တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္အေရး တင္းမာေနခ်ိန္မွာ အိႏၵိယနဲ႔ အေမရိကန္တို႔ အေရးႀကီးကာကြယ္ေရးစာခ်ဳပ္ ခ်ဳပ္ဆို ( တရုတ္နဂါးကို အရုိးထုတ္ျပီး အရည္က်ုိေသာက္မယ့္ အစီအစဥ္ေတာ့ စလုိက္ပါျပီ….)

တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္အေရး တင္းမာေနခ်ိန္မွာ အိႏၵိယနဲ႔ အေမရိကန္တို႔ အေရးႀကီးကာကြယ္ေရးစာခ်ဳပ္ ခ်ဳပ္ဆို ( တရုတ္နဂါးကို အရုိးထုတ္ျပီး အရည္က်ုိေသာက္မယ့္ အစီအစဥ္ေတာ့ စလုိက္ပါျပီ….)

*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။

တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္အေရး တင္းမာမႈေတြ ျဖစ္ေနခ်ိန္မွာ အိႏၵိယနဲ႔ အေမရိကန္ႏိုင္ငံၾကား ထိလြယ္ရွလြယ္တဲ့ ၿဂိဳဟ္တုသတင္းအခ်က္အလက္ေတြ ေဝမွ်ဖို႔ စစ္ဘက္ဆိုင္ရာ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။

ၿဂိဳဟ္တုသတင္းအခ်က္အလက္ေတြ ရရွိမႈဟာ ဒုံးက်ည္ေတြ၊ ေမာင္းသူမဲ့ယာဥ္ေတြနဲ႔ တျခားတိက်တဲ့ပစ္မွတ္ေတြကို ပစ္ခတ္တိုက္ခိုက္ဖို႔ အေရးပါတယ္လို႔ သတ္မွတ္ထားၾကပါတယ္။ ေအာက္တိုဘာလ ၂၇ ရက္က နယူးေဒလီၿမိဳ႕မွာ ႏွစ္စဥ္က်င္းပေနၾက “2+2” ထိပ္တန္းအဆင့္ ေဆြးေႏြးပြဲအၿပီးမွာ စစ္ဘက္ဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ေၾကညာခဲ့တာပါ။

အာရွေဒသအတြင္းမွာ တ႐ုတ္ႏိုင္ငံရဲ႕ လႊမ္းမိုးမႈကို တန္ျပန္ႏိုင္ဖို႔ ရည္႐ြယ္ၿပီး အိႏၵိယနဲ႔ အေမရိကန္ႏိုင္ငံ ဆက္ဆံေရး ခိုင္မာအားေကာင္းေအာင္ လုပ္ေဆာင္ေနတာလို႔ ကြၽမ္းက်င္ပညာရွင္ေတြက ေျပာပါတယ္။ ပထဝီေျမျပင္ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ သတင္းအခ်က္အလက္ ဖလွယ္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးသေဘာတူညီခ်က္ (BECA)ဟာ အေမရိကန္နဲ႔ ရင္းႏွီးတဲ့မဟာမိတ္ႏိုင္ငံေတြၾကား ခ်ဳပ္ဆိုတဲ့ အေရးႀကီးစာခ်ဳပ္တစ္ခုျဖစ္ပါတယ္။ အဲဒီစာခ်ဳပ္အရ အိႏၵိယႏိုင္ငံဟာ စစ္ေရးလႈပ္ရွားမႈအတြက္ အေရးပါတဲ့ ပထဝီေျမျပင္နဲ႔ ေလေၾကာင္းအခ်က္အလက္ေတြကို ရရွိမွာပါ။ အိႏၵိယနဲ႔ အေမရိကန္ႏိုင္ငံဟာ န်ဴကလီးယားစြမ္းအင္၊ ကမာၻေျမသိပၸံနဲ႔ အစားထိုးေဆးပညာ က႑ေတြနဲ႔ပတ္သက္ၿပီး သေဘာတူစာခ်ဳပ္ေတြလည္း ခ်ဳပ္ဆိုခဲ့ပါတယ္။

အိႏၵိယနဲ႔ အေမရိကန္ႏိုင္ငံေတြရဲ႕ ကာကြယ္ေရးဝန္ႀကီးနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးေတြ ေတြ႕ဆုံေဆြးေႏြးၾကတဲ့အတြက္ “2+2” လို႔ အမည္ေပးထားတဲ့ ထိပ္တန္းအဆင့္ ေဆြးေႏြးပြဲမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြမ္ပီယို၊ အေမရိကန္ကာကြယ္ေရးဝန္ႀကီး မက္ခ့္အက္စပါ၊ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး ဂ်ိဳင္ရွန္ကာ၊ အိႏၵိယကာကြယ္ေရးဝန္ႀကီး ရာဂ်ီနက္ဆင္းမ္တို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ဇြန္လက အျငင္းပြားစရာ ျဖစ္ေနတဲ့ ဟိမဝႏၲာနယ္စပ္ေဒသမွာ အိႏၵိယနဲ႔ တ႐ုတ္စစ္သည္ေတြၾကား တိုက္ပြဲျဖစ္ပြားခဲ့လို႔ အိႏၵိယစစ္သည္ ၂၀ ဦး ေသဆုံးခဲ့ပါတယ္။ တင္းမာမႈေတြကို ေျဖေလွ်ာ့ႏိုင္ဖို႔အတြက္ သံတမန္ေရးရာ ေဆြးေႏြးမႈေတြ လနဲ႔ခ်ီ လုပ္ခဲ့ေပမဲ့ အခုအခ်ိန္အထိေတာ့ သိသိသာသာ အရာမထင္ေသးပါဘူး။ ကိုဗစ္-၁၉ ကပ္ေရာဂါကို ကိုင္တြယ္ေျဖရွင္းမႈနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထပ္ဖန္တလဲလဲ ေဝဖန္ခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့လပိုင္းအတြင္း အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရး ဆိုး႐ြားခဲ့ပါတယ္။

