ဗိုလ္ခ်ဳပ္မူးႀကီး မင္းေအာင္လႈိင္ နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ပရာယြတ္ တုိ့ ရဲ႕ လူသူမသိတဲ့ ေနာက္ေဖးေပါက္ ဆက္ဆံေရး

ေရွ႕တန္းေရာက္ေနတဲ့ျမန္မာစစ္သားေတြကို ထိုင္းဘက္က ေထာက္ပံ့ေပးေနတဲ့ရိကၡာပစၥည္းေတြ မၾကာခဏဆိုသလို ဖမ္းမိေနတာ အား လုံးသိၾကၿပီးသားျဖစ္မွာပါ။ ျမန္မာစစ္သားေတြကို ထိုင္းက ဘာေၾကာင့္ရိကၡာေထာက္ပံ့ေပးေနရသလဲ. . .?ဆိုတဲ့အခ်က္ကလည္း စိတ္ဝင္စားစရာေကာင္းေနတာ အမွန္ပါပဲ။ ပရာယြတ္ နဲ႔ မင္းေအာင္လႈိင္ၾကားကေနာက္ေဖးေပါက္ဆက္ဆံေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြကို ပရာယြတ္ရဲ႕ အတြင္းေရးပိုင္းေတြ သိေနသူဆီကေန Nikkei Asia က စုံစမ္းေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ တကယ္တမ္းေျပာရမယ္ဆိုရင္ ထိုင္းႏိုင္ငံကလည္း

စစ္အုပ္ခ်ဳပ္ေရး ကို သေဘာက်ေနတဲ့ႏိုင္ငံပါပဲ။ ထိုင္းႏိုင္ငံရဲ႕အိမ္နီးခ်င္းျဖစ္တဲ့ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီအာဏာသိမ္းပြဲႀကီးျဖစ္ခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံတဝွမ္း မၿငိမ္မသက္ျဖစ္ခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္း ဘန္ေကာက္သံတမန္ဆက္ဆံေရးမွာ လူမသိ သူမသိ ေနာက္ေဖးေပါက္သံတမန္ဆက္သြယ္ေရးလမ္းေၾကာင္းကို အသုံးျပဳဖို႔ဆုံးျဖတ္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ဦးၾကားက လူမသိသူမသိ ေနာက္ေဖးေပါက္ဆက္ဆံေရးကို ပိုၿပီးသိသာထင္ရွားေစတဲ့အခ်က္ကေတာ့ ၿပီးခဲ့တဲ့ ဧၿပီ ၂၄ ရက္ ၊ ဂ်ကာတာမွာက်င္းပခဲ့တဲ့ အာဆီယံထိပ္သီးအစည္းအေဝးကို ထိုင္းဝန္ႀကီးခ်ဳပ္ကိုယ္တိုင္

မတက္ေရာက္ခဲ့တဲ့အခ်က္ပါပဲ။ အာဆီယံထိပ္သီးအစည္းအေဝးကိုတုန႔္ျပန္တဲ့အေနနဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ပရာယြတ္က သူကိုယ္တိုင္မတက္ေရာက္ဘဲ ႏိုင္ငံျခားေရးဝန္ ႀကီး Don Pramudwinai ကိုသာ ေစလႊတ္ခဲ့ပါတယ္။ ပရာယြတ္က မင္းေအာင္လႈိင္နဲ႔ မေတြ႕ခ်င္ဘူးလို႔ လူေတြျမင္လာေအာင္ပုံေဖာ္ခဲ့ေပ မယ့္ သူတို႔ႏွစ္ေယာက္ရဲ႕ခိုးေၾကာင္ခိုးဝွက္ေနာက္ေပါက္ဇာတ္လမ္းက လူေျပာစရာျဖစ္လာခဲ့ပါတယ္။ အာဏာသိမ္းၿပီးေနာက္ပိုင္း မင္းေအာင္လႈိင္ရဲ႕ပထမဆုံးအႀကိမ္ ႏိုင္ငံျခားခရီးစဥ္အျဖစ္ ဧၿပီ ၂၄ ရက္က အင္ဒိုနီးရွားႏိုင္ငံ ၊ ဂ်ကာတာ ၿမိဳ႕ကိုသြားေရာက္ခဲ့ပါတယ္။ မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံရမယ့္ခရီးတခုကို

