မြန်မာလို ဖွဲ့ဖြိုးဆဲနိုင်ငံတွေမှာ ဘာသာရေးသမားတွေ ဘာကြောင့် နေရာရနေကြတာလဲ……

ဖွံဖြိုးပြီးနိုင်ငံတွေမှာ ဘာသာရေးသမားတွေ သိပ်ပြီးနေရာမရကြဘူး။ ဧည့်လမ်းညွှန်ဘဝမှာ ဆုံခဲ့သမျှဧည့်သည်အတော်များများ ဘုရားကျောင်းသွားတဲ့သူ ရှားတယ်။ တစ်နှစ်ကို တစ်ခေါက်တောင် မရောက်ကြတော့ဘူး။ ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတာကို သူတို့က တကယ်သိသွားပြီးတဲ့နောက် ဘယ်ဘုရားကိုမှ အားမကိုးတော့ဘူး။ အဲ့ဒီအကြောင်းကို စသိခါစက ကိုယ့်မှာ အံ့ဩယူရတယ်။ အဲ့ဒီတုန်းက ကိုယ့်အမြင်တွေမပြောင်းသေးဘူး။ ကျွန်တော်တို့အမြင်မှာ “ဘာသာရေးကိုင်းရှိုင်းတဲ့သူ” ဆိုတဲ့ ဂုဏ်ပုဒ်ဟာ လုံးဝဂုဏ်ယူစရာ အကောင်း

လက္ခဏာဆောင်ပါတယ်။ သူတို့အမြင်မှာတော့ “He is very religious” ဆိုတာဟာ သိပ်တော့ကောင်းမနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာဖြစ်နေတဲ့ ပဋိပက္ခအတော်များများက ဘာသာရေးအစွန်းရောက်တွေကြောင့်ဖြစ်ကြရတာများတယ်လို့ ယူဆထားကြတယ်။ ကမ္ဘာ့သမိုင်းမှာကြည့်ပြန်ရင်လည်း အရှည်ကြာဆုံးစစ်ပွဲဟာ နှစ် ၂၀၀ နီးပါးကြာရှည်ခဲ့တဲ့ ဘာသာရေးစစ်ပွဲတွေပါပဲ။ တစ်ချိန်တုန်းကတော့ ဒီစကားတွေ ထုတ်မပြောဖြစ်ဘူး။ ရှေးရိုးစွဲပုဂ္ဂိုလ်တွေရဲ့ မရိုးအီနိုင်တဲ့ အကြောင်းပြချက်ကြောင့်လည်းပါတယ်။ “သူတို့နိုင်ငံတွေက တိုးတက်ပေမယ့်

တို့မြန်မာပြည်လောက် မအေးချမ်းပါဘူး။ ရိုသေလေးစားမှုလည်းမရှိကြ၊ အရှက်တရားလည်းမရှိကြနဲ့။ အဲ့ဒါတွေကြောင့် မကြားဖူးတာတွေကြားရ၊ မဖြစ်ဖူးတာတွေဖြစ်ကြနဲ့ ခဏခဏ ဒုက္ခရောက်ကြတာ။” အဲ့ဒီ စကားပြောခဲ့သူတွေ အခုရော ဘာစကားပြောမလဲလို့ မေးကြည့်ချင်သေးတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ဆီမှာ သိတာနဲ့ ကျင့်တာကို သိပ်မကွဲကြဘူး။ ဥပမာ တရားတွေနာ၊ ဘုရားစာတွေကျက်ပြီး သိနေတာကို ပီတိတွေသိပ်ဖြစ်ကြတယ်။ တစ်ခါတစ်လေ ဘာသာရေးကို ဂုဏ်ဆာပြီးလုပ်တာမျိုးကရှိသေး။ သိပေမယ့် ကျင့်သလားဆိုတော့ တကယ်ကျင့်တဲ့လူက

လက်ချိုးရေလို့ရတယ်။ ဘုရားဟောတရားတွေကို တကယ်သာကျင့်ကြံရင် ကျွန်တော်တို့နိုင်ငံ ထိပ်ဆုံးကိုရောက်နေတာကြာပြီ။ အမှုအခင်းတွေလည်းနည်းပါးနေပြီ။ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက ဘာသာရေးကို အပေါစားဆန်ဆန်ကိုးကွယ်တဲ့သူတွေ သိပ်များတယ်။ အဲ့ဒါကြောင့်လဲ ဘာသာရေးနဲ့ မှိုင်းတိုက်လို့ရတယ်၊ လိမ်ရတာသိပ်လွယ်တယ်။ ဘုရားက သဒ္ဓါနဲ့ ပညာ မျှတပါစေလို့ ဟောခဲ့တယ်။ ကျွန်တော်တို့တွေက ဘယ်ဘက်ကို ပိုအလေးသာနေတယ် ထင်လဲ???

