News

တော်လှန်ရေး စပြီ ( အနာဂတ် ဖက်ဒရယ် နိုင်ငံတော်သစ် တည်ဆောက်ရေး တွင် အာဆီယံနှင့် လုံးဝ မပတ်သက် ရန် ဟူသော သံဓိဌာန်များလည်း ခိုင်မာသည်ထက် ခိုင်မာလာနေကြပြီ )

Written by fella

တော်လှန်ရေး စပြီ ( အနာဂတ် ဖက်ဒရယ် နိုင်ငံတော်သစ် တည်ဆောက်ရေး တွင် အာဆီယံနှင့် လုံးဝ မပတ်သက် ရန် ဟူသော သံဓိဌာန်များလည်း ခိုင်မာသည်ထက် ခိုင်မာလာနေကြပြီ )

ရန်ကုန်သို့ ပြန်ရောက်လာသော PDF လူငယ် များက မြို့ပေါ် ပြောက်ကျား စစ်ဆင်ရေးကို စတင် ဆင်နွှဲတော့ မည်ဟု ပြောကြောင်း သူတို့ နှင့် တွေ့ဆုံခွင့်ရခဲ့သည့် Frontier Myanmar တွင် ရေးသားထားသည်။ အစိုးရ ရုံးများ နှင့် ရဲစခန်း၊ စစ်တပ်ရင်းများ ရှိရာကို ပြစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ဆိုသည်။ ရန်ကုန်တွင် ပြောက်ကျား တပ်ဖွဲ့ငယ် ၁၀ ဖွဲ့ခန့် လှုပ်ရှားနေပြီ ဖြစ်သည်ဟု လည်း သိရသည်။

ယခုအခါ အချိန်ကြာလာသည် နှင့် အမျှ အာဏာသိမ်း တပ်များ အဖို့ စိုးရိမ်စရာ ကောင်းလာနေရသည်မှာ PDF တပ်များသည် ပို၍ ကျစ်လစ် ခိုင်မာလာပြီး စည်းရုံး လှုပ်ရှားမှု ပို၍ အားကောင်းလာနေကာ ၎င်းတို့ လက်လှမ်း မမှီလောက်အောင် ချိတ်ဆက်မိမိ လှုပ်ရှားလာကြတော့မည့် အရေးပင် ဖြစ်သည်။ အာဏာသိမ်းတပ်များသည် ထိုသို့ စိုးရိမ်ထိတ်လန့်လာနေမှု နှင့်အတူ နိုင်ငံခြား သားများကိုလည်း သူလျှိုများဟု ယူဆလာကြသည်။ နိုင်ငံတွင်း အသက်အန္တရာယ် စိုးရိမ်လာနေရသော HIV နှင့် တီဘီ ရောဂါသည်များအား ဝင်ရောက် ကုသ ပေးရန် နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့ ၏ တောင်းဆိုချက်ကို အာဏာသိမ်း အဖွဲ့က ပယ်ချ လိုက်သည်။

ကမ္ဘာကြက်ခြေနီ အဖွဲ့က နိုင်ငံတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရန် လိုအပ်နေသည့် လူပေါင်း ၂၃၆,၀၀၀ ဦး ရှိနေပြီ ဖြစ်သည်ဟု စာရင်း ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်တွင် စစ်ပွဲ ဖြစ်လာမှု နှင့် အတူ ရောဂါ ဘယများ ထူပြောလာပြီး အစုလိုက် အပြုံလိုက် သေဆုံးမည့် အန္တရာယ်ကြီး ကို မြင်နေရပြီဟု ကယား ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို ရည်ညွှန်းပြီး ကုလ လူ့အခွင့် အရေး ဖြန်ဖြေရေး တာဝန်ခံ တွန် အင်ဒရူးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာ မိသားစုများ အနေဖြင့် အာဏာသိမ်း အဖွဲ့ မှ စစ်ပွဲ ကို အရှိန်မြှင့်မလာနိုင်အောင် အရင်းအမြစ်များ ဖြတ်တောက်ပြစ်ရန် လိုအပ်နေသည်ဟုလည်း ထောက်ပြသွားခဲ့သည်။

