တို႔မ်ားအ႐ြယ္ “ေတာ္လွန္ေရးဆိုတာ ေက်နပ္လို႔ ျဖစ္လာတာ မဟုတ္ဘူး။ မေက်နပ္လို႔ျဖစ္လာတာ။ ေတာ္လွန္ေရး ပန္းတိုင္ဟာ ဖိႏွိပ္စိုးမိုးတဲ့ အာဏာရွင္ေတြ ျပဳတ္က်ေအာင္ ျဖဳတ္ခ်ေရးပဲ” (Ayn Rand)

မနက္က လမ္းေလွ်ာက္အျပန္ ထမင္းေၾကာ္ ဝင္စားသည္။ အမွန္ေတာ့ ခုတစ္ေလာ ဆိုင္သိပ္မထိုင္ခ်င္ပါ။ အိမ္ကို ပါဆယ္ဝယ္ၿပီးေတာ့သာ စားသည္ကမ်ားပါသည္။ သို႔ေသာ္ ယေန႔ေတာ့ မနက္ပိုင္း ထမင္းေၾကာ္ တစ္ပြဲစားမည္။ ေန႔ခင္းႏွင့္ ညအတြက္ ဟင္းဝယ္သြားမည္ဟု ရည္စူးကာ ဆိုင္ထိုင္လိုက္ပါသည္။ ထမင္းေၾကာ္စားေနစဥ္ “ဆရာ စားေတာင္ေနၿပီလား” ဟု ေမးကာ

မိတ္ေဆြတစ္ေယာက္က ကြၽန္ေတာ့္ေရွ႕တြင္ ဝင္ထိုင္လိုက္ သည္။ “စားဦးေလ” “စားၿပီးၿပီ … လက္ဖက္ရည္ဆိုင္ထိုင္ေနတာ ဆရာ့ကိုေတြ႕လို႔ထလာတာ” ကြၽန္ေတာ္က ထမင္းေၾကာ္ ဆက္စားေနသည္ “ဆရာ” “ဘာလဲဗ်” “ခုေတာ္လွန္ေရးက ႏိုင္ပါ့မလား” “ဒီမွာ ခင္ဗ်ား လာေမးေနကတည္းက သံသယျဖစ္ေနတယ္။ မယုံလို႔ လာေမးေနပုံရတယ္” “ကြၽန္ေတာ္က ေမးၾကည့္တာပါ … ဆရာတို႔က

အေတြ႕အႀကဳံရွိတယ္မဟုတ္လား” “ေတာ္လွန္ေရးက အေတြ႕အႀကဳံနဲ႔ မဆိုင္ဘူးဗ် … ယုံၾကည္ခ်က္နဲ႔ပဲဆိုင္တာ။ ကြၽန္ေတာ့္မွာ ဘာအေတြ႕အႀကဳံမွ မရွိဘူး။ ဒါေပမဲ့ ကြၽန္ေတာ္ယုံတယ္ ႏိုင္မွာ” “ကြၽန္ေတာ္ကေတာ့ ကိုဗစ္ကိုပဲ စိုးရိမ္ေနတာဆရာ” “အဲဒါဆိုလည္း ခင္ဗ်ား ဘာျဖစ္လို႔ ေတာ္လွန္ေရးအေၾကာင္း လာေမးေနတာလဲ။ ကြၽန္ေတာ္တို႔ အသက္ႀကီးၿပီ။ ဘာမွ မလုပ္ႏိုင္ေတာ့ဘူး။ ဒါေပမဲ့ လုပ္ႏိုင္တဲ့သူေတြ လုပ္ေနတာ

ကြၽန္ေတာ္ ယုံတယ္။ ဘာမွ သံသယျဖစ္စရာကို မလိုတာ။ တရားေသာေတာ္လွန္ေရး ႏိုင္ကိုႏိုင္ရမယ္၊ ေအာင္ကို ေအာင္ရမယ္။ ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ စကားေျပာရတာ အဆင္မေျပဘူးဗ်ာ။ အားမနာေတာ့ဘူး သြားေတာ့မယ္” ကြၽန္ေတာ္ ထလာခဲ့ပါသည္။ ကြၽန္ေတာ္ သက္တူ ႐ြယ္တူေတြႏွင့္ စကားေျပာခ်င္စိတ္ ကုန္ေနရျခင္းမွာ ထိုအေၾကာင္းေတြပါသည္။ ေတြ႕လိုက္လွ်င္ တရားစကားေတြ လာေျပာသည္။ ေသမွာမေၾကာက္ဆိုကာ ကိုဗစ္ျဖစ္ၿပီး ေသမွာ ေၾကာက္ ေနၾကသည္။ ေတာ္လွန္ေရးအတြက္ တိုက္ပြဲဝင္ေနသူေတြကို မထိတထိ လာကလိသည္။ တိုက္ပြဲ ဝင္ေနသည့္ ဆရာေတြ ဆရာမေတြကိုပင္ ေစာ္ကားသလိုလိုေျပာေနၾကသည္။

