တရုတ်တွေ ကိုဗစ်ကိုအောင်မြင်ခဲ့ခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ကို တရုတ်လူမျိုးတစ်ဦး ထုတ်ဖော် ( ကာကွယ်ဆေးမဟုတ်ဘူး ဆိုတော့ ဘာဖြစ်မလဲ….)

တရုတ်တွေ ကိုဗစ်ကိုအောင်မြင်ခဲ့ခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ကို တရုတ်လူမျိုးတစ်ဦး ထုတ်ဖော် ( ကာကွယ်ဆေးမဟုတ်ဘူး ဆိုတော့ ဘာဖြစ်မလဲ….)

အားလုံး သိမှတ်ထားတဲ့အတိုင်း ကိုဗစ်ကူးစက်ကပ်ဆိုးကြီးဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးအနှံ့ဆီကိုတော့ အချိန်အနည်းငယ်အတွင်းမှာ ရောက်ရှိခဲ့ပြီး၊ လအနည်းငယ်ကြာ ပြင်ဆင်ချိန်တွေ ရှိနေပါလျှက် ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုတွေ မလုပ်နိုင်ခဲ့ကြပါဘူး။ တောင်အမေရိက၊ ဥရောပနဲ့ အမေရိကန်တို့ဟာ ဆိုးရွားအဆင့်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

အာရှမှာဆို အိန္ဒိယဟာ ကြောက်ခမန်းလိလိ ကိုဗစ်ကပ်ဆိုးကြီးကို ကြံ့ကြံ့ခံနေရပါတယ်။ မြန်မာနိုင်ငံလည်း အခုအနေအထားထိ စိုးရိမ်နေရဆဲပါ။ ကူးစက်ရောဂါတွေရဲ့ သဘောသဘာဝက လူစုလူဝေး မကြာခဏဖြစ်လေ၊ ကြာရှည်လေ ဖြစ်ပါတယ်။

လူဦးရေ သိပ်သည်းတဲ့နိုင်ငံတွေဟာ ဖြစ်ပြီဆိုရင် ထိမ်းမနိုင်သိမ်းမရ ဖြစ်တတ်ပါတယ်။ ဒီတော့ လူစုလူဝေးရှောင်ရှားတာကသာ အကောင်းဆုံး နည်းလမ်းလို့ ဆိုရမှာပါ။

အခုလည်း တရုတ်နိုင်ငံ ကိုဗစ်ကပ်ဦးကို ရင်ဆိုင်ခဲ့ရတဲ့ တရုတ်နိုင်ငံသားတစ်ယောက်ကတော့ သူရဲ့ အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။ သူဟာ တရုတ်နိုင်ငံသား လန်ဒန်မြို့မှာ နေထိုင်သူပါ။

ကပ်ဆိုးမတိုင်ခင် အမိနိုင်ငံကို ခေတ္တပြန်ခဲ့ရာ၊ ကပ်ဆိုးကြီးနဲ့ ပက်ပင်းတိုးခဲ့ပါတယ်။ သူ ပိတ်မိခဲ့တဲ့မြို့ကလည်း တကယ့်မြို့လို့ ပြောလို့ရတဲ့ ဝူဟန်မြို့ပါ။ အဲဒီမှာ သူ (၁၄၁)ရက်အထိ ပိတ်မိခဲ့ပါတယ်။

သူ့အမည်ကတော့ Xi Lu (၃၁)နှစ်ပါ။ တရုတ်တွေ ဘာလို့ ကိုဗစ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တာလဲဆိုတာကိုလည်း သူ ကောင်းကောင်း တွေ့မြင်ခဲ့ရပါတယ်။ ကာကွယ်ဆေးပေါ်လို့ စသဖြင့် လူတွေ ထင်ကြေးပေးကြပေမယ့်၊

အခုအချိန်မှာ ကာကွယ်ဆေး ရမမရ မသေချာသော်လည်း၊ အဲဒီအစောပိုင်းကာလတုန်းကတော့ ဘာကာကွယ်ဆေးမှ မရှိဘူးလို့ Lu က ပြောပါတယ်။ ဒါဖြင့် ဘာဖြစ်လို့ သူတို့ ကိုဗစ်ကို တွန်းလှန်နိုင်ခဲ့တာလဲ …?

