Knowledge


Written by fella






ဗီဒီယိုဖိုင်ကြည့်ရန်

ယူနီကုတ်

လမ်းဘေးခွေး(၃၀၀) ကျော်ကို (၁၄)နှစ်လုံးလုံး ရက်မပျက်ပဲ တစ်ရက်ငါးသောင်းဖိုး ကုန်ကျခံ ကျွေးမွေးနေခဲ့သူ ( ဗီဒီယိုဖိုင် )

မုံရွာမြို့ နေရာအနှံ့က လမ်းဘေးခွေး အကောင် ၃၀၀ ကျော်ကို ညနေတိုင်း တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးခန့် ထမင်းနဲ့ ကြက်ခေါင်းဟင်းကိုနယ်ပြီး မြို့အနှံ့နေရာစုံလိုက်လံကျွေးမွေး၊ တိရိစ္ဆာန်များရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနေတဲ့

ဦးခင်မောင်ဆန်း၊ အများကခေါ်ကြတဲ့ ဂျပန်ကြီးဆိုတဲ့ လေးစားဖွယ်ရာ ဦးလေးတစ်ဦး ရှိပါတယ်။သူဟာ အခုလို လမ်းဘေးခွေးများကို နေ့စဉ်နေ့တိုင်း လိုက်လံကျွေးမွေးနေခဲ့တာ

တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးနှင့် နှစ်ပေါင်း ၁၄ နှစ်အတွင်းမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူးလို့လည်းဆိုပါတယ်။တစ်ခါတစ်လေ သူနားတဲ့ရက်တွေမှာဆို သူရဲ့တပည့်ကို ကျွေးခိုင်းတာဖြစ်ပြီး

အခုလို ကျွေးမွေးရတဲ့အပေါ်မှာ ဘာမျှော်လင့်ချက်မှလည်း မထားကြောင်း ဦးခင်မောင်ဆန်းက ပြောပါတယ်။

About the author

fella

Leave a Comment