နယ္စပ္အေရးနဲ႔ပတ္သက္ၿပီး အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာေနခ်ိန္ဟာ အာရွေဒသမွာ သူတို႔ရဲ႕အခန္းက႑ကို ျမႇင့္တင္ဖို႔ အခြင့္အေရးတစ္ရပ္လို႔ အေမရိကန္ႏိုင္ငံက သေဘာထားဖြယ္ရွိေနပါတယ္။ ဒါ့အျပင္ အိႏၵိယႏိုင္ငံက အေမရိကန္ရဲ႕ စစ္ဘက္ဆိုင္ရာ မဟာမိတ္ႏိုင္ငံျဖစ္တယ္ဆိုတာကို တ႐ုတ္ႏိုင္ငံသိေအာင္ အခ်က္ျပလိုက္ပုံပါပဲ။ ဒါေပမဲ့ အိႏၵိယအရာရွိေတြကေတာ့ ခက္ခဲတဲ့ သံတမန္ေရးရာ ႀကိဳးတန္းေပၚ လမ္းေလွ်ာက္ေနရသလိုပါပဲ။ အိႏၵိယဟာ နယ္စပ္ေဒသ တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔ တ႐ုတ္ႏိုင္ငံနဲ႔ စစ္ဘက္ဆိုင္ရာ ေဆြးေႏြးမႈေတြ လုပ္ေနသလို ႐ုရွားႏိုင္ငံနဲ႔လည္း ဆက္ဆံေရး တည္ေဆာက္မႈ ရွိေနပါတယ္။ အဲဒီအတြက္ အေမရိကန္၊ ႐ုရွားႏိုင္ငံ ၂ ႏိုင္ငံလုံးနဲ႔ စစ္ဘက္ဆိုင္ရာ၊ ဗ်ဴဟာေျမာက္ဆက္ဆံေရးကို ဟန္ခ်က္ညီေအာင္ ဘယ္လိုထိန္းမလဲဆိုတာ စိတ္ဝင္စားစရာ ျဖစ္ေနပါတယ္။

BECA စာခ်ဳပ္ဟာ အိႏၵိယနဲ႔ အေမရိကန္ႏိုင္ငံၾကား စစ္ဘက္ဆိုင္ရာ ဆက္ဆံေရးကို ပိုၿပီးခိုင္မာေစတဲ့ ေျခလွမ္းတစ္ရပ္ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံဟာ ကမာၻေပၚမွာ စစ္လက္နက္ပစၥည္း ဝယ္ယူမႈအမ်ားဆုံး ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး အိႏၵိယႏိုင္ငံရဲ႕ လက္နက္ဝယ္ယူမႈ ၆၀၊ ၇၀ ရာခိုင္ႏႈန္းကို ႐ုရွားႏိုင္ငံက ပံ့ပိုးေပးေနတာပါ။ အေမရိကန္ႏိုင္ငံက အဲဒီအေျခအေနကို ေျပာင္းလဲဖို႔ လိုလားေနၿပီး ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း အိႏၵိယႏိုင္ငံအတြက္ ကာကြယ္ေရးပစၥည္း ပံ့ပိုးမႈ အားအေကာင္းဆုံး ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္လာခဲ့ပါတယ္။

CRD_Nz (႐ိုးရာေလး)

ယူနီကုတ္

တရုတ်နိုင်ငံနဲ့ နယ်စပ်အရေး တင်းမာနေချိန်မှာ အိန္ဒိယနဲ့ အမေရိကန်တို့ အရေးကြီးကာကွယ်ရေးစာချုပ် ချုပ်ဆို ( တရုတ်နဂါးကို အရိုးထုတ်ပြီး အရည်ကျိုသောက်မယ့် အစီအစဉ်တော့ စလိုက်ပါပြီ….)

