ရန္ကုန္ၿမိဳ႕ရဲ႕ က်ဴးေက်ာ္ရပ္ကြက္ကလူေတြဟာ စားစရာမရွိေတာ့လို႔ ႂကြက္၊ ေႁမြနဲ႔ အင္းဆက္ေတြကို ဖမ္းစားေနၾကရပါတယ္လို႔ ေရးလိုက္တဲ့ စင္ကာပူသတင္းစာ

ရန္ကုန္ၿမိဳ႕ရဲ႕ က်ဴးေက်ာ္ရပ္ကြက္ကလူေတြဟာ စားစရာမရွိေတာ့လို႔ ႂကြက္၊ ေႁမြနဲ႔ အင္းဆက္ေတြကို ဖမ္းစားေနၾကရပါတယ္လို႔ ေရးလိုက္တဲ့ စင္ကာပူသတင္းစာ

( သနားသလိုလို၊ က႐ုဏာႀကီးသလိုလိုနဲ႔ ေရနစ္သူေတြကို ဝါးကူထိုးကာ ထပ္ႏွစ္ခ်င္တဲ့ သေဘာလား စကၤာပူ သတင္းစာ….)

*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။

ဒါမ်ိဳးအေရးအသားေတြဟာ မီဒီယာက်င့္ဝတ္နဲ႔ ညီမညီမသိေပမယ့္ ဖတ္ရတာ အေတာ္စိတ္ပ်က္စရာပါပဲ။

ျမန္မာအစိုးရဟာ ကိုဗစ္ကာလအတြင္း ဆင္းရဲသားေတြကို စားစရာအထုပ္တထုပ္တခါေပးခဲ့ၿပီး၊ ၁၅ ေဒၚလာနဲ႔ညီမွ်တဲ့ေထာက္ပံ့ေငြ ၃ ႀကိမ္ေပးခဲ့ပါတယ္။ ႏိုင္ငံတဝွမ္း လူ ၂၀၀၀ ကိုေမးၾကည့္ခဲ့ရာ အိမ္ေထာင္စုရဲ႕ ၇၅% ဟာ စားစရာ၊ ေဆးဝါးနဲ႔ လိုအပ္တာေလးေတြဝယ္ဖို႔ ေခ်းငွားေနၾကရပါတယ္။

နာမည္ေက်ာ္သမိုင္းပညာရွင္ေဒါက္တာကေတာ့ ျမန္မာျပည္မွာ social welfare network ေကာင္းေကာင္းမရွိတာ၊ ျပည္ပေရာက္မိသားစုဝင္ေတြဆီကလႊဲေငြေတြ မလာတဲ့အခါ ျပည္သူေက်ာမြဲေတြမွာ ေက်ာေပၚကအက်ႌစုတ္တထည္ကလြဲၿပီး ဘာမွပိုင္ဆိုင္မႈေတြ မရွိၾကရွာပါဘူးတဲ့ေလ။

ကြၽန္ေတာ္တို႔အစိုးရဟာ စင္ကာပူလိုမခ်မ္းသာေတာ့ ျပည္သူကို ဘီလီယံရာနဲ႔ခ်ီၿပီး မေထာက္ပံ့ေပးႏိုင္ရွာတာကို ဝန္ခံပါတယ္။ ဒါေပမယ့္ ျမန္မာ့စိတ္ရင္းနဲ႔ သဒၵါတရားေတြဟာ စင္ကာပူထက္ အဆတစ္ရာမကသာပါတယ္။ တိုင္းျပည္ဆင္းရဲတာ ရွက္စရာမဟုတ္ပါဘူး။

အစိုးရက အကန္႔အသတ္နဲ႔ရွိတဲ့အင္အားသုံးၿပီး ႀကိဳးစားေဆာင္႐ြက္ေနေသးသ၍ ျပည္သူဟာ အစိုးရနဲ႔ တသားတည္းရပ္ေနၾကအုံးမွာပါပဲ။ ငရဲကလာခဲ့ၾကသူေတြမို႔ ျပာပူကိုထူးမေၾကာက္ေတာ့ပါဘူး။

သနားသလိုလို၊ က႐ုဏာႀကီးသလိုလိုနဲ႔ ေရနစ္သူေတြကို ဝါးကူထိုးကာ ထပ္ႏွစ္ခ်င္တဲ့ သေဘာထားမမွန္သူေတြကိုေတာ့ ဘယ္လိုမွ လက္မခံႏိုင္ပါဘူး။ 😪

