ထရမ့္ရဲ့ တရုတ္အေပၚ ပိတ္ဆုိ့ထားတဲ့ နုိင္ငံေရး လမ္းေႀကာင္း ကေန ေရွာင္လြဲဖုိ့ ခက္အုံးမယ့္ အေမရိကန္သမၼတသစ္ ဘုိင္ဒန္ ( အေျခအေန အရ ဘုိင္ဒန္လည္း ထရမ့္လုပ္သလုိ တရုတ္ကို ႀကိတ္မယ့္ ပုံပဲ …)

ထရမ့္ရဲ့ တရုတ္အေပၚ ပိတ္ဆုိ့ထားတဲ့ နုိင္ငံေရး လမ္းေႀကာင္း ကေန ေရွာင္လြဲဖုိ့ ခက္အုံးမယ့္ အေမရိကန္သမၼတသစ္ ဘုိင္ဒန္

*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ကာကြယ္ေရးဝန္ႀကီး အက္စပါကို ရာထူးက ဖယ္ရွားလိုက္တာဟာ တ႐ုတ္တို႔ကိုလည္း စိတ္ပူပန္ေစခဲ့ပါတယ္။ပင္တာဂြန္မွာ သေဘာထား တင္းမာသူေတြရဲ႕ လႈပ္ရွားမႈေတြ ရွိလာႏိုင္တယ္ ဆိုၿပီးေတာ့ စိတ္ပူပန္တာ ျဖစ္ပါတယ္။

႐ုရွနဲ႔ တ႐ုတ္တို႔ဟာ ေ႐ြးေကာက္ခံထားရတဲ့ ဘိုင္ဒင္ကို ႏႈတ္ဆက္စကား မေျပာၾကေသးပါဘူး။ (လက္ရွိအခ်ိန္ေတာ့ တ႐ုတ္ႏိုင္ငံျခားေရးက ေျပာၿပီးၿပီ)သို႔ေပမယ့္ တ႐ုတ္တို႔ကေတာ့ တိုင္ဝမ္အေရးမွာ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္ဖို႔ ဆိုၿပီးေတာ့ စီးပြားေရးဌာန အတြင္းဝန္ Keith Krach ဦးေဆာင္တဲ့ အဖြဲ႕ နဲ႔ တိုင္ဝမ္က အဖြဲ႕ တို႔ ဝါရွင္တန္မွာ ေဆြးေႏြးၾကမွာကို အေၾကာက္အကန္ ကန႔္ကြက္ေနပါတယ္။

ဒီခရီးစဥ္ဟာ ထရမ့္အစိုးရက စီမံထားတဲ့ ကိစၥ ျဖစ္ပါတယ္။ဒါေပမယ့္ ဂ်ပန္၊ ကိုရီးယားနဲ႔ ၾသစေၾတးလ်တို႔က ဘိုင္ဒင္နဲ႔ ဆက္သြယ္ၿပီး ႏႈတ္ဆက္စကား ေျပာၾကားတဲ့အခါမွာ မူလ စီမံသေဘာတူ ထားခဲ့ၾကတဲ့ ထရမ့္လက္ထက္က သေဘာတူညီခ်က္ေတြကို ဆက္လက္ ေဆာင္႐ြက္မယ္၊

အင္ဒိုပစိဖိတ္ ေဒသ လြတ္လပ္ ပြင့္လင္းေရး၊ လုံၿခဳံေရး စတာေတြကို အာမခံမယ္ ဆိုတဲ့အေၾကာင္း ဘိုင္ဒင္က ေျပာလိုက္တဲ့အတြက္ တ႐ုတ္တို႔ဟာ ကိုယ္ရွိန္သပ္သြားၾကပါတယ္။ဘာေၾကာင့္လည္း ဆိုရင္ေတာ့ ဘိုင္ဒင္ဟာ ထရမ့္ခင္းေပးခဲ့တဲ့ တ႐ုတ္ကို ဝိုင္းပတ္ ပိတ္ဆို႔ေရး ကိစၥအေပၚ ေသြဖည္သြားဖို႔ အလြန္ကို ခက္ခဲမယ္ဆိုတာ သိသြားၾကလို႔ပါပဲ။

ထရမ့္ရဲ႕ တ႐ုတ္အေပၚ လုပ္ကြက္ေတြကို ကမာၻက သိၿပီးသား ျဖစ္သလို အီးယူ အပါအဝင္ အေတာ္မ်ားမ်ားက လက္ခံထားၿပီးသား လမ္းေၾကာင္းႀကီး ျဖစ္ေနပါတယ္။ဘိုင္ဒင္ဟာ လမ္းေၾကာင္းအတိုင္း လိုက္မွ ျဖစ္ပါလိမ့္မယ္။အခုပဲ ဂ်ပန္၊ ကိုရီးယားနဲ႔ ၾသစေၾတးလ်က ေတာင္းဆိုလာေနပါၿပီ။