တရုတ်နိုင်ငံနဲ့ နယ်စပ်အရေး တင်းမာမှုတွေ ဖြစ်နေချိန်မှာ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံကြား ထိလွယ်ရှလွယ်တဲ့ ဂြိုဟ်တုသတင်းအချက်အလက်တွေ ဝေမျှဖို့ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဂြိုဟ်တုသတင်းအချက်အလက်တွေ ရရှိမှုဟာ ဒုံးကျည်တွေ၊ မောင်းသူမဲ့ယာဉ်တွေနဲ့ တခြားတိကျတဲ့ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်ဖို့ အရေးပါတယ်လို့ သတ်မှတ်ထားကြပါတယ်။ အောက်တိုဘာလ ၂၇ ရက်က နယူးဒေလီမြို့မှာ နှစ်စဉ်ကျင်းပနေကြ “2+2” ထိပ်တန်းအဆင့် ဆွေးနွေးပွဲအပြီးမှာ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ်ကို ကြေညာခဲ့တာပါ။

အာရှဒေသအတွင်းမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ ရည်ရွယ်ပြီး အိန္ဒိယနဲ့ အမေရိကန်နိုင်ငံ ဆက်ဆံရေး ခိုင်မာအားကောင်းအောင် လုပ်ဆောင်နေတာလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ပထဝီမြေပြင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (BECA)ဟာ အမေရိကန်နဲ့ ရင်းနှီးတဲ့မဟာမိတ်နိုင်ငံတွေကြား ချုပ်ဆိုတဲ့ အရေးကြီးစာချုပ်တစ်ခုဖြစ်ပါတယ်။ အဲဒီစာချုပ်အရ အိန္ဒိယနိုင်ငံဟာ စစ်ရေးလှုပ်ရှားမှုအတွက် အရေးပါတဲ့ ပထဝီမြေပြင်နဲ့ လေကြောင်းအချက်အလက်တွေကို ရရှိမှာပါ။ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံဟာ နျူကလီးယားစွမ်းအင်၊ ကမ္ဘာမြေသိပ္ပံနဲ့ အစားထိုးဆေးပညာ ကဏ္ဍတွေနဲ့ပတ်သက်ပြီး သဘောတူစာချုပ်တွေလည်း ချုပ်ဆိုခဲ့ပါတယ်။

အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးကြတဲ့အတွက် “2+2” လို့ အမည်ပေးထားတဲ့ ထိပ်တန်းအဆင့် ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၊ အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်ခ့်အက်စပါ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာ၊ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျီနက်ဆင်းမ်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ဇွန်လက အငြင်းပွားစရာ ဖြစ်နေတဲ့ ဟိမဝန္တာနယ်စပ်ဒေသမှာ အိန္ဒိယနဲ့ တရုတ်စစ်သည်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့ပါတယ်။ တင်းမာမှုတွေကို ဖြေလျှော့နိုင်ဖို့အတွက် သံတမန်ရေးရာ ဆွေးနွေးမှုတွေ လနဲ့ချီ လုပ်ခဲ့ပေမဲ့ အခုအချိန်အထိတော့ သိသိသာသာ အရာမထင်သေးပါဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ဖန်တလဲလဲ ဝေဖန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့လပိုင်းအတွင်း အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။

နယ်စပ်အရေးနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား တင်းမာနေချိန်ဟာ အာရှဒေသမှာ သူတို့ရဲ့အခန်းကဏ္ဍကို မြှင့်တင်ဖို့ အခွင့်အရေးတစ်ရပ်လို့ အမေရိကန်နိုင်ငံက သဘောထားဖွယ်ရှိနေပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံက အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ မဟာမိတ်နိုင်ငံဖြစ်တယ်ဆိုတာကို တရုတ်နိုင်ငံသိအောင် အချက်ပြလိုက်ပုံပါပဲ။ ဒါပေမဲ့ အိန္ဒိယအရာရှိတွေကတော့ ခက်ခဲတဲ့ သံတမန်ရေးရာ ကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုပါပဲ။ အိန္ဒိယဟာ နယ်စပ်ဒေသ တင်းမာမှုတွေကို လျှော့ချဖို့ တရုတ်နိုင်ငံနဲ့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်နေသလို ရုရှားနိုင်ငံနဲ့လည်း ဆက်ဆံရေး တည်ဆောက်မှု ရှိနေပါတယ်။ အဲဒီအတွက် အမေရိကန်၊ ရုရှားနိုင်ငံ ၂ နိုင်ငံလုံးနဲ့ စစ်ဘက်ဆိုင်ရာ၊ ဗျူဟာမြောက်ဆက်ဆံရေးကို ဟန်ချက်ညီအောင် ဘယ်လိုထိန်းမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

BECA စာချုပ်ဟာ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ပိုပြီးခိုင်မာစေတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ လက်နက်ဝယ်ယူမှု ၆၀၊ ၇၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံက ပံ့ပိုးပေးနေတာပါ။ အမေရိကန်နိုင်ငံက အဲဒီအခြေအနေကို ပြောင်းလဲဖို့ လိုလားနေပြီး ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အိန္ဒိယနိုင်ငံအတွက် ကာကွယ်ရေးပစ္စည်း ပံ့ပိုးမှု အားအကောင်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

CRD_Nz (ရိုးရာလေး)

Add a Comment

Your email address will not be published. Required fields are marked *