အဓိကအချက်ကတော့ စည်းကမ်းလိုက်နာလို့ ဖြစ်ကြောင်း ဆိုပါတယ်။ တရုတ်တွေဟာ သည်းခံနိုင်စွမ်း၊ စည်းကမ်းလိုက်နာနိုင်စွမ်းမှာ ဥရောပထက် အဆပေါင်းများစွာ သာလွန်တယ်လို့ Lu က ပြောပါတယ်။

အစိုးရထုတ်ပြန်တဲ့ အမိန့်ကို လေးလေးစားစား လိုက်နာပြီး အိမ်ထဲမှာပဲ နေကြပါသတဲ့။ Lu က ” (၇၆)ရက်မြောက်မှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်လိုက်တယ် … တရုတ်မှာ အစိုးရက အမိန့်ထုတ်ပြီဆို ဘာမှ စောဒက မတက်နဲ့ … လိုက်ကိုလိုက်နာရတယ် … ”

” နောက် လူငယ်ထုရဲ့ အတွေးအခေါ်ပေါ့ … တရုတ်လူငယ်လေးတွေဟာ လွန်ခဲ့တဲ့ (၁၅)နှစ်လောက်ကတည်းက တာဝန်သက်ရောက်မှုရှိတဲ့ပညာရေးနဲ့ အကျွမ်းတဝင် ရှိလာခဲ့တယ် … သိပ္ပံပညာအပေါ်မှာ လွန်ကဲစွာ ယုံကြည်တဲ့ အလေ့အထက ခေါင်းထဲစွဲလာခဲ့တယ် …

လူငယ်မျိုးဆက်ဟာ သိပ္ပံက ဘာပဲပြောပြော လိုက်နာဖို့ အသင့်ပဲ … သိပ္ပံပညာအရ Mask တပ်ပါလို့ ပြောရင် … လူကြီးတွေကိုတောင် လူငယ်တွေက ပြန်ပြီး Mask တပ်ဖို့ တိုက်တွန်းရတာမျိုးပေါ့ … ”

” ဒီလိုအခြေအနေမျိုးမှာ အသက်ရှုရတာ မဝဘူးကွာဆိုပြီး Mask ကို ချွတ်ပစ်တဲ့လူ တစ်ယောက်မှ မရှိဘူး … ဘာလို့ဆို ဗိုင်းရပ်စ်ရဲ့ ကူးစက်မှုသိပ္ပံသဘောတရားကို ယုံကြည်လို့ပဲ … “လို့ ပြောပါတယ်။

သူ ယူကေကို ပြန်ရောက်လာတော့ အခြေအနေက အဲဒီမှာ အတော်ဆိုးနေပါပြီ။ ဒါပေမယ့် လူတွေ ပူးကပ်နေတာတွေ၊ လမ်းပေါ် ဥဒဟိုသွားနေတာတွေ၊ ပါတီမှာ ကဲနေတာတွေဟာ မမြင်ချင်မှ အဆုံးလို့ သူက ပြောပါတယ်။ ဥရောပမှာ အခြေအနေပိုးဆိုးရခြင်းက ဘယ်သူ့ပယောဂမှ မဟုတ်ကြောင်း၊ စည်းကမ်းမလိုက်နာလို့၊ အာရှနိုင်ငံတွေထက် စည်းကမ်းပိုင်း အားနည်းလို့ဖြစ်တယ်လို့ Lu က ပြောခဲ့ပါတယ်။

CRD_လင်းဇော်ကို

Add a Comment

Your email address will not be published. Required fields are marked *