မူရင္း စကၤာပူ သတင္းစာလင့္

https://www.msn.com/en-gb/news/world/eating-rats-myanmars-second-lockdown-drives-hunger-in-city-slums/ar-BB1ak5NW?fbclid=IwAR2TzeAuEYdc6vyESGUJWnfUL4tZ4FBwOHF9C2nJTJYcU0TJ4XW7_KrZ_cU

CRD_Zin Min Nyein

ယူနီကုတ္

ရန်ကုန်မြို့ရဲ့ ကျူးကျော်ရပ်ကွက်ကလူတွေဟာ စားစရာမရှိတော့လို့ ကြွက်၊ မြွေနဲ့ အင်းဆက်တွေကို ဖမ်းစားနေကြရပါတယ်လို့ ရေးလိုက်တဲ့ စင်ကာပူသတင်းစာ

( သနားသလိုလို၊ ကရုဏာကြီးသလိုလိုနဲ့ ရေနစ်သူတွေကို ဝါးကူထိုးကာ ထပ်နှစ်ချင်တဲ့ သဘောလား စင်္ကာပူ သတင်းစာ….)

ဒါမျိုးအရေးအသားတွေဟာ မီဒီယာကျင့်ဝတ်နဲ့ ညီမညီမသိပေမယ့် ဖတ်ရတာ အတော်စိတ်ပျက်စရာပါပဲ။

မြန်မာအစိုးရဟာ ကိုဗစ်ကာလအတွင်း ဆင်းရဲသားတွေကို စားစရာအထုပ်တထုပ်တခါပေးခဲ့ပြီး၊ ၁၅ ဒေါ်လာနဲ့ညီမျှတဲ့ထောက်ပံ့ငွေ ၃ ကြိမ်ပေးခဲ့ပါတယ်။ နိုင်ငံတဝှမ်း လူ ၂၀၀၀ ကိုမေးကြည့်ခဲ့ရာ အိမ်ထောင်စုရဲ့ ၇၅% ဟာ စားစရာ၊ ဆေးဝါးနဲ့ လိုအပ်တာလေးတွေဝယ်ဖို့ ချေးငှားနေကြရပါတယ်။

နာမည်ကျော်သမိုင်းပညာရှင်ဒေါက်တာကတော့ မြန်မာပြည်မှာ social welfare network ကောင်းကောင်းမရှိတာ၊ ပြည်ပရောက်မိသားစုဝင်တွေဆီကလွှဲငွေတွေ မလာတဲ့အခါ ပြည်သူကျောမွဲတွေမှာ ကျောပေါ်ကအင်္ကျီစုတ်တထည်ကလွဲပြီး ဘာမှပိုင်ဆိုင်မှုတွေ မရှိကြရှာပါဘူးတဲ့လေ။

ကျွန်တော်တို့အစိုးရဟာ စင်ကာပူလိုမချမ်းသာတော့ ပြည်သူကို ဘီလီယံရာနဲ့ချီပြီး မထောက်ပံ့ပေးနိုင်ရှာတာကို ဝန်ခံပါတယ်။ ဒါပေမယ့် မြန်မာ့စိတ်ရင်းနဲ့ သဒ္ဒါတရားတွေဟာ စင်ကာပူထက် အဆတစ်ရာမကသာပါတယ်။ တိုင်းပြည်ဆင်းရဲတာ ရှက်စရာမဟုတ်ပါဘူး။

အစိုးရက အကန့်အသတ်နဲ့ရှိတဲ့အင်အားသုံးပြီး ကြိုးစားဆောင်ရွက်နေသေးသ၍ ပြည်သူဟာ အစိုးရနဲ့ တသားတည်းရပ်နေကြအုံးမှာပါပဲ။ ငရဲကလာခဲ့ကြသူတွေမို့ ပြာပူကိုထူးမကြောက်တော့ပါဘူး။

သနားသလိုလို၊ ကရုဏာကြီးသလိုလိုနဲ့ ရေနစ်သူတွေကို ဝါးကူထိုးကာ ထပ်နှစ်ချင်တဲ့ သဘောထားမမှန်သူတွေကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ 😪

CRD_Zin Min Nyein

Add a Comment

Your email address will not be published. Required fields are marked *