ပညာမဲ့တွေ အာဏာရူးတွေကြောင့် ဘဏ်ထဲကပိုက်ဆံတွေအလိုလိုနေရင်း စက္ကူစုတ်နီးပါးတန်ဖိုးဖြစ်တော့မည်..ဘာကြောင့်လဲ…………..

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် စက်တင် ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီစျေးကွက်ပေါက်စျေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၈၄၅၀၀၀ စျေးပေါက်နေပြီး ရွှေဝယ်ယူသူများ ပြားလွန်း၍ ရက်ချိန်း ပေးဝယ်ယူနေရကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ အချိန်မရွေးစက္ကူစုတ်ဖြစ်သွားနိုင်ပါတယ် အလားတူ အမေရိကန်ဒေါ်လာစျေးနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၁၉၇၀ နှင့် ၂၀၀၀ ကျပ်အကြား စျေးပေါက်နေပြီး ကြိုက်ရောင်း ကြိုက်ဝယ်စနစ်သို့ ကူးပြောင်းနေပြီဖြစ်ကြောင်း သိရှိရသည်။ “ဒေါ်လာက စျေးကွက်ဆိုတာမျိုးတော့မရှိတော့ဘူး။

စျေးကွက်စျေးနှုန်းက တစ်ဒေါ်လာ ၁၉၇၀ ပေမယ့်လည်း ကိုယ်က လိုချင်ရင် ပိုပေးဝယ်ရတယ်။ တစ်ဒေါ်လာ ၂၀၀၀ ရောက်သွားပြီလို့ ပြောလို့ရတယ်။ ကိုယ့်အချင်းချင်းပဲ ဝယ်ရောင်း လုပ်ကြတယ်။ အဆက်အသွယ်ရှိတဲ့ သူအချင်းချင်းပဲ။ တစိမ်းကို ဘလိုင်းကြီး ရောင်းတာ ဝယ်တာမျိုးမရှိတော့ဘူး။ တရားဝင်ငွေလဲကောင်တာတွေလည်း စျေးပဲ ဖွင့်တာ ဘာမှ အရောင်းအဝယ်မလုပ်တော့ဘူး” ဟု မဂိုလမ်းမှ ဒေါ်လာဝယ်ရောင်း လက်ကြီး တစ်ဦးက ပြောဆိုထားကြောင်း သတင်းတွေမှာဖော်ပြထားပါတယ်။ တစ်ဒေါ်လာလျှင် ၁၉၇၀ နှင့် ၂၀၀၀ ကျပ်အကြား စျေးပေါက်နေပြီး

ကြိုက်ရောင်း ကြိုက်ဝယ်စနစ်သို့ ကူးပြောင်းနေ စစ်တပ်က အာဏာသိမ်းပြီး ၆လအကြာတွင် မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုး ဇောက်ထိုးကျဆင်းကာ ကမ္ဘာ့ပေါ်တွင် ငွေကြေးဖောင်းပွမှုအများဆုံး ၁ဝနိုင်ငံ စာရင်းသို့ ဝင်ရောက်သွားသည်။ ဩဂုတ်လ နောက်ဆုံးသီတင်းပတ်က ထုတ်ပြန်သည့် ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် Hanke ငွေကြေးဖောင်းပွမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၁ ရာခိုင်းနှုန်းရှိကာ အီရန်ကို ကျော်လွန်ပြီး ကမ္ဘာ့အဆင့် ၉သို့ ရောက်ရှိသွားသည်။ ပြည်သူ့အစိုးရ နောက်ဆုံးအုပ်ချုပ်ခဲ့သည့် ဇန်နဝါရီလကုန်

