ဖိလစ်ပိုင်မှတဆင့်မှတောင်တရုတ်ပင်လယ်အတွင်းတောင်းဆိုမှုကိုအတည်ပြုရန်တရုတ်က”မီးခိုးရောင်ဇုံ”စစ်ပွဲစတင်လုပ်ဆောင်နေသည်ဟု ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဟောင်းကပြော
|“ တောင်တရုတ်ပင်လယ်ကိုမင်းလွှမ်းမိုးချင်ရင်ဖိလစ်ပိုင်ကျွန်းစုမှာရှိတဲ့ chokepoints တွေကိုထိန်း ချုပ်ဖို့လိုတယ်” (Emmanuel Bautista ဖိလစ်ပိုင်စစ်တပ်အကြီးအကဲဟောင်း)
ဖိလစ်ပိုင်မှတဆင့်မှတောင်တရုတ်ပင်လယ်အတွင်းတောင်းဆိုမှုကိုအတည်ပြုရန်တရုတ်က”မီးခိုးရောင်ဇုံ”စစ်ပွဲစတင်လုပ်ဆောင်နေသည်ဟု ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ဟောင်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည်ယခုအခါသတင်း အချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်အခြားနည်းဗျူဟာများဖြင့် ဖိလစ်ပိုင်ရှိ၎င်း၏မဟာ ဗျူဟာရည်မှန်းချက်များကိုအကောင် အထည်ဖော်ရန်”မီးခိုးရောင်ဇုန်” စစ်ပွဲဆင်နွှဲနေပြီဟုဖိလစ်ပိုင်စစ်တပ်အကြီးအကဲဟောင်းကပြောကြားခဲ့သည်။
သမ္မတဟောင်း Benigno Aquino III ၏အစိုးရကာလအတွင်းဖိလစ်ပိုင်စစ်တပ်အကြီးအကဲ တာဝန်ယူခဲ့သူEmmanuel Bautista ကတရုတ်သည်ဖိလစ်ပိုင်၏ပိုင် နက်တွင်ခြေကုပ်ခိုင်မာရန်အတွက်အငြင်းပွားနေသောရေပိုင်နက်များကိုအပြည့်အဝထိန်းချုပ်နိုင်သည့် “မီးခိုးရောင်ဇုန်” နည်းဗျူ ဟာများကိုအသုံး ပြုနေ သည်ဟုသတိပေးခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့်စစ်ရေးအရသာမကဘဲမီးခိုးရောင်ဇုန်မဟာဗျူဟာဟုခေါ်သောအခြားကဏ္ဍများမှာပါထိခိုက်မှုရှိကြောင်း Bautista ကပြောကြားခဲ့သည်။
အနောက်ဖိလစ်ပိုင်ပင်လယ်အတွက်အမျိုးသားလူငယ်များလှုပ်ရှားမှုမှစီစဉ်သောအွန်လိုင်းဖိုရမ်တစ်ခုတွင်မီးခိုးရောင်ဇုန်ကိုစစ်အေးကာလနှင့်စစ်ပွဲကာလကြား၌စစ်ရေးအရသာမကစီးပွားရေး၊
သတင်းအချက်အလက်နှင့်အမျိုးသားရေးပါဝါကိုစစ်နှင့်မသက်ဆိုင်သောအခြားကိရိယာများအဖြစ်အသုံးပြုသောအချိန်ဖြစ်သည်။
ဒီနည်းဗျူဟာများသည်လက်ရှိတင်းမာမှုအခြေအနေကိုမထိခိုက်
မချိုးဖောက်စေဘဲ၊သမားရိုးကျစစ်ဆင်ရေးတစ်ခုမပြုလုပ်ရဘဲနဲ့စစ်ရေးရည်မှန်းချက်ကိုအောင်မြင်စေဘို့အတွက်ချိန်ညှိထားခြင်ဖြစ်သည်။
အနောက်ဖိလစ်ပိုင်ပင်လယ်ဆိုင်ရာ Task Force ၏အမှုဆောင်ဒါရိုက် တာလည်းဖြစ်သော Bautista ကလည်းမီးခိုးရောင်ဇုန်နည်းဗျူဟာများ၏အခြားနည်းလမ်းများနှင့် ပါတ်သက်၍ ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့်အနောက်ဖိလစ်ပိုင်ပင်လယ်နှင့်တောင်တရုတ်ပင်လယ်ရှိပင်လယ်ရေကြောင်းပိုင်းတို့တွင်ရေကြောင်းပြည်သူ့စစ်များတပ်ဖြန့်ချထားမှုသည်ဥပမာတစ်ခုဖြစ်သည်။
