မြန်မာပြည်တွင် ရဲ တယောက် ခပ်နွမ်းနွမ်း ဝတ်စုံ နဲ့ လက်ထဲ 500 တန်လေးကိုင်ပီး ရွှေရင်အေး လာဝယ်သော အခါ
|မြန်မာပြည်တွင် ရဲ တယောက် ခပ်နွမ်းနွမ်း ဝတ်စုံ နဲ့ လက်ထဲ 500 တန်လေးကိုင်ပီး ရွှေရင်အေး လာဝယ်သော အခါ
ရဲတယောက် ခပ်နွမ်းနွမ်း ဝတ်စုံနဲ့ လက်ထဲ 500 တန်လေးကိုင်ပီး ကျွန်တော် ရွှေရင်အေးသောက်နေတဲ့ လှည်းလေးဆီ ကိုရောက်လာတယ်။
အစကတော့ ရွှေရင်အေး အသည်ရော
ကျွန်တော်ရော တခြားသောက်နေတဲ့သူတွေပါ မျက်စောင်းထိုးပီး ဘုကြည့် ဝိုင်းကြည့်နေကြတာပေါ့
သူကပြောရှာပါတယ် အုန်းနို့အရည်လေးထဲရေခဲတုံးလေးထည့်ပေးပီး
500 ဖိုးလောက်ရောင်းလို့ရမလားတဲ့ရွှေရင်အေး အသည်ကတော့ ကျုပ်ကတော့ ရဲနဲ့စစ်သားဆို ဈေးမရောင်းဘူးဗျ တခြားမှာသွားဝယ် ဟု မာမာပင် ပြန်ပြောလိုက်တာကိုတွေ့ရတယ်။
အဲ့ ရဲမျက်နှာ ငိုင်ကျသွားတာကို ကျွန်တော်အကုန်သတိထားပေမဲ့ ဘယ်သူမှဝင်မပြောကြဘူးပေါ့။ သူကထပ်ပြောပါတယ်….
” အကို ရေအရမ်းငတ်နေလို့ပါညီလေးရာ တမနက်လုံး ဘာမှမစားရသေးပဲ နေပူကြီးထဲရပ်နေရလို့ပါ
ဖြစ်နိုင်ရင် အကိုတို့လည်း ဒါတွေ မလုပ်ချင်ပါဘူး ညီရယ် ဒီအနီးနားမှာ တခြား ဆိုင်တွေလည်းမရှိတော့ အရမ်း အဆင်မပြေ ဖြစ်နေလို့ပါ
ညီ ရောင်းပေးရင် အကို့အတွက်တော်တော်အဆင်ပြေမှာ ” သူကအဲ့လိုပြောပေမဲ့ ရွေရင်အေးရောင်းတဲ့ ညီလေးကတော့ ခပ်မာမာပဲ…
ကျုပ်ကတော့ ရဲနဲ့စစ်သား ဆို လုံးဝမရောင်းနိုင်ဘူးဗျာ ခဗျားတနေကုန်ထိုင်ပြောလည်းအပိုပဲ တခြားနေရာသာရှာ ဆိုပီးမောင်းထုတ်ပါလေရော….
အဲ့အချိန် ခုန ရဲ က မျက်ရည်တွေစို့တက်လာရင်းလှည့်ပြန်ခါနီးလေး … တုန်ရင်အက်ကွဲနေတဲ့အသံနဲ့ ” အင်းပါ ညီလေးရယ် ညီလေးမရောင်းနိုင်တော့ ဘယ်တတ်နိုင်ပါ့မလဲ….
