တိုင္ဝမ္ေလပိုင္နက္အနီးမွာ တရုတ္ေလတပ္က အင္အားျပပ်ံသန္းခဲ့တာမို႔ တိုင္ဝမ္အေနနဲ႔ စစ္ျပင္ထားဖို႔ကလြဲလို႔ တစ္ျခားနည္းလမ္းမရွိဘူးလို ထုိင္ဝမ္ သတိေပး

တ႐ုတ္ရဲ႕ က်ဴးေက်ာ္ရန္စမႈေတြ အရွိန္ျမင့္လာလို႔ စစ္ျပင္ထားဖို႔လိုေနၿပီလို႔ တိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီး Joseph Wu က CNN နဲ႔ သီးသန႔္ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာပါတယ္။ ၿပီးခဲ့တဲ့အပတ္က တိုက္ေလယာဥ္ေတြ ဗုံးႀကဲေလယာဥ္ေတြပါတဲ့ တ႐ုတ္ေလတပ္ဟာ တိုင္ဝမ္ေလပိုင္နက္အနီးမွာ အင္အားျပပ်ံသန္းခဲ့တာမို႔ တိုင္ဝမ္အေနနဲ႔ စစ္ျပင္ထားဖို႔ကလြဲလို႔

တစ္ျခားနည္းလမ္းမရွိဘူးလို႔ Joseph Wu ကေျပာပါတယ္။ တိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးဟာ တ႐ုတ္နဲ႔ျပန္လည္ေပါင္းစည္းေရးကိုလက္မခံပဲ တိုင္ဝမ္ကြၽန္းလြတ္လပ္ေရးကိုပဲ ေတာင္းဆိုခဲ့သူျဖစ္သလို တိုင္ဝမ္ကို တိုက္ခိုက္ခဲ့ရင္ ေနာက္ဆုံးထြက္သက္အထိ ခုခံတိုက္ခိုက္သြားမယ္လို႔ လူသိထင္ရွားေျပာခဲ့သူျဖစ္လို႔ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ အၿငိဳးအေတးအခံရဆုံးပုဂၢိဳလ္ျဖစ္ပါတယ္။ တိုင္ဝမ္လြတ္လပ္ေရးေတာင္းဆိုသူကို ရန္သူလို႔သတ္မွတ္ၿပီး

ျပင္းျပင္းထန္ထန္အေရးယူခံရမယ္လို႔ တ႐ုတ္အစိုးရက ၿခိမ္းေျခာက္ထားပါတယ္။ အခုလို တ႐ုတ္ရဲ႕ၿခိမ္းေျခာက္ခံရတာကို ဂုဏ္ယူတယ္လို႔ တိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ အာဏာရွင္ဆိုတာ အမွန္တရားအေပၚ သီးခံႏိုင္စြမ္း လက္ခံႏိုင္စြမ္းမရွိဘူးလို႔လည္း ႏိုင္ငံျခားေရးဝန္ႀကီး Wu က ေျပာပါတယ္။ တႏိုင္ငံ စနစ္ (၂) ခုဆိုၿပီး တ႐ုတ္နဲ႔ျပန္ေပါင္းထုတ္ခဲ့တဲ့

ေဟာင္ေကာင္ကို ၾကည့္လိုက္ရင္ ျပန္လည္ေပါင္းစည္းဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔လည္း Wu က ေျပာပါတယ္။ ေဟာင္ေကာင္မွာ အမ်ိဴးသားလုံၿခဳံေရးဥပေဒေတြထုတ္ျပန္ၿပီး တ႐ုတ္ျပည္မႀကီးက အာဏာရွင္စနစ္သြတ္ သြင္းဖို႔က်ိဴးစားေနတာေတြ-ေဟာင္ေကာင္က ဒီမိုကေရစီေတာင္းဆိုသူေတြအေပၚ ဖိႏွိပ္တာေတြကိုၾကည့္ရင္ အာဏာရွင္တ႐ုတ္ျပည္မနဲ႔ ျပန္ေပါင္းထုတ္ဖို႔ဆိုတာ

စဥ္းစားရမဲ့အရာမဟုတ္ဘူးလို႔လည္း သူကေျပာပါတယ္။ တိုင္ဝမ္ဟာ ဒီမိုကေရစီက်င့္သုံးတဲ့ေနရာျဖစ္ၿပီး တစ္ဦးတစ္ေယာက္တစ္ဖြဲ႕ရဲ႕ အာဏာရွင္အေတြး အေခၚနဲ႔ ရပ္တည္ေနတဲ့ေနရာမဟုတ္ဘူးလို႔ဆိုပါတယ္။ တ႐ုတ္ရဲ႕ စစ္ေရးဘတ္ဂ်က္ဟာ တိုင္ဝမ္ထက္ (၁၅) ဆ ပိုသုံးေနေပမဲ့ တိုင္ဝမ္ရဲ႕စစ္အင္အားကို ေလွ်ာ့မတြက္ဖို႔လည္း တိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

