တ႐ုတ္က ၎၏ကာကြယ္ေဆးမ်ားကို တစ္ကမာၻလုံးအသုံးျပဳႏိုင္ရန္ WHO ႏွင့္ေဆြးေႏြးေန ( တရုတ္ကာကြယ္ေဆးလည္း အသက္အႏၱာရယ္ႀကဳံရင္ေတာ့ ထုိးရမွာပဲမလား… )

တ႐ုတ္က ၎၏ကာကြယ္ေဆးမ်ားကို တစ္ကမာၻလုံးအသုံးျပဳႏိုင္ရန္ WHO ႏွင့္ေဆြးေႏြးေန ( တရုတ္ကာကြယ္ေဆးလည္း အသက္အႏၱာရယ္ႀကဳံရင္ေတာ့ ထုိးရမွာပဲမလား… )

*အောက်တွင် ယူနီကုတ် ဖြင့်ဖော်ပြထားပါသည်။

တ႐ုတ္ႏိုင္ငံက ျပည္တြင္းထုတ္ကာကြယ္ေဆးေတြကို ႏိုင္ငံတကာမွာအသုံးျပဳႏိုင္ေအာင္ စစ္ေဆးအကဲျဖတ္မႈခံယူဖို႔အတြက္ WHO နဲ႔ေဆြးေႏြးလ်က္ရွိတယ္လို႔ ေအာက္တိုဘာလ ၆ ရက္မွာ WHO ရဲ႕တာဝန္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ Clinical Trials ေတြေတာင္မၿပီးဆုံးေသးတဲ့ ျပည္တြင္းထုတ္ကာကြယ္ေဆးေတြကို အေရးႀကီးတာဝန္ထမ္းေဆာင္ေနတဲ့ဝန္ထမ္းေထာင္နဲ႔ခ်ီမွာ ထိုးေပးထားၿပီးျဖစ္ပါတယ္။

WHO ရဲ႕ပစိဖိတ္အေနာက္ပိုင္းေဒသအတြက္ ေဆးဝါးနဲ႔က်န္းမာေရးနည္းပညာဆိုင္ရာအႀကီးအကဲ Socorro Escalate က သတင္းစာရွင္းလင္းပြဲမွာ WHO အေနနဲ႔ တ႐ုတ္ရဲ႕ကာကြယ္ေဆးေတြကို အေရးေပၚအသုံးျပဳႏိုင္ဖို႔ ပဏာမေဆြးေႏြးမႈေတြလုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံမွာ Clinical Trials ေနာက္ဆုံးအဆင့္စမ္းသပ္ေနတဲ့ ကာကြယ္ေဆးေလးခုရွိေနၿပီး ႏွစ္ခုကို တ႐ုတ္အစိုးရကုမၼဏီ China National Biotec Group (CNBG) နဲ႔ က်န္တဲ့ႏွစ္ခုကို Sinovac Biotech and CanSino Biologics က ထုတ္လုပ္ထားတာျဖစ္ပါတယ္။

ပါကစၥတန္၊ အင္ဒိုနီးရွား၊ ဘရာဇီး၊ ႐ုရွားနဲ႔ ယူေအအီးႏိုင္ငံေတြမွာ စမ္းသပ္မႈေတြလုပ္ေဆာင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့လကပဲ ယူေအအီးက CNBG ေဆးတစ္ခုကို အေရးေပၚအသုံးျပဳဖို႔ ခြင့္ျပဳခ်က္ေပးခဲ့တာေၾကာင့္ ႏိုင္ငံတကာမွာ ပထမဆုံးအေရးေပၚ အသုံးျပဳခြင့္ရတဲ့ တ႐ုတ္ကာကြယ္ေဆးျဖစ္လာတယ္လို႔ သိရပါတယ္။

CRD_pyimyanmarnews

ယူနီကုတ္

တရုတ်က ၎င်း၏ကာကွယ်ဆေးများကို တစ်ကမ္ဘာလုံးအသုံးပြုနိုင်ရန် WHO နှင့်ဆွေးနွေးနေ ( တရုတ်ကာကွယ်ဆေးလည်း အသက်အန္တာရယ်ကြုံရင်တော့ ထိုးရမှာပဲမလား… )

တရုတ်နိုင်ငံက ပြည်တွင်းထုတ်ကာကွယ်ဆေးတွေကို နိုင်ငံတကာမှာအသုံးပြုနိုင်အောင် စစ်ဆေးအကဲဖြတ်မှုခံယူဖို့အတွက် WHO နဲ့ဆွေးနွေးလျက်ရှိတယ်လို့ အောက်တိုဘာလ ၆ ရက်မှာ WHO ရဲ့တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ Clinical Trials တွေတောင်မပြီးဆုံးသေးတဲ့ ပြည်တွင်းထုတ်ကာကွယ်ဆေးတွေကို အရေးကြီးတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းထောင်နဲ့ချီမှာ ထိုးပေးထားပြီးဖြစ်ပါတယ်။

WHO ရဲ့ပစိဖိတ်အနောက်ပိုင်းဒေသအတွက် ဆေးဝါးနဲ့ကျန်းမာရေးနည်းပညာဆိုင်ရာအကြီးအကဲ Socorro Escalate က သတင်းစာရှင်းလင်းပွဲမှာ WHO အနေနဲ့ တရုတ်ရဲ့ကာကွယ်ဆေးတွေကို အရေးပေါ်အသုံးပြုနိုင်ဖို့ ပဏာမဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ Clinical Trials နောက်ဆုံးအဆင့်စမ်းသပ်နေတဲ့ ကာကွယ်ဆေးလေးခုရှိနေပြီး နှစ်ခုကို တရုတ်အစိုးရကုမ္မဏီ China National Biotec Group (CNBG) နဲ့ ကျန်တဲ့နှစ်ခုကို Sinovac Biotech and CanSino Biologics က ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ပါကစ္စတန်၊ အင်ဒိုနီးရှား၊ ဘရာဇီး၊ ရုရှားနဲ့ ယူအေအီးနိုင်ငံတွေမှာ စမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လကပဲ ယူအေအီးက CNBG ဆေးတစ်ခုကို အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက်ပေးခဲ့တာကြောင့် နိုင်ငံတကာမှာ ပထမဆုံးအရေးပေါ် အသုံးပြုခွင့်ရတဲ့ တရုတ်ကာကွယ်ဆေးဖြစ်လာတယ်လို့ သိရပါတယ်။

CRD_pyimyanmarnews

Add a Comment

Your email address will not be published. Required fields are marked *