“ ကျွန်တော်တို့စကားပြောနေတုန်းပဲ၊ မီးခိုးရောင်ဇုန်မှာစစ်ဖြစ် နေတယ်။ သတင်းနှင့်ဝါဒဖြန့်ချိရေးနှင့်စီးပွားရေးနယ်ပယ်ကိစ္စများဖြစ်တယ်”
သူကဖိလစ်ပိုင်အစိုးရအားမိမိ၏လုံခြုံရေးကိုထိခိုက်လာနိုင်သောကြောင့်တရုတ်စစ်တပ်မှမူမမှန်သည့်လုပ်ရပ်များကိုသတိထားရန်တိုက်တွန်းခဲ့သည်။
“ မီးခိုးရောင်ဇုန်စစ်ဆင်ရေး ကြောင့်နေရာများစွာတွင်နိုင်ငံခြားသားများဝင်ရောက်လာရုံသာမကမဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများ၊မဟာဗျူဟာမြောက်စက်မှုလုပ်ငန်းများ၊အခြားစီးပွားရေးဆိုင်ရာနည်းလမ်းများတွင်ရင်းနှီးမြှုပ်နှံမှုများဖြစ်ပေါ်နေသည်။
အထက်လွှတ်တော်အမတ်အများအပြားမှမကြာသေးမီကတရုတ်နိုင်ငံမှအငြိမ်းစားယူခွင့်ပြုခဲ့သောတရုတ်လူမျိုးအနည်းဆုံး ၂၈၀၀၀ခန့်ဖိလစ်ပိုင်သို့ဝင်ရောက်လာခြင်းနှင့် ပတ်သက်ပြီးလုံခြုံရေးစိုးရိမ်မှုများကိုထုတ်ဖော်ပြောဆိုခဲ့ကြသည်။သူတို့၏ပျမ်းမျှအသက်မှာ ၃၅ နှစ်ဖြစ်သည်။
Bautista ကတရုတ်သည်ဖိလစ်ပိုင်သို့ဝင်ရောက်နိုင်ရန်အတွက်လက်လမ်း မီသည့်အခြားသောလှုပ်ရှားမှုများလုပ်ဆောင်နေသည်ဟုပြောကြားခဲ့သည်။
ထိုင်ဝမ်အနီး၊ဖိလစ်ပိုင်မြောက်ပိုင်းဧရိယာရှိ Fuga ကျွန်းအားတရုတ်ကုမ္ပဏီတစ်ခုသို့ငှားရမ်းမည့်ကိစ္စ တွင် ထိုကျွန်းကို တရုတ်ကသူပိုင်သည်ဟုပြောဆိုကာဖိလစ်ပိုင်နယ်မြေအဖြစ်အသိ အမှတ်ပြုရန်ငြင်းဆန်နေ သည်ဟုသူကပြောကြားခဲ့သည်။
ဖိလစ်ပိုင်ရေတပ်အခြေစိုက်စခန်းရှိသည့် Cavite ပြည်နယ် Sangley တွင်အ ပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုတည်ဆောက်မည့်အစီအစဉ်ကိုလည်း Bautista ကပြောကြားခဲ့သည်။
ပြည်နယ်အစိုးရမှအ ကောင်အထည်ဖေါ်ခဲ့သည့်စီမံကိန်းတစ်ခုဖြစ်သော် လည်းအကျင့်ပျက်ခြစားမှုများနှင့်တရားမဝင်မှုများအတွက်ကမ္ဘာ့ဘဏ်မှအမည်ပျက်စာရင်းသွင်းထားသောတရုတ်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှလုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။
ပစိဖိတ်သမုဒ္ဒရာနှင့်တောင်တရုတ်ပင်လယ်ကိုဝင်ရောက်နိုင်သည့် Fuga ကျွန်းသည် ၂၀၁၉ ခုနှစ်တွင်လာရောက်လည်ပတ်သောတရုတ်ရင်းနှီးမြှုပ်နှံသူများ၏အာရုံကိုဆွဲဆောင်ခဲ့သည်။
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ၏တရုတ်ခရီးစဉ်အတွင်းရင်းနှီး မြှုပ် နှံမှုပြပွဲတစ်ခုတွင်၎င်းကိုဒေါ်လာ ၂ ဘီလီယံတန်သော“ smart city” အဖြစ်ပြောင်းလဲရန်စိတ်ဝင်စားကြောင်းတုံ့ပြန်ပြသခဲ့သည်။
ဖိလစ်ပိုင်ရေတပ်အနေဖြင့်ဖိလစ်ပိုင်နိုင်ငံ၏လုံခြုံရေးကိုထိခိုက်စေနိုင်သည့်စိုးရိမ်မှုများကိုထုတ်ဖော်ပြောဆိုပြီးနောက်အဆိုပါသဘောတူညီချက်မှာရပ်တန့်သွားခဲ့သည်။
