News

စစ်ဘေးဒုက္ခသည်စခန်းရောက် ဆရာဝန်မလေး ဖွင့်ဟလာတဲ့ စစ်ဘေးရှောင် အဘ ကြီးတစ်ဦးရဲ့ စိတ်ဒဏ်ရာ များ….

Written by fella

စစ်ဘေးဒုက္ခသည်စခန်းရောက် ဆရာဝန်မလေး ဖွင့်ဟလာတဲ့ စစ်ဘေးရှောင် အဘ ကြီးတစ်ဦးရဲ့ စိတ်ဒဏ်ရာ များ….

သူကဆရာဝန်လေ လို့မိတ်ဆက်ပေးတော့ အော်ဆိုပြီး ပြုံးတယ် တကယ်ဆရာဝန်လား လို့မေးတော့ တကယ်ပေါ့အဘရဲ့ အတုထင်လို့လားဆိုတော့ ရယ်တယ် ကျွန်တော် လူနာကြည့်နေရင် မလှမ်းမကမ်းကနေ ရပ်ရပ်ကြည့်နေတတ်တယ် ကျွန်တော်ရှိတဲ့နေရာကိုခဏခဏလာတတ်တယ် အဘပြောစရာရှိလို့လားမေးရင် မျက်လုံးလေးတွေဝိုင်းသွားပြီးမှ သက်ပြင်းချပြီး ခေါင်းခါပြတတ်တယ်

ရင်ထဲမှာတော့တခုခုရှိနေပုံပေါ်တယ် နောက်မှသိရတာက အဘက မင်းတပ်တိုက်ပွဲတွေမစခင်လေး အဲ့ကနေ မြစ်ကြီးနားက သားဆီအလည်သွားသတဲ့ အပြန်ကျ အဘစီးလာတဲ့ကားအဖမ်းခံရပါလေရော အကြောင်းအရင်းက လူငယ်တွေများလို့တဲ့ ဖမ်းထားတဲ့ယောကျာ်းတွေအကုန် လုံး အဘအပါ အားလုံးကို အကျီ် ချွတ်ပြီး ဒူးထောက်ခိုင်းတယ် ပြီးရေနဲ့ပက်တယ်တဲ့ တခြားလူငယ်တွေကိုတော့ ရိုက်တယ်

သူ့ကိုတော့မရိုက်ဘူးတဲ့ သူ့အိတ်ထဲက သူ့သားကန်တော့လိုက်တဲ့ပိုက်ဆံတွေအကုန်ယူသွားတယ်တဲ့ Phပါယူမယ်လုပ်တော့ အဘက ဒါလေးတော့မယူပါနဲ့လို့တောင်းပန်တော့ လက်ကိုပုတ်ချတယ် အဘိုးကြီး အသားနာချင်နေသလားလို့မေးတယ်တဲ့ နောက် အထက်အရာရှိတယောက်ရောက်လာတော့ မင်းတို့ ဒီလောက်အသက်ကြီးတဲ့အဘိုးကြီးကိုတော့မဖမ်းပါနဲ့ကွာ ပြန်လွှတ်ပေးလိုက်ပါလို့ ပြောလို့ ပြန်လွတ်လာသတဲ့ သူ့phလေးပြန်ပေးဖို့ပြောတော့ အဲ့အရာရှိကပဲ သိမ်းသွားတဲ့သူဆီကတောင်းပေးတယ် နောက်ပခုက္ကူလိုင်းကားပေါ်တင်ပေးတယ်တဲ့

ကားဆရာကို သူသွားချင်တဲ့နေရာထိ ရောက်အောင်ပို့ပေးလိုက်ပါဆိုပြီးအပ်ပေးလိုက်တယ်တဲ့ အဘက အဲ့ကတည်းက စကားသိပ်မပြောတော့ဘူး အစားလည်းသိပ်မစားတေတာ့ဘူး ညဘက်ဆိုလည်း မအိပ်ဘူးတဲ့ တနေရာရာက အသံတခုခုကြားရင် စစ်သားတွလာနေပြီ ပြေးကြစို့ဆိုပြီး အထုပ်တွေသိမ်းတော့တာပဲတဲ့ သူ့သမီးပြောပြတဲ့အဘအကြောင်း Post Traumatic stress disorder Memories of trauma ကြောင့် အဲ့ကတည်းက အဘက ကျွန်တော့်ဆီလာတာ ကျွန်တော်မစောင့်တော့ဘူး ကျွန်တော်က အဘဆီသွားတယ်

စကားတွေပြောတယ် သူပြောတာတွေနားထာင်ပေးတယ် ကျွန်တော် အပြင်သွားရင်အဘကိုခေါ်သွားတယ် နေသာတဲ့နေ့တွေ အဘငါးသွားဖမ်းရအောင်လို့ပြောရင် ပြုံးသွားတယ် ပြီးအထဲဝင်သွားတယ် အဘသွားမယ်လေ ဘာလုပ်နေတာလဲဆို ပလိုင်းယူနေတာ မိတဲ့ငါးတွေထည့်ဖို့တဲ့ အဘက ကလေးလိူပဲ ကန်ထဲက ငါးဖမ်းတဲ့သူတွေကပစ်ပေးလိုက်တဲ့ငါးတွေကို အပြေးအလွှားလိုက်ဖမ်းပြီး ပျော်နေတတ်တယ်

အဲ့ရက်ပိုင်းတွေကောင်းကောင်းအိပ်ပျော်တယ် ကောင်းကောင်းလည်းစားတယ်တဲ့ တရက်ကျ အဘကကြက်သားစားချင်တယ်လို့ပြောတယ် အဘစားချင်ရင်ရစေရမယ်ဆိုပြီး ကျွန်တော်လည်း တရွာဝင်တရွာထွက်လိုက်ရှာတာ မနက် ၁၀ နာရီက သွားတာ ညနေ၅နာရီမှပဲပြန်ရောက်တယ် ကင်ပြီးကျွေးတော့ အားရပါးရစားရှာတယ် အသားမစားရတာကြာပြီတဲ့

တခါတလေ ပျောက်ပျောက်သွားလို့ ဘယ်ရောက်နေလဲမေးရင် မင်းတပ်ကို သွားကြည့်တာတဲ့ ကျွန်တော်တို့နေတဲ့နေရာက မင်းတပ်ကို လှမ်းမြင်ရတာကိုး ဟိုဘက်တောင်ကြော ဒီဘက်တောင်ကြောဆိုတော့ မင်းတပ်ကို ပြန်ချင်တယ်ဆရာမတဲ့ ပြန်ရမှာပေါ့အဘရယ် ကျွန်တော်လိုက်ပို့ပေးမှာပေါ့လို့ပြောရင် ပြုံးသွားတတ်တယ် ဒါတွေအားလုံးပြီးရင် ဆိုတဲ့စကားကိုတော့ ကျွန်တော်မပြောဖြစ်လိုက်ဘူး

ဘယ်တော့ပြီးမလဲ လို့ပြန်မေးလာခဲ့ရင် ကျွန်တော့်မှာအဖြေမရှိလို့ ဘာပဲဖြစ်ဖြစ် ပြန်ရမယ်ဆိုတဲ့အတွေးနဲ့ပဲ ပျော်နေတာကောင်းပါတယ် ကျွန်တော်ပြောဖူးတယ် ဒီနေရာလေးမှာတော့ ကျွန်တော်က physician ကျွန်တော်ကပဲsurgeon ပြီးတော့ ကျွန်တော်ကပဲ psychiatrist ပါ

မူရင်းပိုစ့်-

CRD-A Nyein

About the author

fella

Leave a Comment