ပရာယြတ္လြဲေခ်ာ္ခဲ့တယ္လို႔ လူထင္စရာျဖစ္ခဲ့ၿပီး ပရာယြတ္ကို လည္း လူေတြေဝဖန္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကိုသိရွိေနသူတေယာက္ရဲ႕ ဖြင့္ဟဝန္ခံခ်က္အရ မင္းေအာင္လႈိင္ကိုေတြ႕ဖို႔ အတြက္ အာဆီယံထိပ္သီးအစည္းအေဝးကို ပရာယြတ္ သြားစရာ မလိုဘူး လို႔ ေျပာပါတယ္။ ပရာယြတ္က စစ္တပ္ကလာတဲ့ဝန္ႀကီးခ်ဳပ္တေယာက္ပါ။ ဒါေၾကာင့္လည္း ျမန္မာစစ္တပ္နဲ႔ႏွီးႏြယ္ပတ္သက္ေနတဲ့ ထိုင္းစစ္တပ္ကရတဲ့ တိုက္႐ိုက္အက်ိဳးအျမတ္ေတြကို လြန္ခဲ့တဲ့ဆယ္စုႏွစ္ကတည္းကစ ၿပီး ပရာယြတ္ရရွိခဲ့ပါတယ္။

” ပရာယြတ္ နဲ႔ မင္းေအာင္လႈိင္ လူခ်င္းေတြ႕စရာမလိုဘဲေနာက္ေဖးေပါက္ကတဆင့္ဆက္သြယ္ေနၾကတဲ့ ဆက္သြယ္ေရးပုံစံကို က်ေနာ္ တို႔ဆက္ၿပီး ထိန္းသိမ္းထားပါတယ္။ အာဏာသိမ္းၿပီးခ်ိန္ကစၿပီး ဒီနည္းလမ္းကိုအသုံးျပဳခဲ့အတြက္ ဘယ္လိုထိေတြ႕ဆက္ဆံရမယ္ဆိုတာ သူတို႔ ၂ ေယာက္စလုံးသေဘာေပါက္ၾကတယ္ ” လို႔ အဆိုပါ အတြင္းေရးေဖာက္ခ်သူက ေျပာပါတယ္။

ဘာေတြ ေဆြးေႏြးၾကတယ္ဆိုတာကိုေတာ့ အေျဖေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။ အာဏာသိမ္းမႈမတိုင္ခင္ကတည္းက ထိုင္းဝါရင့္သံတမန္ေတြနဲ႔ ျမန္မာ့ႏိုင္ငံေရးသမားေတြအၾကား ေစ့စပ္ညႇိႏႈိင္းမႈေတြရွိခဲ့ၿပီး ေခါင္း ေဆာင္ႏွစ္ဦးၾကားက အသိရခက္တဲ့ဆက္ဆံေရးကေတာ့ ပ်က္စီးဆုံးရႈံးသြားစရာမရွိခဲ့ပါဘူး။ သူတို႔အခ်င္းခ်င္းေကာင္းေကာင္းနား လည္ႏိုင္ၾကၿပီး ရဲေဘာ္ ရဲဘက္ေတြအျဖစ္ ယူဆထားၾကတယ္လို႔. ထိုင္းသံအမတ္ေဟာင္း Kobsak Chutikul ကေျပာပါတယ္။ ထိုင္း နဲ႔ ျမန္မာစစ္တပ္အၾကားမွာ

ရာထူးအဆင့္အလိုက္ဆက္ဆံေရးေတြရွိေနပါတယ္။ ေဒသခံတပ္မႉးအခ်င္းခ်င္း ၊နယ္စပ္ေဒသတပ္ မႉးအခ်င္းခ်င္းကေန ဗဟိုစစ္ဦးစီးဌာနခ်ဳပ္ကအျမင့္ဆုံးအဆင့္ထိ ဆက္ဆံေရးရွိပါတယ္။ ၂၀၁၄ ၊ ထိုင္းႏိုင္ငံမွာ ပရာယြတ္အာဏာသိမ္းၿပီးေနာက္ပိုင္း မင္းေအာင္လႈိင္ဟာ ပရာယြတ္ဆီကို ပထမဆုံးေရာက္လာတဲ့ အေရွ႕ ေတာင္အာရွက စစ္ဘက္ဆိုင္ရာ အႀကီးအကဲတေယာက္ပါပဲ။ ပရာယြတ္ဆိုတာကလည္း ၂၀၁၄ ခုႏွစ္က ေ႐ြးေကာက္ခံထိုင္းအစိုးရကိုျဖဳတ္ခ်အာဏာသိမ္းယူခဲ့သူတေယာက္ျဖစ္ၿပီး လိမ္လည္လွည့္ျဖားမႈေတြနဲ႔