ကယားပြည်နယ်အတွင်း အာဏာသိမ်းတပ်များက လွိုင်ကော်၊ ဒီမောဆိုး နှင့် ဖရူးဆိုး မြို့နယ်များ အတွင်း PDF တပ်များကို ချေမှုန်းနိုင်ရန် လေကြောင်း ပစ်ကူများ နှင့် စစ်အင်အား များ တိုးချဲ့ စေလွှတ်နေသည်။ ထို့အပြင် မြို့နေလူထုကိုလည်း အိုးအိမ်များ စွန့်ခွာရန် မြို့နယ် အုပ်ချုပ်ရေး မှူး ရုံးများမှ တဆင့် သတိပေးလာခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သော ကရင်အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ အရပ်သားများ နှင့် ဖွဲ့စည်းထားသော PDF တပ်များကို ထောက်ခံမှု ပေးသွားမည်ဟု ဆိုသည်။

ယခုအခါ အာဏာသိမ်းတပ်များက ကမူးရှူးထိုး ဖြစ်လာသည် နှင့် အမျှ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းများပါမချန် မဲမဲ မြင်ရာ ပစ်ခတ် ဖျက်ဆီးလျှက် ရှိနေ၍ အသေအပျောက် များဖို့ ရှိနေသည်ဟုလည်း သတိပေးလာခဲ့သည်။ လက်ရှိတွင် အာဏာသိမ်း အဖွဲ့ က မာဖီယား ဆန်ဆန် တိုင်းပြည်ကို အုပ်ချုပ်လျှက် ရှိနေသည့် သာဓက အဖြစ် ပြည်ထဲရေး ဝန်ကြီး ဆိုသူ စိုးထွဋ်၏ သား သည် နေပြည်တော်ရှိ Excellent စားသောက်ဆိုင်တွင် ခိုက်ရန် ဖြစ်ပွားရာ ဖုန်းဆက်ခေါ်၍ ရဲကား အစီးနှစ်ဆယ်ခန့်နှင့် ဆိုင်ကို ဝိုင်းလိုက်ပြီး ဆိုင်ထဲရှိ လူများ၊ ပိုင်ရှင်များ၊ ဝန်ထမ်းများ အားလုံးကို သိမ်းကျုံး ဖမ်းဆီးသွားရာ ဆိုင်ပိုင်ရှင်၏ မွေးကင်းစ ကလေးငယ် နှစ်ဦးပင် ပါသွား ခဲ့သည်ဟု သိရသည်။

ယခုအခါ တနိုင်ငံလုံးရှိ နေရာအနှံ့ကိုလည်း PDF ရှိသည်ဟု သတင်း အနံ့ရသည်နှင့် အခြေအမြစ် ရှိမရှိ စဉ်းစား နိုင်စွမ်း မရှိသူများ ပီပီ ဘုန်းကြီးကျောင်းများ ပါမကျန် မွှေနှောက် ရှာဖွေနေပြီး မခံမရပ်နိုင် ဖြစ်လာသော လူထု နှင့် ထိတ်တိုက် ရင်ဆိုင်မှုများ ဖြစ်ပေါ်လျှက် ရှိနေသည်။ ဂျပန် အောက်လွှတ်တော်မှ အာဏာသိမ်း မှုကို ရှုတ်ချကြောင်း အဆိုကို အတည်ပြုလိုက်သည့်အတွက် မိမိတို့ အနေဖြင့် ရွေးချယ်စရာ လမ်းမရှိတော့ဘဲ အရင်က ပေးထားခဲ့သော ဖွံ့ဖြိုးမှု အကူအညီများနှင့် ရင်းနှီး မြှုပ်နှံမှု များအား ပြန်လည် သုံးသပ်ရတော့မည် ဖြစ်သည်ဟု ဂျပန် အစိုးရ ပြောရေးဆိုခွင့် ရှိသူမှ ထုတ်ဖေါ် ပြောကြား လိုက်သည်။

စီးပွားရေးအရ ရှေ့လျှောက် ပူးပေါင်း ဆောင်ရွက်သွားရန် မှာလည်း လက်ရှိ အကျပ်အတည်းကို မည်သို့မည်ပုံ ဖြေရှင်းသွားမည် ဆိုသည်အပေါ် တည်မှီနေသည်ဟုလည်း ဆိုသည်။ လောလောဆယ်တွင် ပြည်တွင်း ရှိ သီလဝါ အထူး စက်မှုဇုန် ရှိ ဂျပန်ပိုင် စက်ရုံ လေးပုံတပုံခန့်အား လုပ်ငန်းများ ရပ်ဆိုင်းထားသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။ အဆိုပါ စက်မှုဇုံတွင် ဂျပန် ကုမ္ပဏီများက ဒေါ်လာ နှစ်ဘီလီယံ အထိ ရင်းနှီးမြှပ်နှံထားကြပြီး ဖြစ်သည်။ အမေရိကန် မှ နိုင်ငံတွင်း အခြေအနေများ တဖြေးဖြေး နှင့် ဆိုးဝါးလာနေသည်ဟု ထုတ်ဖေါ်ပြောဆိုလာချိန်တွင် တရုတ်မှ အာဏာသိမ်း အဖွဲ့အား ထောက်ခံနေမှု ကို ကမ္ဘာအမြင်တွင် ကြည့်ကောင်းအောင် လုပ်ပေးရန် လမ်း ညွှန်ချက်အရ အာဏာသိမ်း အဖွဲ့က လမ်းပြမြေပုံ ၅ ချက် ဆိုသည်ကို အရင်ကထက် ကျယ်‌လောင်စွာ ပြောဆို လာနေကြသည်။