အခုဆို အကိုတို့အဖြစ်က လူတိုင်းဝိုင်းကြဉ်နေကြပီ။
အကိုတို့ဘဝတွေက ကိုယ်ပိုင်ရွေးချယ်ခွင့်မှမရှိတာလေ အထက် ကပေးတဲ့အမိန့်ကိုပဲ တာဝန်ကျေအောင်လုပ်ရတာပါကွယ် အကို့ရင်ထဲမှာတော့ ပြည်သူတွေနဲ့တစ်သားတည်းပါ။
CDM ကိုလည်းအပြည့်အဝထောက်ခံတဲ့ ပြည်သူ့ရဲ ပါ ညီ။
အကိုတို့တွေ ညဆိုကင်းလှည့်ရတယ် မလှည့်ချင်လည်းအမိန့်ကြောင့်လုပ်ရတယ် မနက်ဆို အစောကြီးထရတယ် အကိုတို့ပြည်သူ့ရဲတွေဘဝကပင်ပန်းပါတယ်
ဒီလို အနေအထား ကြီးမှာလည်းပြည်သူတွေအမုန်းခံပီးနေရတာ တကယ်ဝမ်းနည်းမိပါတယ် အထက်ကဖိအားပေးတဲ့အမိန့်တွေကြောင့်စိတ်မပါလည်းအကိုတို့ လုပ်နေရတာပါ ညီ ရယ်။
ညီ မရောင်းနိုင်ဘူးဆိုမှတော့ အကိုသွားရမှာပေါ့လေ… မနက်ကတည်းရေငတ်နေတာ တစက်မှမသောက်ရသေးလို့ လာဝယ်မိတာပါ ”
သူအဲလိုပြောပီးတော့ ခုန ညီလေးက နှုတ်ဆိတ်ပီးငြိမ်ကျသွားတယ်
ကျန်တဲ့ရွှေရင်အေးထိုင်သောက်နေတဲ့သူတွေလည်း အသံတွေတိတ်ပီး ငိုင်ကြ ကုန်တယ်
ကျွန်တော်လည်းဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်ဇောနဲ့ ငြိမ်ပီးစပ်စုမိတာပေါ့ အဲ့အချိန်မှာပဲ ခုန ညီလေးက တခုခုကိုဆုံးဖြတ်ချပီး ဟန် နဲ့ ပြန်ပြောလိုက်ပါတယ်။
” အကို ” ဟု တည်ငြိမ်စွာခေါ်လိုက်တော့ ခုန ရဲ မှာ မျှော်လင့်ချက်အပြည့်ဝင်းလက်နေတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်နေတာတွေ့လိုက်ရတယ်။
ရေငတ်လို့ တံတွေးကိုအကြိမ်ကြိမ် မျိူချနေရသော ခြောက်သွေ့သော အသံ နဲ့
” ဟုတ်ကဲ့ ပြောပါညီ ” ဟု အားကိုးတကြီးပြန်ထူးလိုက်တယ်။
ခုန ရွေရင်အေးသည် ကောင်လေး မှမျက်နှာလေးပြုံးလျှက်…
” လီးမို့လို စောက်ပိုတွေလာပြောနေတာလား အထက်ကခိုင်းတိုင်းလုပ်ရတာဆို ကိုယ်မေကိုရောပြန်ဠိုးမလား…
စောက်ပိုတွေမပြောနဲ့ ခဗျားကိုသေးတောင်မရောင်းနိုင်ဘူး ဒိုးလိုက်တော့” အော်ဟစ် မောင်းနှင်ရာ ကျန်သူများကလည်း
” အေးလေ စောက်ပိုတွေပြောနေတယ် တုတ်တွေရိုက်တုန်းက ကျ အားရပါးရလှိမ့်ရိုက်နေပီး
ကျက်သရေတုန်းတယ် မောင်းထုတ်စမ်းဆိုကာ ပွစိပွစိ ဝိုင်းပြောနေတော့မှ ခုနထိုရဲမှာ ကုတ်ကုတ်ကလေးပြန်ထွက်သွားတော့သည်။
ရောင်းမယ်ထင်လို့ဆက်ဖတ်နေတာလား :3
ရဲနဲစစ်သားဆို လီးပဲရမယ်…….
ဇော်ဂျီ
ရေငတ်လို့ တံတွေးကိုအကြိမ်ကြိမ် မျိုချနေရသော ခြောက်သွေ့သော အသံ နဲ့