ဘဂၤလားေဒ့႐ွ္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသည့္ ဘဂၤါလီမ်ားကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားမ်ားဟုသာ သတ္မွတ္မည္ဟု ေဆာ္ဒီသံအမတ္ေျပာ

ဘဂၤလားေဒ့႐ွ္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ထားသည့္ ဘဂၤါလီမ်ားကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားမ်ားဟုသာ သတ္မွတ္မည္ဟု ေဆာ္ဒီသံအမတ္ေျပာ

ေဆာ္ဒီအာေရဗ်ႏိုင္ငံသို႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကူးလက္မွတ္ျဖင့္ေရာက္လာသည့္ဘဂၤါလီ (မူရင္းတြင္ ႐ိုဟင္ဂ်ာဟု ေဖာ္ျပ)မ်ားကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားမ်ားအေနျဖင့္ သတ္မွတ္ေၾကာင္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာေဆာ္ဒီသံ အမတ္ႀကီး အစၥဘင္ ယူဆက္ အယ္ဒူဟာအီလန္က တနဂၤေႏြေန႔တြင္ေျပာသည္။

ဘဂၤါလီမ်ားဟုသည့္အသံုးအႏႈန္းျဖင့္သံုးႏႈန္းေၾကာင္း သတင္းေထာက္မ်ားကို႐ွင္းျပခ်ိန္တြင္ ထိုသူမ်ားက ေဆာ္ဒီအာေရဗ်သို႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကူးလက္မွတ္ျဖင့္ေရာက္လာၾကသည္ဟု သတင္းေထာက္မ်ားကို ေျပာသည္။

အေထာက္အထားစာ႐ြက္စာတမ္းမ်ားေပ်ာက္ဆံုးေနသူ သို႔မဟုတ္ သက္တမ္းကုန္ေနသူ ၅၅၀၀၀ ၏စာရင္းကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံသို႔ပို႔ထားေၾကာင္းလည္းေျပာၿပီး ထိုထဲတြင္ ဘဂၤါလီမည္မွ်ပါ၀င္ေၾကာင္း မ႐ွင္းလင္းေခ်။

စာ႐ြက္စာတမ္းမ်ားအသစ္ထုတ္ေပးရန္ သို႔ သက္တမ္းတိုးေပးရန္လိုအပ္ၿပီး ထိုျဖစ္ရပ္မ်ားကိုေလ့လာရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ သက္ဆိုင္ရာအာဏာပိုင္မ်ားပါ၀င္သည့္အဆင့္ျမင့္ေကာ္မတီမ်ား႐ွိေၾကာင္းလည္း သူကျဖည့္စြက္သည္။

ေဆာ္ဒီေရာက္ေနသည့္ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားမ်ားထဲတြင္ ႏိုင္ငံကူးလက္မွတ္မ႐ွိသူမ်ား႐ွိပါက ထုတ္ေပး မည္ေသခ်ာေၾကာင္း ဘဂၤလားေဒ့႐ွ္ျပည္ထဲေရး၀န္ႀကီး အဆာဒူဇာမန္ခန္းကေျပာသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားမ်ားအျဖစ္ ႏိုင္ငံကူးလက္မွတ္ျဖင့္ ေဆာ္ဒီသို႔သြားသည့္ဘဂၤါလီမ်ားက လက္မွတ္ သက္တမ္းတိုးရန္ေလွ်ာက္ထားပါက ျပန္စဥ္းစားမည္ျဖစ္ေၾကာင္းလည္း ခန္းကေျပာသည္။

ထိုသူမ်ားသည္ ျမန္မာႏိုင္ငံမွလာသူမ်ားျဖစ္ၿပီး ဘဂၤလားေဒ့႐ွ္ႏိုင္ငံသားမ်ားမဟုတ္ေၾကာင္း၊ ျမန္မာႏိုင္ငံသားမ်ား ျဖစ္ေနသည္မွာ႐ွင္းလင္းေနေၾကာင္း ျပည္ထဲေရး၀န္ႀကီးက ႐ွင္းျပသည္။