ချုံကင်း ဆွေးနွေးပွဲ အပြီး တွင် ထွက်ပေါ်လာသော ရလဒ်က အမေရိကန်၊ အီးယူ တို့အနေနှင့် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ အဖို့ လက်လှမ်း မမှီနိုင်တော့သော အခြေအနေကို ရောက်ရှိသွားပြီဟု သဘောပေါက် သွားကြခြင်းပင် ဖြစ်သည်။ တဆက်တည်းမှာပင် မိမိတို့ ဖက်မှ လျှင်မြန်စွာ တုန့်ပြန် အရေးယူဖို့ လိုအပ်လာပြီ လို့ အီးယူ နိုင်ငံခြားရေးရာ တာဝန်ခံ ဂျိုးဇက် ဘော်ရဲလ် က ပြောလာခဲ့သည်။

ထိုသို့ ပြော လာခြင်းမှာလည်း အကြောင်းရှိနေသည်။ အချိန်ကြာလာသည်နှင့် အမျှ အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ခံထားရသည့် အာဏာသိမ်း အဖွဲ့ ခေါင်းဆောင်ပိုင်းကို တရုတ် နှင့် အာဆီယံ မှ တဖြေးဖြေး အသိအမှတ်ပြု ဆက်ဆံသွားတော့မည့် အရေးကို သိမြင်လာသည့် အတွက်ကြောင့် ဖြစ်သည်။

ထိုအခါတွင် ၎င်းတို့၏ ဒဏ်ခတ် အရေးယူမှုများက ထိရောက်မှု မရှိ ဖြစ်လာပေတော့မည်။ အာဆီယံ၏ ဦးဆောင် ဖြေရှင်းမှု ဆိုသည်မှာ ပြည်သူတရပ်လုံး ရွံရှာ မုန်းတီးနေသည့် အာဏာသိမ်း အဖွဲ့ကို တရားဝင် အသိအမှတ်ပြု ဆက်ဆံသွားမည့် လမ်းကြောင်း ပေါ် ဦးတည်နေသည်ကိုလည်း ရိပ်စားမိသွားသည်။ ထို့အတွက်လည်း အနာဂတ် ဖက်ဒရယ် နိုင်ငံတော်သစ် တည်ဆောက်ရေး တွင် အာဆီယံနှင့် လုံးဝ မပတ်သက် ရန် ဟူသော သံဓိဌာန်များလည်း ခိုင်မာသည်ထက် ခိုင်မာလာနေကြပြီ ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!

crd-Hla Soewai

photo crd-CoBo Social

ေဇာ္ဂ်ီ

ေတာ္လွန္ေရး စၿပီ ( အနာဂတ္ ဖက္ဒရယ္ ႏိုင္ငံေတာ္သစ္ တည္ေဆာက္ေရး တြင္ အာဆီယံႏွင့္ လုံးဝ မပတ္သက္ ရန္ ဟူေသာ သံဓိဌာန္မ်ားလည္း ခိုင္မာသည္ထက္ ခိုင္မာလာေနၾကၿပီ )

ရန္ကုန္သို႔ ျပန္ေရာက္လာေသာ PDF လူငယ္ မ်ားက ၿမိဳ႕ေပၚ ေျပာက္က်ား စစ္ဆင္ေရးကို စတင္ ဆင္ႏႊဲေတာ့ မည္ဟု ေျပာေၾကာင္း သူတို႔ ႏွင့္ ေတြ႕ဆုံခြင့္ရခဲ့သည့္ Frontier Myanmar တြင္ ေရးသားထားသည္။ အစိုးရ ႐ုံးမ်ား ႏွင့္ ရဲစခန္း၊ စစ္တပ္ရင္းမ်ား ရွိရာကို ျပစ္မွတ္ထား တိုက္ခိုက္သြားမည္ဟု ဆိုသည္။ ရန္ကုန္တြင္ ေျပာက္က်ား တပ္ဖြဲ႕ငယ္ ၁၀ ဖြဲ႕ခန႔္ လႈပ္ရွားေနၿပီ ျဖစ္သည္ဟု လည္း သိရသည္။

