ယနေ့ ဂန့်ဂေါ ပစ်ခတ်မှုမှာ ကျဆုံးသွားခဲ့ရတဲ့ းအထက်တန်းကျောင်းသားလေးတွေအတွက် တာဝန်ကျေကြောင်း မျက်ရည်နဲ့ရေးတဲ့ဆရာမလေးရေးတဲ့စာ

ဒီကနေ့ စက်တင်ဘာ ၁၀ ရက်မနက်ပိုင်းက ဂန့်ဂေါ ပစ်ခတ်မှုမှာ ကျဆုံးသွားခဲ့ရတဲ့ ကျောင်းသား လူငယ်လေးတွေနဲ့ပတ်သတ်ပြီး သူတို့ ဆရာမလေး ရဲ့ ရင်ဖွင့်ရေးသား ခဲ့တဲ့ စာတစ်စောင်ဟာ အွန်လိုင်းပေါ်မှာပျံနှံခဲ့ပါတယ်။ဒီနေ့ ဂန့်ဂေါပစ်ခတ်မှုတွေမှာ ဒေသခံလူငယ်လေးတွေ ဆယ်ဦးထက်မနည်းကျဆုံးခဲ့သလို အများစုဟာအထက်တန်းတက်နေတဲ့ ကျောင်းသားလူငယ်တွေပါ။ ဆရာမလေးကတော့သူတပည့်တွေကိုတာဝန်ကြေကြောင်းသတင်းစကားပါးခဲ့လိုက်တာဖြစ်ပါတယ်။ ကျမသိပ်ချစ်ရတဲ့အချစ်ဆုံးတပည့်လေးတေ သွားနှင့်အုံးတော့သားတို့ရေ

ကောင်းရာအရပ်မှာ ငြိမ်းချမ်းစွာအနားယူကြပါတော့ ၊ ဆရာမ ညဘက်လမ်းလျှောက်ထွက်ရင် ဆရာမလေးတစ်ယောက်ထဲ ဘယ်ဖြစ်မလဲ ကျွန်တော်တို့လိုက်ခဲ့ပေးမယ် ဘယ်နေရာမှာတွေ့တွေ့ ဆရာမကိုတွေ့ရင် သူတို့ကိုခနခနဆုံးမတတ်လို့ ဆရာမလေး တပည့်မိုက်လေးတေဆိုပီး မချစ်တော့ဘူးလောမေးတတ်တဲ့ကလေးတွေသားတို့ရေ ဆရာမကလေးတေက တပည့်မိုက်လေးတေမဟုတ်ပါဘူး လိမ်မာလွန်းလို့ စိတ်မချတာပါ သားတို့ ငယ်လွန်သေးလို့ ဘယ်အဖွဲ့မှမလိုက်ဖို့ ပြောခဲ့မိတာပါ ခုတော့ရွာအတွက်ရော တိုင်ပြည်အတွက်ရောပေးဆပ်သွားကြတာ

တာဝန်ကျေလွန်းပါတယ်။ သားတို့အတွက် ဝမ်းနည်းရလွန်းလို့ ငိုစရာမျက်ရည်တွေခမ်းနေပီ ကြေကွဲစရာအသဲတေ ရင်ဘတ်တေ မရှိတော့လောက်အောင်ပါပဲ သားတို့အတွက် ဆရာမတို့တတ်နိုင်တဲ့ဘက်က တိုက်ပွဲဝင်သွားမှာပါ စနစ်ဆိုးမှာပညာဆက်မသင်ဘူးဆရာမလေးလိူ့ပြောတဲ့သားတို့စကားတေကို ဆရာမအမြဲကြားယောင်နေမိပီကျန်တဲ့တပည့်လေးတေပုံကျမမှာမရှိလို့ပါ

ကျမတပည့်တေ အဖွဲ့အားလုံးအတွက် ဝမ်းနည်းကြေကွဲရမဆုံးနိုင်တော့ပါဘူး လို့ဆရာမလေးကရေးသားထားခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ကိုင်းတိုင်းအတွင်းကကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီးဒေသခံသောင်းချီဟာထွက်ပြေးတိန်းရှောင်နေရပါတယ်။

crd-BWN

ယူနီကုတ္

ယေန႔ ဂန႔္ေဂါ ပစ္ခတ္မႈမွာ က်ဆုံးသြားခဲ့ရတဲ့ းအထက္တန္းေက်ာင္းသားေလးေတြအတြက္ တာဝန္ေက်ေၾကာင္း မ်က္ရည္နဲ႔ေရးတဲ့ဆရာမေလးေရးတဲ့စာ