ထိုင္းစစ္တပ္ဘက္ယိမ္းအစိုးရကို ဦးေဆာင္ခဲ့သူျဖစ္ပါ တယ္။ ထိုင္းစစ္တပ္အာဏာမသိမ္းခင္ ၂ ႏွစ္အေစာပိုင္းကလည္း မင္းေအာင္လႈိင္ကို ထိုင္းဗိုလ္ခ်ဳပ္ေဟာင္း Prem Tinsulanonda ရဲ႕ ေမြးစားသားအျဖစ္ ၫႊန္းဆိုခဲ့ဖူးပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ ႏွစ္ႏိုင္ငံဆက္ဆံေရးကို အျမင့္ဆုံးတိုးျမႇင့္တဲ့အေနနဲ႔ ထိုင္းႏိုင္ငံရဲ႕ အျမင့္ဆုံးသူရဲေကာင္းဆုျဖစ္တဲ့ ဆင္ျဖဴေတာ္ ဂုဏ္ျပဳဆု မင္းေအာင္လႈိင္ကို ခ်ီးျမႇင့္ခဲ့ပါေသးတယ္။

လြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္ကေတာ့ ျမန္မာတပ္မေတာ္ကိုဆန႔္က်င္တဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြကို ထိုင္းနယ္စပ္တေလွ်ာက္မွာလုပ္ကိုင္ခြင့္ေပးထားၿပီး တိုက္ပြဲေတြလည္းျဖစ္ပြားခဲ့ပါတယ္။ အဲဒီကာလေတြတုန္းကေတာ့ ႏွစ္ႏိုင္ငံစစ္ေရးတင္းမာမႈ ႀကီးထြားခဲ့တယ္လို႔ လုံၿခဳံေရးဆိုင္ရာေလ့လာသူတဦးက ေျပာပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးက တခ်ိန္ကသမိုင္းမွာသင္ၾကားခဲ့ရသလို ရန္ၿငိဳးနဲ႔မုန္းတီးမႈမ်ိဳးေတြမဟုတ္ေတာ့ ဘဲ ပုဂၢိဳလ္ေရးအရခ်ည္ေႏွာင္ထားတဲ့ ေႏွာင္ႀကိဳးအထပ္ထပ္နဲ႔ အလြမ္းသင့္ဆက္ဆံေရးမ်ိဳးအျဖစ္ သိသိသာသာေျပာင္းလဲလာခဲ့ပါ ေတာ့တယ္။

crd-ဘုန္းေမာင္ Ref:Nikkei Asia

ယူနီကုတ္

ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင် နဲ့ ထိုင်းဝန်ကြီးချုပ်ပရာယွတ် တို့ ရဲ့ လူသူမသိတဲ့ နောက်ဖေးပေါက် ဆက်ဆံရေး

ရှေ့တန်းရောက်နေတဲ့မြန်မာစစ်သားတွေကို ထိုင်းဘက်က ထောက်ပံ့ပေးနေတဲ့ရိက္ခာပစ္စည်းတွေ မကြာခဏဆိုသလို ဖမ်းမိနေတာ အား လုံးသိကြပြီးသားဖြစ်မှာပါ။ မြန်မာစစ်သားတွေကို ထိုင်းက ဘာကြောင့်ရိက္ခာထောက်ပံ့ပေးနေရသလဲ. . .?ဆိုတဲ့အချက်ကလည်း စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပါပဲ။ ပရာယွတ် နဲ့ မင်းအောင်လှိုင်ကြားကနောက်ဖေးပေါက်ဆက်ဆံရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ပရာယွတ်ရဲ့ အတွင်းရေးပိုင်းတွေ သိနေသူဆီကနေ Nikkei Asia က စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် ထိုင်းနိုင်ငံကလည်း