ထရမ့္ တ႐ုတ္အေပၚ ခင္းထားတဲ့ လမ္းေၾကာင္းကို ဘိုင္ဒန္အေနနဲ႔ ေျပာင္းဖို႔ ခက္ပါတယ္။ ဘိုင္ဒန္အေပၚ တ႐ုတ္တို႔ ေမွ်ာ္လင့္သေလာက္ ျဖစ္လာမွာ မဟုတ္ပါဘူး။

CRD : Pi Lon

ယူနီကုတ္

ထရမ့်ရဲ့ တရုတ်အပေါ် ပိတ်ဆို့ထားတဲ့ နိုင်ငံရေး လမ်းကြောင်း ကနေ ရှောင်လွဲဖို့ ခက်အုံးမယ့် အမေရိကန်သမ္မတသစ် ဘိုင်ဒန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီး အက်စပါကို ရာထူးက ဖယ်ရှားလိုက်တာဟာ တရုတ်တို့ကိုလည်း စိတ်ပူပန်စေခဲ့ပါတယ်။ပင်တာဂွန်မှာ သဘောထား တင်းမာသူတွေရဲ့ လှုပ်ရှားမှုတွေ ရှိလာနိုင်တယ် ဆိုပြီးတော့ စိတ်ပူပန်တာ ဖြစ်ပါတယ်။

ရုရှနဲ့ တရုတ်တို့ဟာ ရွေးကောက်ခံထားရတဲ့ ဘိုင်ဒင်ကို နှုတ်ဆက်စကား မပြောကြသေးပါဘူး။ (လက်ရှိအချိန်တော့ တရုတ်နိုင်ငံခြားရေးက ပြောပြီးပြီ)သို့ပေမယ့် တရုတ်တို့ကတော့ တိုင်ဝမ်အရေးမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆိုပြီးတော့ စီးပွားရေးဌာန အတွင်းဝန် Keith Krach ဦးဆောင်တဲ့ အဖွဲ့ နဲ့ တိုင်ဝမ်က အဖွဲ့ တို့ ဝါရှင်တန်မှာ ဆွေးနွေးကြမှာကို အကြောက်အကန် ကန့်ကွက်နေပါတယ်။

ဒီခရီးစဉ်ဟာ ထရမ့်အစိုးရက စီမံထားတဲ့ ကိစ္စ ဖြစ်ပါတယ်။ဒါပေမယ့် ဂျပန်၊ ကိုရီးယားနဲ့ သြစတြေးလျတို့က ဘိုင်ဒင်နဲ့ ဆက်သွယ်ပြီး နှုတ်ဆက်စကား ပြောကြားတဲ့အခါမှာ မူလ စီမံသဘောတူ ထားခဲ့ကြတဲ့ ထရမ့်လက်ထက်က သဘောတူညီချက်တွေကို ဆက်လက် ဆောင်ရွက်မယ်၊

အင်ဒိုပစိဖိတ် ဒေသ လွတ်လပ် ပွင့်လင်းရေး၊ လုံခြုံရေး စတာတွေကို အာမခံမယ် ဆိုတဲ့အကြောင်း ဘိုင်ဒင်က ပြောလိုက်တဲ့အတွက် တရုတ်တို့ဟာ ကိုယ်ရှိန်သပ်သွားကြပါတယ်။ဘာကြောင့်လည်း ဆိုရင်တော့ ဘိုင်ဒင်ဟာ ထရမ့်ခင်းပေးခဲ့တဲ့ တရုတ်ကို ဝိုင်းပတ် ပိတ်ဆို့ရေး ကိစ္စအပေါ် သွေဖည်သွားဖို့ အလွန်ကို ခက်ခဲမယ်ဆိုတာ သိသွားကြလို့ပါပဲ။

ထရမ့်ရဲ့ တရုတ်အပေါ် လုပ်ကွက်တွေကို ကမ္ဘာက သိပြီးသား ဖြစ်သလို အီးယူ အပါအဝင် အတော်များများက လက်ခံထားပြီးသား လမ်းကြောင်းကြီး ဖြစ်နေပါတယ်။ဘိုင်ဒင်ဟာ လမ်းကြောင်းအတိုင်း လိုက်မှ ဖြစ်ပါလိမ့်မယ်။အခုပဲ ဂျပန်၊ ကိုရီးယားနဲ့ သြစတြေးလျက တောင်းဆိုလာနေပါပြီ။

ထရမ့် တရုတ်အပေါ် ခင်းထားတဲ့ လမ်းကြောင်းကို ဘိုင်ဒန်အနေနဲ့ ပြောင်းဖို့ ခက်ပါတယ်။ ဘိုင်ဒန်အပေါ် တရုတ်တို့ မျှော်လင့်သလောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

CRD : Pi Lon

Add a Comment

Your email address will not be published. Required fields are marked *