ဒီကေန႔ စက္တင္ဘာ ၁၀ ရက္မနက္ပိုင္းက ဂန႔္ေဂါ ပစ္ခတ္မႈမွာ က်ဆုံးသြားခဲ့ရတဲ့ ေက်ာင္းသား လူငယ္ေလးေတြနဲ႔ပတ္သတ္ၿပီး သူတို႔ ဆရာမေလး ရဲ့ ရင္ဖြင့္ေရးသား ခဲ့တဲ့ စာတစ္ေစာင္ဟာ အြန္လိုင္းေပၚမွာပ်ံႏွံခဲ့ပါတယ္။ဒီေန႔ ဂန႔္ေဂါပစ္ခတ္မႈေတြမွာ ေဒသခံလူငယ္ေလးေတြ ဆယ္ဦးထက္မနည္းက်ဆုံးခဲ့သလို အမ်ားစုဟာအထက္တန္းတက္ေနတဲ့ ေက်ာင္းသားလူငယ္ေတြပါ။ ဆရာမေလးကေတာ့သူတပည့္ေတြကိုတာဝန္ေၾကေၾကာင္းသတင္းစကားပါးခဲ့လိုက္တာျဖစ္ပါတယ္။ က်မသိပ္ခ်စ္ရတဲ့အခ်စ္ဆုံးတပည့္ေလးေတ သြားႏွင့္အုံးေတာ့သားတို႔ေရ

ေကာင္းရာအရပ္မွာ ၿငိမ္းခ်မ္းစြာအနားယူၾကပါေတာ့ ၊ ဆရာမ ညဘက္လမ္းေလၽွာက္ထြက္ရင္ ဆရာမေလးတစ္ေယာက္ထဲ ဘယ္ျဖစ္မလဲ ကၽြန္ေတာ္တို႔လိုက္ခဲ့ေပးမယ္ ဘယ္ေနရာမွာေတြ႕ေတြ႕ ဆရာမကိုေတြ႕ရင္ သူတို႔ကိုခနခနဆုံးမတတ္လို႔ ဆရာမေလး တပည့္မိုက္ေလးေတဆိုပီး မခ်စ္ေတာ့ဘူးေလာေမးတတ္တဲ့ကေလးေတြသားတို႔ေရ ဆရာမကေလးေတက တပည့္မိုက္ေလးေတမဟုတ္ပါဘူး လိမ္မာလြန္းလို႔ စိတ္မခ်တာပါ သားတို႔ ငယ္လြန္ေသးလို႔ ဘယ္အဖြဲ႕မွမလိုက္ဖို႔ ေျပာခဲ့မိတာပါ ခုေတာ့ရြာအတြက္ေရာ တိုင္ျပည္အတြက္ေရာေပးဆပ္သြားၾကတာ

တာဝန္ေက်လြန္းပါတယ္။ သားတို႔အတြက္ ဝမ္းနည္းရလြန္းလို႔ ငိုစရာမ်က္ရည္ေတြခမ္းေနပီ ေၾကကြဲစရာအသဲေတ ရင္ဘတ္ေတ မရွိေတာ့ေလာက္ေအာင္ပါပဲ သားတို႔အတြက္ ဆရာမတို႔တတ္နိုင္တဲ့ဘက္က တိုက္ပြဲဝင္သြားမွာပါ စနစ္ဆိုးမွာပညာဆက္မသင္ဘူးဆရာမေလးလိူ႔ေျပာတဲ့သားတို႔စကားေတကို ဆရာမအျမဲၾကားေယာင္ေနမိပီက်န္တဲ့တပည့္ေလးေတပုံက်မမွာမရွိလို႔ပါ

က်မတပည့္ေတ အဖြဲ႕အားလုံးအတြက္ ဝမ္းနည္းေၾကကြဲရမဆုံးနိုင္ေတာ့ပါဘူး လို႔ဆရာမေလးကေရးသားထားခဲ့ပါတယ္။ လက္ရွိမွာေတာ့ စစ္ကိုင္းတိုင္းအတြင္းကေက်းရြာေတြမွာ တိုက္ပြဲေတြျဖစ္ပြားေနၿပီးေဒသခံေသာင္းခ်ီဟာထြက္ေျပးတိန္းေရွာင္ေနရပါတယ္။

crd-BWN

Leave a Comment

Your email address will not be published. Required fields are marked *