။
အဲဒီနည္းစံနစ္ကို ဗိုလ္ခ်ဳပ္ႀကီးေမာင့္ဘက္တန္ကိုယ္တိုင္ ေသနတ္နဲ႔ပစ္ၿပီး စမ္းသပ္ခ်ိန္မွာ ေသနတ္က်ည္ဆံဟာ ေရခဲထဲကို မထိုးေဖာက္ႏိုင္ဘဲ ေခ်ာ္ထြက္သြားခဲ့ပါတယ္။ အဲဒီ ေရခဲရဲ႕အမည္ကိုေတာ့ တီထြင္သူ Pyke ကို ဂုဏ္ျပဳ ၿပီး ‘Pykrete’ လို႔ အမည္ေပးလိုက္ပါတယ္။
ေပ ၄၀၀၀ အရွည္ရွိၿပီး ေပ ၆၀၀ က်ယ္မယ့္ အဲဒီသေဘၤာရဲ႕ကိုယ္ထည္ကေတာ့ ဗုံးဆန္ အေျမာက္ဆံေတြရဲ႕ ဒဏ္ကိုခံႏိုင္ဖို႔အတြက္ အနည္းဆုံး ၃၅ ေပ အထူရွိရမွာ ျဖစ္ပါတယ္။ ၁၉၄၃ ခုႏွစ္မွာေတာ့ အတၱလႏၲိတ္သမုဒၵရာအတြင္းက စစ္ေရးအေျခအေနေတြ ေတာ္ေတာ္ေလး ေျပာင္းလဲသြားခဲ့ၿပီး မဟာမိတ္စစ္သေဘၤာေတြဟာ ဂ်ာမန္ေရတပ္အေပၚမွာ တျဖည္းျဖည္း အသာစီးရလာခဲ့ပါတယ္။
ေလယာဥ္တင္သေဘၤာအသစ္ေတြလည္း ေရာက္ရွိလာခဲ့တဲ့အတြက္ ယူဘုတ္ေတြ ေခါင္းမေထာင္ႏိုင္တဲ့ အေျခအေနေရာက္လာခဲ့ပါတယ္။ ယူဘုတ္ေတြရဲ႕ရန္က ေအးသြားခဲ့ၿပီး မဟာမိတ္တို႔အတြက္ စစ္သုံးစရိတ္ေတြလည္း ေလွ်ာ့ခ်ဖို႔လိုအပ္လာတာေၾကာင့္ ၁၉၄၃ ၾသဂုတ္လမွာ ေရခဲသေဘၤာ တည္ေဆာက္ရန္ စမ္းသပ္မႈမ်ားအားလုံးကို ရပ္ဆိုင္းခဲ့ၿပီး တဝက္တပ်က္ ေဆာက္လုပ္ၿပီးစီးေနၿပီျဖစ္တဲ့ စီမံကိန္းကို အၿပီးတိုင္ ဖ်က္သိမ္းခဲ့ၾကပါတယ္။
CRD_Sooth
ယူနီကုတ္
ဗြိတိသျှရေတပ်ဗိုလ်ချုပ်ကြီး လူးဝစ်မောင့်ဘက်တန် ရဲ့ ရေခဲဖြင့် တည်ဆောက်ထားသော လေယာဉ်တင်သင်္ဘော(ICE SHIP)
၁၉၄၂ ခုနှစ်အတွင်း ဂျာမန်ယူဘုတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာ မဟာမိတ်တို့ရဲ့ကုန်သင်္ဘော တော်တော်များများ ဆုံးရှုံးခဲ့ရပါတယ်။ လေယာဉ်တင်သင်္ဘောတွေ လုံလုံလောက်လောက် မရှိတာကြောင့်လည်း ယူဘုတ်တွေကိုနှိမ်နင်းဖို့ အခက်ကြုံခဲ့ရပါတယ်။
အဲဒီပြသနာကို ဖြေရှင်းဖို့အတွက် မဟာမိတ်တပ်ဖွဲ့ရဲ့ စစ်လက်နက်သုတေသနအဖွဲ့ အကြီးအကဲဖြစ်သူ ဗြိတိသျှရေတပ်ဗိုလ်ချုပ်ကြီး လူးဝစ်မောင့်ဘက်တန် (Louis Mountbatten)ဟာ သူ့ရဲ့သုတေသနအဖွဲ့က ပညာရှင်တွေနဲ့ တိုင်ပင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Geoffrey Pyke က ရေခဲကိုအသုံးပြုပြီး လေယာဉ်တင်သင်္ဘောတစ်စင်း စမ်းသပ်တည်ဆောက်ဖို့ အကြံပေးခဲ့ပါတယ်။ Pyke ရဲ့ အကြံပေးချက်ကို အင်္ဂလန်ဝန်ကြီးချုပ် ဝင်စတန်ချာချီက သဘောတူတာကြောင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွေ စတင်ခဲ့ပါတယ်။