ဖေဖော်ဝါရီလဆန်းတွင် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းမှာ ၂ ဒဿမ ၆၁ ရာခိုင်နှုန်းသာ ရှိရာမှ ၃၁ရာခိုင်းနှုန်းသို့ တဟုတ်ထိုး ထိုးတက်သွားခြင်းဖြစ်ပြီး ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်၁၃၀၀ ကျော်မှ ကျပ် ၁၈၀၀ ကျော်သို့ ထိုးတက်သွားသည်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၁ ရာခိုင်းနှုန်းရှိကာ အီရန်ကို ကျော်လွန်ပြီး ကမ္ဘာ့အဆင့် ၉သို့ ရောက်ရှိ ငွေတန်ဖို့ထိုးကျခြင်းနမူနာကိုကြည့်ချင်ရင် ဗဲနီဇွဲလားနိုင်ငံငွေကြေး ဘိုလီဗားကိုကြည့်ပါ။ ယနေ့ပေါက်ဈေးအရ အမေရိကန် 1 dollar ကို

ဗဲနီဇွဲလားနိုင်ငံငွေကြေး ဘိုလီဗား (407,972,000,000) ပေါက်တယ်လို့ဆိုပါတယ်။ ဒီလောက်တောင်အခြေအနေဆိုးတဲ့ငွေကြေးဟာ ၂၀၀၅ ခုနှစ်လောက်က အမေရိကန် (၁) ဒေါ်လာဟာ ဗဲနီဇွဲလား (၂) ဘိုလီးဗားပဲရှိခဲ့တယ်လို့ ဂရပ်မျဉ်းတွေအရသိရပါတယ်။ ၂ ဆ ၁ ဆရှိခဲ့တာနော်။ ဗဲနီဇွဲလားနိုင်ငံငွေကြေး ဘိုလီဗားကိုကြည့်ပါ ဘယ်လောက်တောင် ကွာသွားသလဲဆိုတာ တွေးသာကြည့်ပါတော့။ အခုများရေတွက်ရတာတောင်ခက်တဲ့ ဂဏန်းဖြစ်နေပါပြီ။ ငွေတန်ဖိုးကျဆင်းရခြင်းဟာ အာဏာရယူထားတဲ့အစိုးရအဖွဲ့ရဲ့အရည်အချင်းနဲ့

တိုက်ရိုက်သက်ဆိုင်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့အနာဂတ်ကိုဘယ်သူမှမယုံကြည်တော့တဲ့အချိန်မှာ ငွေတန်ဖိုးထိုးကျပါတယ်။ ငွေတန်ဖိုးထိုးကျရခြင်းဟာ ငွေစက္ကူတွေကိုတန်ဖိုးမညှိပဲ လွယ်ကူစွာရိုက်ထုတ်တာကြောင့်လည်းပါပါတယ်။ လွယ်ပါတယ်၊ လစာပေးစရာမရှိရင် ငွေစက္ကူရိုက်ထုတ်လိုက်လုပ်နေလို့ကတော့ ငွေတန်ဖိုးဟာအဝီစိကို ဘီးတပ်ပေးသလို အရှိန်နဲ့ ထိုးဆင်းသွားပါလိမ့်မယ်။ ငွေတန်ဖိုးကျရင်ဘာဖြစ်မလဲ ဘဏ်ထဲကပိုက်ဆံတွေအလိုလိုနေရင်း စက္ကူစုတ်နီးပါးတန်ဖိုးဖြစ်ကုန်တာပေါ့။

ဗဲနီဇွဲလားကိုပဲကြည့်ပါ။ ​တိုင်းပြည်စီးပွားပျက်ရတဲ့အကြောင်းတရားကိုအဓိကမဖယ်ရှားသ၍ လူတစ်ယောက်ရှာသမျှငွေဟာ ဘယ်လောက်ပဲကြိုးစားရှာရှာ အချိန်မရွေးစက္ကူစုတ်ဖြစ်သွားနိုင်ပါတယ်ခင်ဗျား။ အမြင်​လေး​​တွေလည်း ​ရေးပြခဲ့ကြပါဦး…။

Ref: Richard Myo Thant

Leave a Comment

Your email address will not be published. Required fields are marked *