ဘဂၤါလီကိစၥသည္ ႏွစ္ ၅၀၊ ၆၀ ေက်ာ္ၾကာေနသည့္ကိစၥျဖစ္ၿပီး ေဆာ္ဒီအာေရဗ်သည္ ယခင္ကတည္းက ဘဂၤါလီ မ်ားကို ရက္ေရာစြာေပးကမ္းလွဴဒါန္းခဲ့ေၾကာင္းလည္း ျပည္ထဲေရး၀န္ႀကီးကအသိေပးသည္။

CRD_People Media

ယူနီကုတ္

ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဟုသာ သတ်မှတ်မည်ဟု ဆော်ဒီသံအမတ်ပြော

ဆော်ဒီအာရေဗျနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ်ဖြင့်ရောက်လာသည့်ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ)များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအနေဖြင့် သတ်မှတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာဆော်ဒီသံ အမတ်ကြီး အစ္စဘင် ယူဆက် အယ်ဒူဟာအီလန်က တနင်္ဂနွေနေ့တွင်ပြောသည်။

ဘင်္ဂါလီများဟုသည့်အသုံးအနှုန်းဖြင့်သုံးနှုန်းကြောင်း သတင်းထောက်များကိုရှင်းပြချိန်တွင် ထိုသူများက ဆော်ဒီအာရေဗျသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ်ဖြင့်ရောက်လာကြသည်ဟု သတင်းထောက်များကို ပြောသည်။

အထောက်အထားစာရွက်စာတမ်းများပျောက်ဆုံးနေသူ သို့မဟုတ် သက်တမ်းကုန်နေသူ ၅၅၀၀၀ ၏စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ထားကြောင်းလည်းပြောပြီး ထိုထဲတွင် ဘင်္ဂါလီမည်မျှပါဝင်ကြောင်း မရှင်းလင်းချေ။

စာရွက်စာတမ်းများအသစ်ထုတ်ပေးရန် သို့ သက်တမ်းတိုးပေးရန်လိုအပ်ပြီး ထိုဖြစ်ရပ်များကိုလေ့လာရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သက်ဆိုင်ရာအာဏာပိုင်များပါဝင်သည့်အဆင့်မြင့်ကော်မတီများရှိကြောင်းလည်း သူကဖြည့်စွက်သည်။

ဆော်ဒီရောက်နေသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများထဲတွင် နိုင်ငံကူးလက်မှတ်မရှိသူများရှိပါက ထုတ်ပေး မည်သေချာကြောင်း ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအဖြစ် နိုင်ငံကူးလက်မှတ်ဖြင့် ဆော်ဒီသို့သွားသည့်ဘင်္ဂါလီများက လက်မှတ် သက်တမ်းတိုးရန်လျှောက်ထားပါက ပြန်စဉ်းစားမည်ဖြစ်ကြောင်းလည်း ခန်းကပြောသည်။

ထိုသူများသည် မြန်မာနိုင်ငံမှလာသူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမဟုတ်ကြောင်း၊ မြန်မာနိုင်ငံသားများ ဖြစ်နေသည်မှာရှင်းလင်းနေကြောင်း ပြည်ထဲရေးဝန်ကြီးက ရှင်းပြသည်။

ဘင်္ဂါလီကိစ္စသည် နှစ် ၅၀၊ ၆၀ ကျော်ကြာနေသည့်ကိစ္စဖြစ်ပြီး ဆော်ဒီအာရေဗျသည် ယခင်ကတည်းက ဘင်္ဂါလီ များကို ရက်ရောစွာပေးကမ်းလှူဒါန်းခဲ့ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးကအသိပေးသည်။

CRD_People Media

Add a Comment

Your email address will not be published. Required fields are marked *