ယခုအခါ အခ်ိန္ၾကာလာသည္ ႏွင့္ အမွ် အာဏာသိမ္း တပ္မ်ား အဖို႔ စိုးရိမ္စရာ ေကာင္းလာေနရသည္မွာ PDF တပ္မ်ားသည္ ပို၍ က်စ္လစ္ ခိုင္မာလာၿပီး စည္း႐ုံး လႈပ္ရွားမႈ ပို၍ အားေကာင္းလာေနကာ ၎တို႔ လက္လွမ္း မမွီေလာက္ေအာင္ ခ်ိတ္ဆက္မိမိ လႈပ္ရွားလာၾကေတာ့မည့္ အေရးပင္ ျဖစ္သည္။ အာဏာသိမ္းတပ္မ်ားသည္ ထိုသို႔ စိုးရိမ္ထိတ္လန႔္လာေနမႈ ႏွင့္အတူ ႏိုင္ငံျခား သားမ်ားကိုလည္း သူလွ်ိဳမ်ားဟု ယူဆလာၾကသည္။ ႏိုင္ငံတြင္း အသက္အႏၲရာယ္ စိုးရိမ္လာေနရေသာ HIV ႏွင့္ တီဘီ ေရာဂါသည္မ်ားအား ဝင္ေရာက္ ကုသ ေပးရန္ နယ္ျခားမဲ့ ဆရာဝန္မ်ား အဖြဲ႕ ၏ ေတာင္းဆိုခ်က္ကို အာဏာသိမ္း အဖြဲ႕က ပယ္ခ် လိုက္သည္။

ကမာၻၾကက္ေျခနီ အဖြဲ႕က ႏိုင္ငံတြင္း လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီမ်ား ေပးရန္ လိုအပ္ေနသည့္ လူေပါင္း ၂၃၆,၀၀၀ ဦး ရွိေနၿပီ ျဖစ္သည္ဟု စာရင္း ထုတ္ျပန္ခဲ့သည္။ ျမန္မာျပည္တြင္ စစ္ပြဲ ျဖစ္လာမႈ ႏွင့္ အတူ ေရာဂါ ဘယမ်ား ထူေျပာလာၿပီး အစုလိုက္ အၿပဳံလိုက္ ေသဆုံးမည့္ အႏၲရာယ္ႀကီး ကို ျမင္ေနရၿပီဟု ကယား ျပည္နယ္အတြင္း ျဖစ္ေပၚေနေသာ အေျခအေနမ်ားကို ရည္ၫႊန္းၿပီး ကုလ လူ႔အခြင့္ အေရး ျဖန္ေျဖေရး တာဝန္ခံ တြန္ အင္ဒ႐ူးက ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။ ႏိုင္ငံတကာ မိသားစုမ်ား အေနျဖင့္ အာဏာသိမ္း အဖြဲ႕ မွ စစ္ပြဲ ကို အရွိန္ျမႇင့္မလာႏိုင္ေအာင္ အရင္းအျမစ္မ်ား ျဖတ္ေတာက္ျပစ္ရန္ လိုအပ္ေနသည္ဟုလည္း ေထာက္ျပသြားခဲ့သည္။

ကယားျပည္နယ္အတြင္း အာဏာသိမ္းတပ္မ်ားက လြိဳင္ေကာ္၊ ဒီေမာဆိုး ႏွင့္ ဖ႐ူးဆိုး ၿမိဳ႕နယ္မ်ား အတြင္း PDF တပ္မ်ားကို ေခ်မႈန္းႏိုင္ရန္ ေလေၾကာင္း ပစ္ကူမ်ား ႏွင့္ စစ္အင္အား မ်ား တိုးခ်ဲ႕ ေစလႊတ္ေနသည္။ ထို႔အျပင္ ၿမိဳ႕ေနလူထုကိုလည္း အိုးအိမ္မ်ား စြန႔္ခြာရန္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရး မႉး ႐ုံးမ်ားမွ တဆင့္ သတိေပးလာခဲ့သည္။ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ ျဖစ္ေသာ ကရင္အမ်ိဳးသား တိုးတက္ေရး ပါတီ (KNPP) မွ အရပ္သားမ်ား ႏွင့္ ဖြဲ႕စည္းထားေသာ PDF တပ္မ်ားကို ေထာက္ခံမႈ ေပးသြားမည္ဟု ဆိုသည္။

