Ref: Nekkei Asia
CRD_Zin Min Nyein
ယူနီကုတ်
ထားဝယ်အထူးစက်မှုဇုန်မှာ သင်တို့ကိုမလိုတော့ဘူးလို့ တရားဝင်စာပို့ကာ ထိုင်းဆောက်လုပ်ရေးကုမ္ပဏီကို ဖယ်ရှားထုတ်ပါယ်လိုက်တဲ့ မြန်မာအစိုးရ
အီတလီယံထိုင်းကုမ္ပဏီဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် ပေးထားတဲ့ကတိအတိုင်း အချိန်မီပြီးအောင်မလုပ်နိုင်ခဲ့လို့ မြန်မာအစိုးရဟာ ဗျူဟာပြောင်းအကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။
စနစ်သစ်အရ မြန်မာအစိုးရဟာ ထိုင်း၊ ဂျပန်အစိုးရတွေနဲ့ ပူးပေါင်းကာ နိုင်ငံတော်အဆင့် အကောင်အထည်ဖော်တော့မှာပဲ ဖြစ်ပါတယ်။ အရင်လေလွင့်ခဲ့တဲ့အချိန်တွေကို ပြန်ကာမိစေဖို့ရာ Phase-1 & 2 ကို တစ်ခုပြီးမှတစ်ခု မလုပ်တော့ဘဲ တပြိုင်နက်ဖော်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။
၂၀၃၀ မှာ ကရင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်သွားမယ်လို့ အမေစုက ဒီကနေ့ပြောခဲ့တာ အလကားမဟုတ်ပါဘူး။ ထိုင်းနယ်စပ်ဒေသဖြစ်တဲ့ ကရင်၊ မွန်နဲ့ တနင်္သာရီတို့ဟာ ဦးစားပေးနေရာတွေဖြစ်လာကာ မြန်မာ့စီးပွါးရေးဦးမော့လာစေဖို့အတွက် များစွာအထောက်အကူပြုပါလိမ့်မည်။ 👍
Ref: Nekkei Asia
CRD_Zin Min Nyein
Add a Comment
Your email address will not be published. Required fields are marked *