စစ်အုပ်ချုပ်ရေး ကို သဘောကျနေတဲ့နိုင်ငံပါပဲ။ ထိုင်းနိုင်ငံရဲ့အိမ်နီးချင်းဖြစ်တဲ့မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီအာဏာသိမ်းပွဲကြီးဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း မငြိမ်မသက်ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဘန်ကောက်သံတမန်ဆက်ဆံရေးမှာ လူမသိ သူမသိ နောက်ဖေးပေါက်သံတမန်ဆက်သွယ်ရေးလမ်းကြောင်းကို အသုံးပြုဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးကြားက လူမသိသူမသိ နောက်ဖေးပေါက်ဆက်ဆံရေးကို ပိုပြီးသိသာထင်ရှားစေတဲ့အချက်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက် ၊ ဂျကာတာမှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်

မတက်ရောက်ခဲ့တဲ့အချက်ပါပဲ။ အာဆီယံထိပ်သီးအစည်းအဝေးကိုတုန့်ပြန်တဲ့အနေနဲ့ ထိုင်းဝန်ကြီးချုပ်ပရာယွတ်က သူကိုယ်တိုင်မတက်ရောက်ဘဲ နိုင်ငံခြားရေးဝန် ကြီး Don Pramudwinai ကိုသာ စေလွှတ်ခဲ့ပါတယ်။ ပရာယွတ်က မင်းအောင်လှိုင်နဲ့ မတွေ့ချင်ဘူးလို့ လူတွေမြင်လာအောင်ပုံဖော်ခဲ့ပေ မယ့် သူတို့နှစ်ယောက်ရဲ့ခိုးကြောင်ခိုးဝှက်နောက်ပေါက်ဇာတ်လမ်းက လူပြောစရာဖြစ်လာခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ရဲ့ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်အဖြစ် ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ၊ ဂျကာတာ မြို့ကိုသွားရောက်ခဲ့ပါတယ်။ မင်းအောင်လှိုင်နဲ့ တွေ့ဆုံရမယ့်ခရီးတခုကို

ပရာယွတ်လွဲချော်ခဲ့တယ်လို့ လူထင်စရာဖြစ်ခဲ့ပြီး ပရာယွတ်ကို လည်း လူတွေဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုသိရှိနေသူတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်အရ မင်းအောင်လှိုင်ကိုတွေ့ဖို့ အတွက် အာဆီယံထိပ်သီးအစည်းအဝေးကို ပရာယွတ် သွားစရာ မလိုဘူး လို့ ပြောပါတယ်။ ပရာယွတ်က စစ်တပ်ကလာတဲ့ဝန်ကြီးချုပ်တယောက်ပါ။ ဒါကြောင့်လည်း မြန်မာစစ်တပ်နဲ့နှီးနွယ်ပတ်သက်နေတဲ့ ထိုင်းစစ်တပ်ကရတဲ့ တိုက်ရိုက်အကျိုးအမြတ်တွေကို လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းကစ ပြီး ပရာယွတ်ရရှိခဲ့ပါတယ်။

” ပရာယွတ် နဲ့ မင်းအောင်လှိုင် လူချင်းတွေ့စရာမလိုဘဲနောက်ဖေးပေါက်ကတဆင့်ဆက်သွယ်နေကြတဲ့ ဆက်သွယ်ရေးပုံစံကို ကျနော် တို့ဆက်ပြီး ထိန်းသိမ်းထားပါတယ်။ အာဏာသိမ်းပြီးချိန်ကစပြီး ဒီနည်းလမ်းကိုအသုံးပြုခဲ့အတွက် ဘယ်လိုထိတွေ့ဆက်ဆံရမယ်ဆိုတာ သူတို့ ၂ ယောက်စလုံးသဘောပေါက်ကြတယ် ” လို့ အဆိုပါ အတွင်းရေးဖောက်ချသူက ပြောပါတယ်။