crd-Ye Htwe

ယူနီကုတ္

ျမန္မာလို ဖြဲ႕ၿဖိဳးဆဲနိုင္ငံေတြမွာ ဘာသာေရးသမားေတြ ဘာေၾကာင့္ ေနရာရေနၾကတာလဲ……

ဖြံၿဖိဳးၿပီးနိုင္ငံေတြမွာ ဘာသာေရးသမားေတြ သိပ္ၿပီးေနရာမရၾကဘူး။ ဧည့္လမ္းညႊန္ဘဝမွာ ဆုံခဲ့သမၽွဧည့္သည္အေတာ္မ်ားမ်ား ဘုရားေက်ာင္းသြားတဲ့သူ ရွားတယ္။ တစ္ႏွစ္ကို တစ္ေခါက္ေတာင္ မေရာက္ၾကေတာ့ဘူး။ ကိုယ္လုပ္မွ ကိုယ္ရမယ္ဆိုတာကို သူတို႔က တကယ္သိသြားၿပီးတဲ့ေနာက္ ဘယ္ဘုရားကိုမွ အားမကိုးေတာ့ဘူး။ အဲ့ဒီအေၾကာင္းကို စသိခါစက ကိုယ့္မွာ အံ့ဩယူရတယ္။ အဲ့ဒီတုန္းက ကိုယ့္အျမင္ေတြမေျပာင္းေသးဘူး။ ကၽြန္ေတာ္တို႔အျမင္မွာ “ဘာသာေရးကိုင္းရွိုင္းတဲ့သူ” ဆိုတဲ့ ဂုဏ္ပုဒ္ဟာ လုံးဝဂုဏ္ယူစရာ အေကာင္း

လကၡဏာေဆာင္ပါတယ္။ သူတို႔အျမင္မွာေတာ့ “He is very religious” ဆိုတာဟာ သိပ္ေတာ့ေကာင္းမေနပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကမၻာမွာျဖစ္ေနတဲ့ ပဋိပကၡအေတာ္မ်ားမ်ားက ဘာသာေရးအစြန္းေရာက္ေတြေၾကာင့္ျဖစ္ၾကရတာမ်ားတယ္လို႔ ယူဆထားၾကတယ္။ ကမၻာ့သမိုင္းမွာၾကည့္ျပန္ရင္လည္း အရွည္ၾကာဆုံးစစ္ပြဲဟာ ႏွစ္ ၂၀၀ နီးပါးၾကာရွည္ခဲ့တဲ့ ဘာသာေရးစစ္ပြဲေတြပါပဲ။ တစ္ခ်ိန္တုန္းကေတာ့ ဒီစကားေတြ ထုတ္မေျပာျဖစ္ဘူး။ ေရွးရိုးစြဲပုဂၢိဳလ္ေတြရဲ့ မရိုးအီနိုင္တဲ့ အေၾကာင္းျပခ်က္ေၾကာင့္လည္းပါတယ္။ “သူတို႔နိုင္ငံေတြက တိုးတက္ေပမယ့္

တို႔ျမန္မာျပည္ေလာက္ မေအးခ်မ္းပါဘူး။ ရိုေသေလးစားမႈလည္းမရွိၾက၊ အရွက္တရားလည္းမရွိၾကနဲ႔။ အဲ့ဒါေတြေၾကာင့္ မၾကားဖူးတာေတြၾကားရ၊ မျဖစ္ဖူးတာေတြျဖစ္ၾကနဲ႔ ခဏခဏ ဒုကၡေရာက္ၾကတာ။” အဲ့ဒီ စကားေျပာခဲ့သူေတြ အခုေရာ ဘာစကားေျပာမလဲလို႔ ေမးၾကည့္ခ်င္ေသးတယ္။ ေနာက္တစ္ခ်က္က ကၽြန္ေတာ္တို႔ဆီမွာ သိတာနဲ႔ က်င့္တာကို သိပ္မကြဲၾကဘူး။ ဥပမာ တရားေတြနာ၊ ဘုရားစာေတြက်က္ၿပီး သိေနတာကို ပီတိေတြသိပ္ျဖစ္ၾကတယ္။ တစ္ခါတစ္ေလ ဘာသာေရးကို ဂုဏ္ဆာၿပီးလုပ္တာမ်ိဳးကရွိေသး။ သိေပမယ့္ က်င့္သလားဆိုေတာ့ တကယ္က်င့္တဲ့လူက

လက္ခ်ိဳးေရလို႔ရတယ္။ ဘုရားေဟာတရားေတြကို တကယ္သာက်င့္ႀကံရင္ ကၽြန္ေတာ္တို႔နိုင္ငံ ထိပ္ဆုံးကိုေရာက္ေနတာၾကာၿပီ။ အမႈအခင္းေတြလည္းနည္းပါးေနၿပီ။ ကၽြန္ေတာ္တို႔ ဖြံ့ၿဖိဳးဆဲနိုင္ငံေတြမွာက ဘာသာေရးကို အေပါစားဆန္ဆန္ကိုးကြယ္တဲ့သူေတြ သိပ္မ်ားတယ္။ အဲ့ဒါေၾကာင့္လဲ ဘာသာေရးနဲ႔ မွိုင္းတိုက္လို႔ရတယ္၊ လိမ္ရတာသိပ္လြယ္တယ္။ ဘုရားက သဒၶါနဲ႔ ပညာ မၽွတပါေစလို႔ ေဟာခဲ့တယ္။ ကၽြန္ေတာ္တို႔ေတြက ဘယ္ဘက္ကို ပိုအေလးသာေနတယ္ ထင္လဲ???

crd-Ye Htwe

Leave a Comment

Your email address will not be published. Required fields are marked *