News

ကယားပြည်နယ်တွင် စစ်ရှောင်ပြည်သူများအတွက် လှူဒါန်းလို က်သော ဆန်အိတ်ပေါင်း ၈၀၊ ဆေးဝါးပစ္စည်းများ နှင့် နာရေးကူညီမှုကားတစ်စီး ကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

Written by fella

ကယားပြည်နယ်တွင် စစ်ရှောင်ပြည်သူများအတွက် လှူဒါန်းလို က်သော ဆန်အိတ်ပေါင်း ၈၀၊ ဆေးဝါးပစ္စည်းများ နှင့် နာရေးကူညီမှုကားတစ်စီး ကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ် လွယ်ယင်းတောင်ခြေကျေးရွာတွင် ဇွန်လ ၉ ရက်နေ့ညက ကရင်နီစစ်ဘေးရှောင်များ၏ ဆန်အိတ်များနှင့် ဆေးဝါးပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ စစ်ရှောင်ပြည်သူများအတွက်

လှူဒါန်းလိုက်သော ဆန်အိတ်ပေါင်း ၈၀၊ ဆေးဝါးပစ္စည်းများနှင့် နာရေးကူညီမှုကားတစ်စီး မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု စစ်ရှောင်ပြည်သူများကို ကူညီ‌နေသည့် အမည်မဖော်လိုသူ မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။ “လက်နက်ကြီး‌ တွေချတယ်

အခြေအနေမကောင်းလို့ အကုန်ပြောင်းရွေ့ရတယ် ပြေးရင်း ကားနဲ့ ဆန်အိတ်၈၀နဲ့ ဆေးဝါးရိက္ခာတွေကျန်ခဲ့တယ် ဒီနေ့ပြန်‌လာတော့မရှိတော့ဘူး မီးရှို့ခံရတယ် နာရေးကူညီမှုကားတစ်စီး မီးရှို့ခံရတယ်” ဟု သူကပြောသည်။ စစ်ကောင်စီတပ်များသည် ဇွန်လ ၆ ရက်‌နေ့

ညနှင့် ၇ ရက်နေ့ နံနက်ပိုင်းတို့တွင် မိုးဗြဲမြို့နယ်ရှိ ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်စီးပြီး နေအိမ်ရှိ ပစ္စည်းများကို ယူဆောင်သွားခဲ့သည်။ မိုးဗြဲတွင် မေလ မှစတင်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

crd-The 74 Media

unicode

ကယားျပည္နယ္တြင္ စစ္ေရွာင္ျပည္သူမ်ားအတြက္ လႉဒါန္းလိုက္ေသာ ဆန္အိတ္ေပါင္း ၈၀၊ ေဆးဝါးပစၥည္းမ်ားႏွင့္ နာေရးကူညီမႈကားတစ္စီး ကို စစ္ေကာင္စီမီးရႈိ႕ဖ်က္ဆီး

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုးၿဗဲၿမိဳ႕နယ္ လြယ္ယင္းေတာင္ေျခေက်း႐ြာတြင္ ဇြန္လ ၉ ရက္ေန႔ညက ကရင္နီစစ္ေဘးေရွာင္မ်ား၏ ဆန္အိတ္မ်ားႏွင့္ ေဆးဝါးပစၥည္းမ်ားကို စစ္ေကာင္စီတပ္ဖြဲ႕မ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။ စစ္ေရွာင္ျပည္သူမ်ားအတြက္

လႉဒါန္းလိုက္ေသာ ဆန္အိတ္ေပါင္း ၈၀၊ ေဆးဝါးပစၥည္းမ်ားႏွင့္ နာေရးကူညီမႈကားတစ္စီး မီးရႈိ႕ဖ်က္ဆီးခံရျခင္း ျဖစ္သည္ဟု စစ္ေရွာင္ျပည္သူမ်ားကို ကူညီ‌ေနသည့္ အမည္မေဖာ္လိုသူ မ်က္ျမင္ေတြ႕ရွိသူ တစ္ဦးက The 74 Media ကိုေျပာသည္။ “လက္နက္ႀကီး‌ ေတြခ်တယ္

အေျခအေနမေကာင္းလို႔ အကုန္ေျပာင္းေ႐ြ႕ရတယ္ ေျပးရင္း ကားနဲ႔ ဆန္အိတ္၈၀နဲ႔ ေဆးဝါးရိကၡာေတြက်န္ခဲ့တယ္ ဒီေန႔ျပန္‌လာေတာ့မရွိေတာ့ဘူး မီးရႈိ႕ခံရတယ္ နာေရးကူညီမႈကားတစ္စီး မီးရႈိ႕ခံရတယ္” ဟု သူကေျပာသည္။ စစ္ေကာင္စီတပ္မ်ားသည္ ဇြန္လ ၆ ရက္‌ေန႔

ညႏွင့္ ၇ ရက္ေန႔ နံနက္ပိုင္းတို႔တြင္ မိုးၿဗဲၿမိဳ႕နယ္ရွိ ေဒသခံျပည္သူတို႔၏ ေနအိမ္မ်ားကို မီးရႈိ႕ဖ်က္စီးၿပီး ေနအိမ္ရွိ ပစၥည္းမ်ားကို ယူေဆာင္သြားခဲ့သည္။ မိုးၿဗဲတြင္ ေမလ မွစတင္ကာ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိသည္။

crd-The 74 Media

About the author

fella

Leave a Comment