ကြၽန္ေတာ္က ဆရာေတြကို ထိလွ်င္ေတာ့ လုံးဝမခံခ်င္။ ကြၽန္ေတာ္သည္ ေဖေဖာ္ဝါရီလကတည္းက အကုသိုလ္ေတြ ကင္းခ်င္ေသာေၾကာင့္ အာဏာသိမ္းသူေတြ ထုတ္သည့္ သတင္းစာေတြကိုမဖတ္၊ သူတို႔ ထုတ္လႊင့္သည့္ ႐ုပ္သံလိုင္းေတြကို မဖြင့္၊ မၾကည့္။ ကင္းေအာင္ေနသည္။ သိသူခင္သူေတြ၏ အေရာင္ေျပာင္းကုန္သည့္အတြက္လည္း အားလုံးကို ေရွာင္ေနမိသည္ မၾကာေသးမီက မိတ္ေဆြ တစ္ဦးအိမ္ကို ေရာက္သည္။ သူ႔ဧည့္ခန္းအတြင္း ယခင္က ဂုဏ္ယူစြာ ခ်ိတ္ဆြဲထားသည့္ အစ္မႀကီး ေဒၚေအာင္ဆန္းစုၾကည္ ပန္းခ်ီကားကို မေတြ႕သျဖင့္ ေမးၾကည့္မိသည္။

ထိုပုံက ကြၽန္ေတာ္ အလြန္သေဘာက်ေသာေၾကာင့္လည္း ေမးမိျခင္းျဖစ္သည္။ “အစ္မႀကီးပုံ ဘယ္ေရာက္သြားလဲ” “သိမ္းထားလိုက္ၿပီ” “ဘာျဖစ္လို႔လဲ” “ကြၽန္ေတာ္တို႔ ရပ္ကြက္မွာ အိမ္ေတြကို မၾကာခဏ ဝင္စစ္ေနတာ။ အဲဒါ …” ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္ရသည္။ ကြၽန္ေတာ္တို႔ အ႐ြယ္ေတြထဲမွာလည္း ေခတ္ကာလသားသမီးေတြေခၚေနသည့္ Gen Lee ေတြက အမ်ားႀကီးျဖစ္ေနသည္။ ထိုသူေတြကို ကြၽန္ေတာ္အမည္မတပ္ခ်င္ပါ။ သို႔ေသာ္ အေခ်ာင္စိတ္ဓာတ္ေတြႏွင့္ လူျဖစ္ေနၾကသူမ်ားဟုဆိုခ်င္ပါသည္။ ကိုယ္လည္း ဘာမွ်မလုပ္၊ လုပ္သည့္သူေတြကို အျပစ္ေျပာကာ၊

ဘာကို ေၾကာက္မွန္းမသိေၾကာက္ေနၿပီး ေနာက္ပိုင္းမွ ေနရာဝင္ယူခ်င္သည့္ လူစားေတြဟုဆိုခ်င္သည္။ အသက္အ႐ြယ္ရလာသျဖင့္ ဘာမွ် မလုပ္ႏိုင္ေသာ္လည္း လုပ္ေနသူေတြကို ကြၽန္ေတာ္ ဘယ္ေတာ့မွ အျမင္မေစာင္းပါ။ လုပ္ႏိုင္သည့္ ဤ႐ြယ္မ်ားတြင္၊ လုပ္သင့္လုပ္ထိုက္သည့္အလုပ္မ်ားကို သမိုင္းေပး တာဝန္ တစ္ခုအေနျဖင့္ လုပ္ကိုလုပ္ရမည္ဆိုသည့္