တည်ဆောက်ရေး လုပ်ငန်းတွေကိုတော့ ကနေဒါနိုင်ငံမှာရှိတဲ့ ကျောက်ဆောင်ထူထပ်တဲ့ဒေသက Lake Patricia ရေကန်ကြီးထဲမှာ ပြုလုပ်ခဲ့ကြတာပါ။ သင်္ဘောတည်ဆောက်ရာမှာ သုံးတဲ့ရေခဲဟာ လွှစာမှုန့်နဲ့ ရေကိုရောပြီးခဲထားတာဖြစ်ပါတယ်။ သာမန်ရေခဲကို လက်နက်ကျည် ထိမှန်ပါက ကွဲအက်ပြီး တစ်စစီဖြစ်သွားတတ်ပေမယ့် လွှစာမှုန့်ပါဝင်တဲ့ ရေခဲကတော့ တော်ရုံကျည်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။
အဲဒီနည်းစံနစ်ကို ဗိုလ်ချုပ်ကြီးမောင့်ဘက်တန်ကိုယ်တိုင် သေနတ်နဲ့ပစ်ပြီး စမ်းသပ်ချိန်မှာ သေနတ်ကျည်ဆံဟာ ရေခဲထဲကို မထိုးဖောက်နိုင်ဘဲ ချော်ထွက်သွားခဲ့ပါတယ်။ အဲဒီ ရေခဲရဲ့အမည်ကိုတော့ တီထွင်သူ Pyke ကို ဂုဏ်ပြု ပြီး ‘Pykrete’ လို့ အမည်ပေးလိုက်ပါတယ်။
ပေ ၄၀၀၀ အရှည်ရှိပြီး ပေ ၆၀၀ ကျယ်မယ့် အဲဒီသင်္ဘောရဲ့ကိုယ်ထည်ကတော့ ဗုံးဆန် အမြောက်ဆံတွေရဲ့ ဒဏ်ကိုခံနိုင်ဖို့အတွက် အနည်းဆုံး ၃၅ ပေ အထူရှိရမှာ ဖြစ်ပါတယ်။ ၁၉၄၃ ခုနှစ်မှာတော့ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းက စစ်ရေးအခြေအနေတွေ တော်တော်လေး ပြောင်းလဲသွားခဲ့ပြီး မဟာမိတ်စစ်သင်္ဘောတွေဟာ ဂျာမန်ရေတပ်အပေါ်မှာ တဖြည်းဖြည်း အသာစီးရလာခဲ့ပါတယ်။
လေယာဉ်တင်သင်္ဘောအသစ်တွေလည်း ရောက်ရှိလာခဲ့တဲ့အတွက် ယူဘုတ်တွေ ခေါင်းမထောင်နိုင်တဲ့ အခြေအနေရောက်လာခဲ့ပါတယ်။ ယူဘုတ်တွေရဲ့ရန်က အေးသွားခဲ့ပြီး မဟာမိတ်တို့အတွက် စစ်သုံးစရိတ်တွေလည်း လျှော့ချဖို့လိုအပ်လာတာကြောင့် ၁၉၄၃ သြဂုတ်လမှာ ရေခဲသင်္ဘော တည်ဆောက်ရန် စမ်းသပ်မှုများအားလုံးကို ရပ်ဆိုင်းခဲ့ပြီး တဝက်တပျက် ဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းခဲ့ကြပါတယ်။
CRD_Sooth