ဘာတွေ ဆွေးနွေးကြတယ်ဆိုတာကိုတော့ အဖြေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ထိုင်းဝါရင့်သံတမန်တွေနဲ့ မြန်မာ့နိုင်ငံရေးသမားတွေအကြား စေ့စပ်ညှိနှိုင်းမှုတွေရှိခဲ့ပြီး ခေါင်း ဆောင်နှစ်ဦးကြားက အသိရခက်တဲ့ဆက်ဆံရေးကတော့ ပျက်စီးဆုံးရှုံးသွားစရာမရှိခဲ့ပါဘူး။ သူတို့အချင်းချင်းကောင်းကောင်းနား လည်နိုင်ကြပြီး ရဲဘော် ရဲဘက်တွေအဖြစ် ယူဆထားကြတယ်လို့. ထိုင်းသံအမတ်ဟောင်း Kobsak Chutikul ကပြောပါတယ်။ ထိုင်း နဲ့ မြန်မာစစ်တပ်အကြားမှာ

ရာထူးအဆင့်အလိုက်ဆက်ဆံရေးတွေရှိနေပါတယ်။ ဒေသခံတပ်မှူးအချင်းချင်း ၊နယ်စပ်ဒေသတပ် မှူးအချင်းချင်းကနေ ဗဟိုစစ်ဦးစီးဌာနချုပ်ကအမြင့်ဆုံးအဆင့်ထိ ဆက်ဆံရေးရှိပါတယ်။ ၂၀၁၄ ၊ ထိုင်းနိုင်ငံမှာ ပရာယွတ်အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ဟာ ပရာယွတ်ဆီကို ပထမဆုံးရောက်လာတဲ့ အရှေ့ တောင်အာရှက စစ်ဘက်ဆိုင်ရာ အကြီးအကဲတယောက်ပါပဲ။ ပရာယွတ်ဆိုတာကလည်း ၂၀၁၄ ခုနှစ်က ရွေးကောက်ခံထိုင်းအစိုးရကိုဖြုတ်ချအာဏာသိမ်းယူခဲ့သူတယောက်ဖြစ်ပြီး လိမ်လည်လှည့်ဖြားမှုတွေနဲ့

ထိုင်းစစ်တပ်ဘက်ယိမ်းအစိုးရကို ဦးဆောင်ခဲ့သူဖြစ်ပါ တယ်။ ထိုင်းစစ်တပ်အာဏာမသိမ်းခင် ၂ နှစ်အစောပိုင်းကလည်း မင်းအောင်လှိုင်ကို ထိုင်းဗိုလ်ချုပ်ဟောင်း Prem Tinsulanonda ရဲ့ မွေးစားသားအဖြစ် ညွှန်းဆိုခဲ့ဖူးပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ နှစ်နိုင်ငံဆက်ဆံရေးကို အမြင့်ဆုံးတိုးမြှင့်တဲ့အနေနဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးသူရဲကောင်းဆုဖြစ်တဲ့ ဆင်ဖြူတော် ဂုဏ်ပြုဆု မင်းအောင်လှိုင်ကို ချီးမြှင့်ခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကတော့ မြန်မာတပ်မတော်ကိုဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ထိုင်းနယ်စပ်တလျှောက်မှာလုပ်ကိုင်ခွင့်ပေးထားပြီး တိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ပါတယ်။ အဲဒီကာလတွေတုန်းကတော့ နှစ်နိုင်ငံစစ်ရေးတင်းမာမှု ကြီးထွားခဲ့တယ်လို့ လုံခြုံရေးဆိုင်ရာလေ့လာသူတဦးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တချိန်ကသမိုင်းမှာသင်ကြားခဲ့ရသလို ရန်ငြိုးနဲ့မုန်းတီးမှုမျိုးတွေမဟုတ်တော့ ဘဲ ပုဂ္ဂိုလ်ရေးအရချည်နှောင်ထားတဲ့ နှောင်ကြိုးအထပ်ထပ်နဲ့ အလွမ်းသင့်ဆက်ဆံရေးမျိုးအဖြစ် သိသိသာသာပြောင်းလဲလာခဲ့ပါ တော့တယ်။

crd-ဘုန်းမောင် Ref:Nikkei Asia

Leave a Comment

Your email address will not be published. Required fields are marked *