တိုင္ဝမ္ကို က်ဴးေက်ာ္ရင္ အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြက လက္ပိုက္ၾကည့္ေနမွာမဟုတ္ဘူးလို႔ ေျပာထားသလို တိုင္ဝမ္ကြၽန္းအနီး ေတာင္တ႐ုတ္ပင္လယ္ထဲမွာလည္း စစ္အင္အားေတြတိုးခ်ဲ႕ခ်ထားေနပါတယ္။

Source: Burma News

ယူနီကုတ္

တိုင်ဝမ်လေပိုင်နက်အနီးမှာ တရုတ်လေတပ်က အင်အားပြပျံသန်းခဲ့တာမို့ တိုင်ဝမ်အနေနဲ့ စစ်ပြင်ထားဖို့ကလွဲလို့ တစ်ခြားနည်းလမ်းမရှိဘူးလို ထိုင်ဝမ် သတိပေး

တရုတ်ရဲ့ ကျူးကျော်ရန်စမှုတွေ အရှိန်မြင့်လာလို့ စစ်ပြင်ထားဖို့လိုနေပြီလို့ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က CNN နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က တိုက်လေယာဉ်တွေ ဗုံးကြဲလေယာဉ်တွေပါတဲ့ တရုတ်လေတပ်ဟာ တိုင်ဝမ်လေပိုင်နက်အနီးမှာ အင်အားပြပျံသန်းခဲ့တာမို့ တိုင်ဝမ်အနေနဲ့ စစ်ပြင်ထားဖို့ကလွဲလို့

တစ်ခြားနည်းလမ်းမရှိဘူးလို့ Joseph Wu ကပြောပါတယ်။ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နဲ့ပြန်လည်ပေါင်းစည်းရေးကိုလက်မခံပဲ တိုင်ဝမ်ကျွန်းလွတ်လပ်ရေးကိုပဲ တောင်းဆိုခဲ့သူဖြစ်သလို တိုင်ဝမ်ကို တိုက်ခိုက်ခဲ့ရင် နောက်ဆုံးထွက်သက်အထိ ခုခံတိုက်ခိုက်သွားမယ်လို့ လူသိထင်ရှားပြောခဲ့သူဖြစ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အငြိုးအတေးအခံရဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ တိုင်ဝမ်လွတ်လပ်ရေးတောင်းဆိုသူကို ရန်သူလို့သတ်မှတ်ပြီး

ပြင်းပြင်းထန်ထန်အရေးယူခံရမယ်လို့ တရုတ်အစိုးရက ခြိမ်းခြောက်ထားပါတယ်။ အခုလို တရုတ်ရဲ့ခြိမ်းခြောက်ခံရတာကို ဂုဏ်ယူတယ်လို့ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အာဏာရှင်ဆိုတာ အမှန်တရားအပေါ် သီးခံနိုင်စွမ်း လက်ခံနိုင်စွမ်းမရှိဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီး Wu က ပြောပါတယ်။ တနိုင်ငံ စနစ် (၂) ခုဆိုပြီး တရုတ်နဲ့ပြန်ပေါင်းထုတ်ခဲ့တဲ့

ဟောင်ကောင်ကို ကြည့်လိုက်ရင် ပြန်လည်ပေါင်းစည်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း Wu က ပြောပါတယ်။ ဟောင်ကောင်မှာ အမျိူးသားလုံခြုံရေးဥပဒေတွေထုတ်ပြန်ပြီး တရုတ်ပြည်မကြီးက အာဏာရှင်စနစ်သွတ် သွင်းဖို့ကျိူးစားနေတာတွေ-ဟောင်ကောင်က ဒီမိုကရေစီတောင်းဆိုသူတွေအပေါ် ဖိနှိပ်တာတွေကိုကြည့်ရင် အာဏာရှင်တရုတ်ပြည်မနဲ့ ပြန်ပေါင်းထုတ်ဖို့ဆိုတာ

စဉ်းစားရမဲ့အရာမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။ တိုင်ဝမ်ဟာ ဒီမိုကရေစီကျင့်သုံးတဲ့နေရာဖြစ်ပြီး တစ်ဦးတစ်ယောက်တစ်ဖွဲ့ရဲ့ အာဏာရှင်အတွေး အခေါ်နဲ့ ရပ်တည်နေတဲ့နေရာမဟုတ်ဘူးလို့ဆိုပါတယ်။ တရုတ်ရဲ့ စစ်ရေးဘတ်ဂျက်ဟာ တိုင်ဝမ်ထက် (၁၅) ဆ ပိုသုံးနေပေမဲ့ တိုင်ဝမ်ရဲ့စစ်အင်အားကို လျှော့မတွက်ဖို့လည်း တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တိုင်ဝမ်ကို ကျူးကျော်ရင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ ပြောထားသလို တိုင်ဝမ်ကျွန်းအနီး တောင်တရုတ်ပင်လယ်ထဲမှာလည်း စစ်အင်အားတွေတိုးချဲ့ချထားနေပါတယ်။

Source: Burma News

Leave a Comment

Your email address will not be published. Required fields are marked *