ယခုအခါ အာဏာသိမ္းတပ္မ်ားက ကမူးရႉးထိုး ျဖစ္လာသည္ ႏွင့္ အမွ် ေဆး႐ုံ၊ စာသင္ေက်ာင္း၊ ဘုရားေက်ာင္းမ်ားပါမခ်န္ မဲမဲ ျမင္ရာ ပစ္ခတ္ ဖ်က္ဆီးလွ်က္ ရွိေန၍ အေသအေပ်ာက္ မ်ားဖို႔ ရွိေနသည္ဟုလည္း သတိေပးလာခဲ့သည္။ လက္ရွိတြင္ အာဏာသိမ္း အဖြဲ႕ က မာဖီယား ဆန္ဆန္ တိုင္းျပည္ကို အုပ္ခ်ဳပ္လွ်က္ ရွိေနသည့္ သာဓက အျဖစ္ ျပည္ထဲေရး ဝန္ႀကီး ဆိုသူ စိုးထြဋ္၏ သား သည္ ေနျပည္ေတာ္ရွိ Excellent စားေသာက္ဆိုင္တြင္ ခိုက္ရန္ ျဖစ္ပြားရာ ဖုန္းဆက္ေခၚ၍ ရဲကား အစီးႏွစ္ဆယ္ခန႔္ႏွင့္ ဆိုင္ကို ဝိုင္းလိုက္ၿပီး ဆိုင္ထဲရွိ လူမ်ား၊ ပိုင္ရွင္မ်ား၊ ဝန္ထမ္းမ်ား အားလုံးကို သိမ္းက်ဳံး ဖမ္းဆီးသြားရာ ဆိုင္ပိုင္ရွင္၏ ေမြးကင္းစ ကေလးငယ္ ႏွစ္ဦးပင္ ပါသြား ခဲ့သည္ဟု သိရသည္။

ယခုအခါ တႏိုင္ငံလုံးရွိ ေနရာအႏွံ႔ကိုလည္း PDF ရွိသည္ဟု သတင္း အနံ႔ရသည္ႏွင့္ အေျခအျမစ္ ရွိမရွိ စဥ္းစား ႏိုင္စြမ္း မရွိသူမ်ား ပီပီ ဘုန္းႀကီးေက်ာင္းမ်ား ပါမက်န္ ေမႊေႏွာက္ ရွာေဖြေနၿပီး မခံမရပ္ႏိုင္ ျဖစ္လာေသာ လူထု ႏွင့္ ထိတ္တိုက္ ရင္ဆိုင္မႈမ်ား ျဖစ္ေပၚလွ်က္ ရွိေနသည္။ ဂ်ပန္ ေအာက္လႊတ္ေတာ္မွ အာဏာသိမ္း မႈကို ရႈတ္ခ်ေၾကာင္း အဆိုကို အတည္ျပဳလိုက္သည့္အတြက္ မိမိတို႔ အေနျဖင့္ ေ႐ြးခ်ယ္စရာ လမ္းမရွိေတာ့ဘဲ အရင္က ေပးထားခဲ့ေသာ ဖြံ႕ၿဖိဳးမႈ အကူအညီမ်ားႏွင့္ ရင္းႏွီး ျမႇဳပ္ႏွံမႈ မ်ားအား ျပန္လည္ သုံးသပ္ရေတာ့မည္ ျဖစ္သည္ဟု ဂ်ပန္ အစိုးရ ေျပာေရးဆိုခြင့္ ရွိသူမွ ထုတ္ေဖၚ ေျပာၾကား လိုက္သည္။

