CRD_သက္ကမိုးညို
ယူနီကုတ်
(မိုဘိုင်းအော်ပရေတာတွေ) Mobile Operator မှာ ( ခြေရာခံ စနစ် ) TRACKING စက်တပ်ပြီး သုံးစွဲသူကို ခြေရာခံလိုက်ရင် ဘယ်လို ကာကွယ်နိုင်မလဲ…?
အရေးကြီးတာလေး တခု ပြောရအောင်။ မနေ့ညက အင်တာနက် ဖြတ်တာသည် မိုဘိုင်း အော်ပရေတာ တွေမှာ
tracking စက် လိုက်တပ်ဆင်တာ ပြောတယ်။
ဒီသတင်းသည် တုတု စစ်စစ် သတိထားရမယ့် ကိစ္စ ဖြစ်သလို စစ်အစိုးရ ထုတ်တဲ့
နိုင်ငံသား အခွင့်အရေးကို ရပ်ဆိုင်းထားတဲ့ ဥပဒေအမိန့်တွေနဲ့ ချိတ်ကြည့်ရင် ဖြစ်နိုင်ဖို့ များနေတယ်။
ဒီတော့ သတိထားရမှာလေး ပြောကြည့်ရအောင်။
(ကျွန်တော် နားလည်သလောက်ပါ။ နားလည်သူတွေ ဆက်ရှင်းပြကြပါ)
tracking လိုက်တယ်ဆိုတာ နေ့စဉ် သန်းချီ ပြောနေတဲ့ စကားတွေကို လိုက်နားထောင်မှာ မဟုတ်ပါ။ သူတို့သည် keywords တွေကို ထည့်ပြီး AI နဲ့ ဇလုပ်တိုက်လိုက်မှာပါ။
ဥပမာ နေ့တိုင်း ဆက်နေတဲ့ ခေါ်ဆိုမှု ဆယ်သန်းရှိရင် ဒီထဲမှာ ကိုမင်းကိုနိုင် ဆိုတဲ့ စကား တသိန်းလောက်ပဲ ရှိတော့မယ်။
အဲဒီတသိန်းကမှ အဲဒီနည်းအတိုင်း ဆက်စစ်ပြီးရင် မသင်္ကာဖွယ်ဖုန်းတွေကို ဆက်လိုက်ဖို့ပါ။
ကြောက်ဖို့ မဟုတ်ပါ။ လုပ်စရာ ရှိတာလေးတွေ လုပ်ထားဖို့ပါ
၁- ပြဿနာ ရှိနိုင်သူဆို ဖုန်း ဆင်းကတ် လဲလိုက်ပါ။ အတွင်းလူကိုပဲ အဲဒီဖုန်းပေးပါ။
ကျန်သူနဲ့ ဆက်ဖို့ တခြားဖုန်း သုံးပါ။ စိတ်မချရသူ၊ သူစိမ်းနဲ့ ဆက်မိရင် ဖုန်းကတ်လဲပါ
၂- fb messenger မသုံးပါနဲ့။ signal, telegram စတဲ့ app တွေသုံးပါ။ ဖြစ်နိုင်သမျှ အဲဒီကပဲ ပြောပါ။ ဖုံးခေါ်ပါ။ ပြောထားတာတွေ ပြန်ဖျက်ပါ
၃- ပြောရင်နာမည်တွေ ထည့်ခေါ်တဲ့ အကျင့်ဖျောက်ပါ။ နာမည်ဝှက် သုံးပါ။ အရေးကြီးတဲ့စကားတွေကို စကားဝှက်နဲ့ ခေါ်ပါ။
၄- fb, viber, mrssanger, map စတာတွေမှာ location ပိတ်ထားပါ။ ဖွင့်မသုံးပါနဲ့ Facebook ပြန်ဖွင့်ပေးပြီဆိုရင်တောင် ဖြစ်နိုင်ရင် ယခုပုံစံအတိုင်း VPN ကျော်ပြီးသုံးပါ။
ကျန်တဲ့ လုံခြုံရေး ပရိုတိုကောတွေကို လေ့လာပါ။ အရမ်းလည်း မကြောက်ပါနဲ့။ ဖုန်းနဲ့ မအေရိုး မအလ လို့ ဆဲမိရုံလောက်နဲ့ ကြောက်လန့်ပြီး ငါ့တော့ trace အလိုက်ခံနေရပြီ မထင်နဲ့ဦး။
ဆင်ဖမ်းတာ ခြင်က ငါလည်း နှာမောင်းပါတယ်ဟ ဆိုပြီး ကြောက်မနေနဲ့
CRD_သက္ကမိုးညို