News


Written by fella








CRD_

ယူနီကုတ်

လူငယ်သဘာဝအတိုင်း သီချင်းတွေသံပြိုင်ဆိုရင်း ခဏတာ စိတ်အပန်းဖြေနေကြတဲ့ PDF နဲ့ KNU ကရဲဘော်တွေရဲ့ ဗီဒီယိုဖိုင်

ယနေ့မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကတော့ တစ်နေ့ထက်တစ်နေ့ အရာရာ ပိုကြပ်တည်းလာကာ ပြည်သူတွေက အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရပါတယ်။ ဒီလို ကြုံတွေ့လာတဲ့ ဒုက္ခတွေကိုလည်း အားတင်းကာ ရင်ဆိုင်ရင်း

အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ကာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ကို အင်တိုက်အားတိုက် တစ်ဦးတစ်ယောက်စီတိုင်း ပါဝင်လှုပ်ရှားနေကြတာပါ နယ်မြို့တွေမှာဆိုရင်လည်း တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေကြပြီး

နေ့တိုင်းလိုလို တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့အစည်းက ရဲဘော်များကလည်း အတူပူးပေါင်းပြီး ပြည်သူတွေကို အစွမ်းကုန် ကာကွယ်ဖို့အတွက် အမြဲအသင့်ရှိနေတာလည်း ဖြစ်ပါတယ်

ဒါကြောင့်လည်း ပြည်သူတွေက သူတို့လေးတွေကို လိုအပ်တာတွေ ပံ့ပိုးပေးပြီး တိုက်ပွဲတိုင်း အောင်မြင်ကာ အန္တရာယ်ကင်းစေဖို့ ဆုတောင်းပေးနေကြတာပါ တိုက်ပွဲမှာလည်း အသက်ကိုရင်းကာ ရဲရဲဝင့်ဝင့် ရှေ့ဆုံးကနေ ခုခံကာကွယ်ကြသလို

တိုက်ပွဲနောက်ကွယ်မှာလည်း ပင်ပန်းတာတွေ အဆင်မပြေမှုတွေကို မေ့ထားပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ကြသူတွေလည်းဖြစ်ပါတယ် အခုလည်း PDF နဲ့ KNU က ရဲဘော်တွေ ခဏတာ အနားယူချိန်လေးမှာ သီချင်းတွေ သံပြိုင်ဆိုရင်း

စိတ်အပန်းဖြေနေကြတာ တွေ့ရပါတယ် ။ ပရိသတ်ကြီးလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်က လူငယ်လေးတွေနဲ့ KNU ကရဲဘော်တွေရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ်

CRD_

About the author

fella

Leave a Comment