စီးပြားေရးအရ ေရွ႕ေလွ်ာက္ ပူးေပါင္း ေဆာင္႐ြက္သြားရန္ မွာလည္း လက္ရွိ အက်ပ္အတည္းကို မည္သို႔မည္ပုံ ေျဖရွင္းသြားမည္ ဆိုသည္အေပၚ တည္မွီေနသည္ဟုလည္း ဆိုသည္။ ေလာေလာဆယ္တြင္ ျပည္တြင္း ရွိ သီလဝါ အထူး စက္မႈဇုန္ ရွိ ဂ်ပန္ပိုင္ စက္႐ုံ ေလးပုံတပုံခန႔္အား လုပ္ငန္းမ်ား ရပ္ဆိုင္းထားသည္ဟု ဧရာဝတီ သတင္းတြင္ ေဖၚျပထားသည္။ အဆိုပါ စက္မႈဇုံတြင္ ဂ်ပန္ ကုမၸဏီမ်ားက ေဒၚလာ ႏွစ္ဘီလီယံ အထိ ရင္းႏွီးျမႇပ္ႏွံထားၾကၿပီး ျဖစ္သည္။ အေမရိကန္ မွ ႏိုင္ငံတြင္း အေျခအေနမ်ား တေျဖးေျဖး ႏွင့္ ဆိုးဝါးလာေနသည္ဟု ထုတ္ေဖၚေျပာဆိုလာခ်ိန္တြင္ တ႐ုတ္မွ အာဏာသိမ္း အဖြဲ႕အား ေထာက္ခံေနမႈ ကို ကမာၻအျမင္တြင္ ၾကည့္ေကာင္းေအာင္ လုပ္ေပးရန္ လမ္း ၫႊန္ခ်က္အရ အာဏာသိမ္း အဖြဲ႕က လမ္းျပေျမပုံ ၅ ခ်က္ ဆိုသည္ကို အရင္ကထက္ က်ယ္‌ေလာင္စြာ ေျပာဆို လာေနၾကသည္။

ခ်ဳံကင္း ေဆြးေႏြးပြဲ အၿပီး တြင္ ထြက္ေပၚလာေသာ ရလဒ္က အေမရိကန္၊ အီးယူ တို႔အေနႏွင့္ ျမန္မာႏိုင္ငံ အက်ပ္အတည္းကို ေျဖရွင္းရန္ အာဆီယံ အဖို႔ လက္လွမ္း မမွီႏိုင္ေတာ့ေသာ အေျခအေနကို ေရာက္ရွိသြားၿပီဟု သေဘာေပါက္ သြားၾကျခင္းပင္ ျဖစ္သည္။ တဆက္တည္းမွာပင္ မိမိတို႔ ဖက္မွ လွ်င္ျမန္စြာ တုန႔္ျပန္ အေရးယူဖို႔ လိုအပ္လာၿပီ လို႔ အီးယူ ႏိုင္ငံျခားေရးရာ တာဝန္ခံ ဂ်ိဳးဇက္ ေဘာ္ရဲလ္ က ေျပာလာခဲ့သည္။

ထိုသို႔ ေျပာ လာျခင္းမွာလည္း အေၾကာင္းရွိေနသည္။ အခ်ိန္ၾကာလာသည္ႏွင့္ အမွ် အေနာက္ႏိုင္ငံမ်ားက စီးပြားေရး ပိတ္ဆို႔ ဒဏ္ခတ္ခံထားရသည့္ အာဏာသိမ္း အဖြဲ႕ ေခါင္းေဆာင္ပိုင္းကို တ႐ုတ္ ႏွင့္ အာဆီယံ မွ တေျဖးေျဖး အသိအမွတ္ျပဳ ဆက္ဆံသြားေတာ့မည့္ အေရးကို သိျမင္လာသည့္ အတြက္ေၾကာင့္ ျဖစ္သည္။

ထိုအခါတြင္ ၎တို႔၏ ဒဏ္ခတ္ အေရးယူမႈမ်ားက ထိေရာက္မႈ မရွိ ျဖစ္လာေပေတာ့မည္။ အာဆီယံ၏ ဦးေဆာင္ ေျဖရွင္းမႈ ဆိုသည္မွာ ျပည္သူတရပ္လုံး ႐ြံရွာ မုန္းတီးေနသည့္ အာဏာသိမ္း အဖြဲ႕ကို တရားဝင္ အသိအမွတ္ျပဳ ဆက္ဆံသြားမည့္ လမ္းေၾကာင္း ေပၚ ဦးတည္ေနသည္ကိုလည္း ရိပ္စားမိသြားသည္။ ထို႔အတြက္လည္း အနာဂတ္ ဖက္ဒရယ္ ႏိုင္ငံေတာ္သစ္ တည္ေဆာက္ေရး တြင္ အာဆီယံႏွင့္ လုံးဝ မပတ္သက္ ရန္ ဟူေသာ သံဓိဌာန္မ်ားလည္း ခိုင္မာသည္ထက္ ခိုင္မာလာေနၾကၿပီ ျဖစ္သည္။

အေရးေတာ္ပုံ ေအာင္ရမည္!!!

crd-Hla Soewai

About the author

fella

Leave a Comment