စိတ္ဓာတ္မ်ားထားကာ ကိုယ္က်ိဳးစြန႔္၊ အနစ္နာ အဆင္းရဲခံ၊ ဒုကၡခံ၊ သားတကြဲ၊ မယားတကြဲ၊ မိတကြဲ၊ ဖတကြဲ ျဖစ္ေနရသူေတြကို ေလးစားစြာ ဂုဏ္ျပဳပါ သည္။ ခ်စ္ေသာ ေတာ္လွန္ေရးသမားေတြကို ဂုဏ္ျပဳျခင္းႏွင့္အတူ မုန္းစရာေကာင္းေသာ အတၱသမားေတြကို ရင္မဆိုင္မိေအာင္ႀကိဳးစားကာ ေနပါသည္။

crd-တင္ၫြန႔္ ၂၆.၆.၂၀၂၁

ယူနီကုတ္

တို့များအရွယ် “တော်လှန်ရေးဆိုတာ ကျေနပ်လို့ ဖြစ်လာတာ မဟုတ်ဘူး။ မကျေနပ်လို့ဖြစ်လာတာ။ တော်လှန်ရေး ပန်းတိုင်ဟာ ဖိနှိပ်စိုးမိုးတဲ့ အာဏာရှင်တွေ ပြုတ်ကျအောင် ဖြုတ်ချရေးပဲ” (Ayn Rand)

မနက်က လမ်းလျှောက်အပြန် ထမင်းကြော် ဝင်စားသည်။ အမှန်တော့ ခုတစ်လော ဆိုင်သိပ်မထိုင်ချင်ပါ။ အိမ်ကို ပါဆယ်ဝယ်ပြီးတော့သာ စားသည်ကများပါသည်။ သို့သော် ယနေ့တော့ မနက်ပိုင်း ထမင်းကြော် တစ်ပွဲစားမည်။ နေ့ခင်းနှင့် ညအတွက် ဟင်းဝယ်သွားမည်ဟု ရည်စူးကာ ဆိုင်ထိုင်လိုက်ပါသည်။ ထမင်းကြော်စားနေစဉ် “ဆရာ စားတောင်နေပြီလား” ဟု မေးကာ

မိတ်ဆွေတစ်ယောက်က ကျွန်တော့်ရှေ့တွင် ဝင်ထိုင်လိုက် သည်။ “စားဦးလေ” “စားပြီးပြီ … လက်ဖက်ရည်ဆိုင်ထိုင်နေတာ ဆရာ့ကိုတွေ့လို့ထလာတာ” ကျွန်တော်က ထမင်းကြော် ဆက်စားနေသည် “ဆရာ” “ဘာလဲဗျ” “ခုတော်လှန်ရေးက နိုင်ပါ့မလား” “ဒီမှာ ခင်ဗျား လာမေးနေကတည်းက သံသယဖြစ်နေတယ်။ မယုံလို့ လာမေးနေပုံရတယ်” “ကျွန်တော်က မေးကြည့်တာပါ … ဆရာတို့က

အတွေ့အကြုံရှိတယ်မဟုတ်လား” “တော်လှန်ရေးက အတွေ့အကြုံနဲ့ မဆိုင်ဘူးဗျ … ယုံကြည်ချက်နဲ့ပဲဆိုင်တာ။ ကျွန်တော့်မှာ ဘာအတွေ့အကြုံမှ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်ယုံတယ် နိုင်မှာ” “ကျွန်တော်ကတော့ ကိုဗစ်ကိုပဲ စိုးရိမ်နေတာဆရာ” “အဲဒါဆိုလည်း ခင်ဗျား ဘာဖြစ်လို့ တော်လှန်ရေးအကြောင်း လာမေးနေတာလဲ။ ကျွန်တော်တို့ အသက်ကြီးပြီ။ ဘာမှ မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ လုပ်နိုင်တဲ့သူတွေ လုပ်နေတာ

ကျွန်တော် ယုံတယ်။ ဘာမှ သံသယဖြစ်စရာကို မလိုတာ။ တရားသောတော်လှန်ရေး နိုင်ကိုနိုင်ရမယ်၊ အောင်ကို အောင်ရမယ်။ ကျွန်တော် ခင်ဗျားနဲ့ စကားပြောရတာ အဆင်မပြေဘူးဗျာ။ အားမနာတော့ဘူး သွားတော့မယ်” ကျွန်တော် ထလာခဲ့ပါသည်။ ကျွန်တော် သက်တူ ရွယ်တူတွေနှင့် စကားပြောချင်စိတ် ကုန်နေရခြင်းမှာ ထိုအကြောင်းတွေပါသည်။ တွေ့လိုက်လျှင် တရားစကားတွေ လာပြောသည်။ သေမှာမကြောက်ဆိုကာ ကိုဗစ်ဖြစ်ပြီး သေမှာ ကြောက် နေကြသည်။ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသူတွေကို မထိတထိ လာကလိသည်။ တိုက်ပွဲ ဝင်နေသည့် ဆရာတွေ ဆရာမတွေကိုပင် စော်ကားသလိုလိုပြောနေကြသည်။