တရုတ်ကျောထောက်နောက် ခံပြု Sangley လေဆိပ်စီမံကိန်းသည်ဖိလစ်ပိုင်ရေတပ်အခြေစိုက်စခန်းကိုနေရာရွှေ့ပြောင်းပေးမည်ဖြစ်သောကြောင့်စိုးရိမ်မှုများကိုဖြစ်ပေါ်စေသည်။
“ စီးပွားရေးအတွက်အခြေခံအဆောက်အဦတွေ၊တရုတ် ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်တယ်။ ဒါပေမယ့်အမျိုး သား လုံခြုံရေးကိုကျွန်တော်တို့အလျှော့ပေးမှာမဟုတ်ဘူး။”
“ မဟာဗျူဟာမြောက်စက်မှုလုပ်ငန်းများထိန်းချုပ်ခြင်း၊ မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကိုကာကွယ်ခြင်းတို့ လုပ်လုပ်ဆောင်ရန် တရုတ်ဖြစ်စေ၊ အခြားနိုင်ငံကဖြစ်စေ၊နိုင်ငံခြားသား ဝင်ရောက်လာမှုများကိုကျွန်ုပ်တို့၏ အမျိုးသားရေးမူဝါဒအရကာကွယ် ရန်လိုအပ်သည်” ဟုသူကအွန်လိုင်းဖိုရမ်တွင်ပြောကြားသည်။
တောင်တရုတ်ပင်လယ်နှင့်ပစိဖိတ်သမုဒ္ဒရာဝင်ပေါက်ရှိမဟာဗျူဟာကျသောဖိလစ်ပိုင်နိုင်ငံ၏တည်နေ ရာသည်အမေရိကန် – တရုတ်တို့၏ပြိုင်ဆိုင်မှုများပြားလာသောကြောင့် အားပြိုင်မှုများကြားတွင်အဓိကကျသည့်နေရာ“key terrain” တစ်ခုဖြစ်ကြောင်း Bautista မှပြောကြားခဲ့သည်။
သူကBashi Channel၊ Batanes နှင့် Babuyan ကျွန်းများနှင့် Mindoro၊ Cebu, Balabac, San Bernardino နှင့် Surigao ရေလက်ကြားတို့အားစစ်ဆင်ရေးအတွက်အရေးပါသောနေရာများအဖြစ်သတ်မှတ်ခဲ့သည်။
“ တောင်တရုတ်ပင်လယ်ကိုမင်းလွှမ်းမိုးချင်ရင်ဖိလစ်ပိုင်ကျွန်းစုမှာရှိတဲ့ဒီ chokepoints တွေကိုထိန်းချုပ်ဖို့လိုတယ်”
ဖိလစ်ပိုင်နိုင်ငံဟာ ၎င်း၏မဟာ ဗျူဟာကျသောတည်ရှိမှုကြောင့်ကြားနေနိုင်ငံအဖြစ်ကြေငြာ သော် လည်းအမေရိကန် – တရုတ်ပဋိပက္ခထဲသို့ဝင်ရောက်ရပေလိမ့်မည်။
“ အမေရိကန် – တရုတ်ထိပ်တိုက်ရင်ဆိုင်မှုထဲကိုဖိလစ်ပိုင်အနေနဲ့မလွှဲမသွေပါဝင်မှာပါ။ သတိပြုရမည့်အချက်မှာဖိလစ်ပိုင်သည်အမေရိကန်နှင့်အပြန်အလှန်ကာကွယ်ရေးစာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။
“ ဒါပေမယ့်မဟာမိတ်ပဲဖြစ်ဖြစ်၊ နှစ်ဖက်စလုံးနဲ့ပဲဖြစ်ဖြစ်ငါတို့ဖိလစ်ပိုင်ကအဓိကကျတဲ့မြေအနေ အထားဖြစ် နေတယ်။ ဖိလစ်ပိုင်နိုင်ငံသည်အဓိကကျသောနယ်မြေဖြစ်သည်ဟူသောအချက်ကငါတို့ကိုမလွှဲမရှောင်သာပါဝင်စေလိမ့်မည်ဟုသူကပြောသည်။
တရုတ်အနေနဲ့တိုက်ခိုက်ခြင်းသို့မဟုတ်စစ်ပွဲစတင်ခြင်းမပြုဟုပြောခဲ့လျှင်တောင်မှဘေဂျင်းသည်ဖိလစ်ပိုင်ကိုထိန်းချုပ်လာနိုင်ဖွယ်ရှိသည်ဟုပြောကြားသည်။
ဖိလစ်ပိုင်သည်အဓိကနယ်မြေဖြစ်သောကြောင့်လက်ထဲကိုင်ထားတဲ့ သေနတ်ကကျည်ဆံထွက်တာနဲ့စစ်ပွဲကိုဖြစ်ပေါ်စေနိုင်သည်ဟုပြောကြားခဲ့သည်။
CRD_TSB