ကျွန်တော်က ဆရာတွေကို ထိလျှင်တော့ လုံးဝမခံချင်။ ကျွန်တော်သည် ဖေဖော်ဝါရီလကတည်းက အကုသိုလ်တွေ ကင်းချင်သောကြောင့် အာဏာသိမ်းသူတွေ ထုတ်သည့် သတင်းစာတွေကိုမဖတ်၊ သူတို့ ထုတ်လွှင့်သည့် ရုပ်သံလိုင်းတွေကို မဖွင့်၊ မကြည့်။ ကင်းအောင်နေသည်။ သိသူခင်သူတွေ၏ အရောင်ပြောင်းကုန်သည့်အတွက်လည်း အားလုံးကို ရှောင်နေမိသည် မကြာသေးမီက မိတ်ဆွေ တစ်ဦးအိမ်ကို ရောက်သည်။ သူ့ဧည့်ခန်းအတွင်း ယခင်က ဂုဏ်ယူစွာ ချိတ်ဆွဲထားသည့် အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားကို မတွေ့သဖြင့် မေးကြည့်မိသည်။

ထိုပုံက ကျွန်တော် အလွန်သဘောကျသောကြောင့်လည်း မေးမိခြင်းဖြစ်သည်။ “အစ်မကြီးပုံ ဘယ်ရောက်သွားလဲ” “သိမ်းထားလိုက်ပြီ” “ဘာဖြစ်လို့လဲ” “ကျွန်တော်တို့ ရပ်ကွက်မှာ အိမ်တွေကို မကြာခဏ ဝင်စစ်နေတာ။ အဲဒါ …” ကျွန်တော် စိတ်မကောင်းဖြစ်ရသည်။ ကျွန်တော်တို့ အရွယ်တွေထဲမှာလည်း ခေတ်ကာလသားသမီးတွေခေါ်နေသည့် Gen Lee တွေက အများကြီးဖြစ်နေသည်။ ထိုသူတွေကို ကျွန်တော်အမည်မတပ်ချင်ပါ။ သို့သော် အချောင်စိတ်ဓာတ်တွေနှင့် လူဖြစ်နေကြသူများဟုဆိုချင်ပါသည်။ ကိုယ်လည်း ဘာမျှမလုပ်၊ လုပ်သည့်သူတွေကို အပြစ်ပြောကာ၊

ဘာကို ကြောက်မှန်းမသိကြောက်နေပြီး နောက်ပိုင်းမှ နေရာဝင်ယူချင်သည့် လူစားတွေဟုဆိုချင်သည်။ အသက်အရွယ်ရလာသဖြင့် ဘာမျှ မလုပ်နိုင်သော်လည်း လုပ်နေသူတွေကို ကျွန်တော် ဘယ်တော့မှ အမြင်မစောင်းပါ။ လုပ်နိုင်သည့် ဤရွယ်များတွင်၊ လုပ်သင့်လုပ်ထိုက်သည့်အလုပ်များကို သမိုင်းပေး တာဝန် တစ်ခုအနေဖြင့် လုပ်ကိုလုပ်ရမည်ဆိုသည့်

စိတ်ဓာတ်များထားကာ ကိုယ်ကျိုးစွန့်၊ အနစ်နာ အဆင်းရဲခံ၊ ဒုက္ခခံ၊ သားတကွဲ၊ မယားတကွဲ၊ မိတကွဲ၊ ဖတကွဲ ဖြစ်နေရသူတွေကို လေးစားစွာ ဂုဏ်ပြုပါ သည်။ ချစ်သော တော်လှန်ရေးသမားတွေကို ဂုဏ်ပြုခြင်းနှင့်အတူ မုန်းစရာကောင်းသော အတ္တသမားတွေကို ရင်မဆိုင်မိအောင်ကြိုးစားကာ နေပါသည်။

crd-တင်ညွန့် ၂၆.၆.၂၀၂၁

Leave a Comment

Your email address will not be published. Required fields are marked *