Lifestyle

တရုတ်နဲ့ ရုရှားကိုတိုက်ခိုက်ဖို့ အမေရိကန်က ဇီဝလက်နက်အစီအစဉ်တွေရေးဆွဲနေကြောင်း ရုရှားလုံခြုံရေးကောင်စီ ပြောဆို

Written by fella

တရုတ်နဲ့ ရုရှားကိုတိုက်ခိုက်ဖို့ အမေရိကန်က ဇီဝလက်နက်အစီအစဉ်တွေရေးဆွဲနေကြောင်း ရုရှားလုံခြုံရေးကောင်စီ ပြောဆို

အမေရိကန်ဟာ နိုင်ငံအသီးသီးအတွက် ဇီဝလက်နက်အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ ရုရှားလုံခြုံရေးကောင်စီက ပြောဆိုလိုက်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ Nikolai Patrushev က ပြောဆိုခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ နေတိုးမဟာမိတ်နိုင်ငံတွေဟာ ကမ္ဘာတလွှားက နိုင်ငံအသီးသီးမှာ ဇီဝလက်နက်တွေထုတ်လုပ်ဖို့အတွက် ဇီဝဗေဒဆိုင်ရာသုတေသနကို သိသိသာသာတိုးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့လည်း သေစေနိုင်တဲ့ဇီဝလက်နက်တွေကို တင်ပို့တဲ့ အဓိကနိုင်ငံဖြစ်လာနေပြီလည်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဘက်က ပြုလုပ်နေတဲ့ သုတေသနတွေဟာ ဗိုင်းရပ်စ်တွေနဲ့ အခြားရောဂါပိုးတွေကို စစ်ရေးကိစ္စတွေမှာ လက်နက်အဖြစ်အသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ရုရှထိပ်တန်းအမျိုးသားကာကွယ်ရေးအဖွဲ့ရဲ့ ဒုတိယအတွင်းရေးမှူးက RIA Novosti နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း Nikolai က ရုရှား နဲ့ တရုတ်နယ်စပ်အနီးမှာရှိတဲ့ သုတေသနဌာနတွေနဲ့ပတ်သက်ပြီး သတိပေးစကားတွေ ပြောခဲ့သေးပြီး ၄င်းတို့နှစ်နိုင်ငံကိုတိုက်ခိုက်ဖို့ ဇီဝစစ်ဆင်ရေးကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ “အန္တရာယ်ရှိတဲ့ရောဂါတွေကို တိုက်ခိုက်ဖို့ နည်းလမ်းအသစ်တွေကို ဒေသခံသိပ္ပံပညာရှင်တွေ တီထွင်နိုင်အောင် သုတေသနစင်တာတွေကို အမေရိကန်က ကူညီပေးနေပါတယ်၊ ဒီစင်တာတွေရှိတဲ့ နိုင်ငံက အာဏာပိုင်တွေအနေနဲ့ ဒီစင်တာတွေအတွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို မသိနိုင်ပါဘူး” လို့ သူက ပြောခဲ့တာပါ။

၁၉၇၂ ခုနှစ်က ကျင်းပခဲ့တဲ့ ဇီဝလက်နက်ကွန်ဗင်းရှင်းအခမ်းအနားမှာ ဇီဝစစ်ဆင်ရေးတွေမပြုလုပ်ဖို့အတွက် နိုင်ငံပေါင်း ၁၈၃ နိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရုရှားနဲ့အတူ အမေရိကန်၊ ဗြိတိန်တို့က လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတွေကို စီမံခန့်ခွဲဖို့ တာဝန်ခံ ၃ ဦးခန့်အပ်ရာမှာ တစ်ဦးအဖြစ်ပါဝင်ဖို့ သဘောတူညီမှုရယူခဲ့ပါတယ်။ ဒီအစည်းအဝေးကနေ ဇီဝနဲ့ အဆိပ်ကိုအခြေခံတဲ့ လက်နက်တွေအသုံးပြုမှုကို ရွံရှာစက်ဆုပ်စရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ဇီဝလက်နက်တွေအသုံးပြုမယ့်အပေါ် စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာ ရုရှားကပြောဆိုခဲ့တာဖြစ်ပြီး ဒီနှစ်အစောပိုင်းကလည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး Ben Wallace က ဓာတုဗေဒ ဒါမှမဟုတ် ဇီဝဗေဒဆိုင်ရာလက်နက်တွေနဲ့ တိုက်ခိုက်မှုတွေတိုးပွားလာနေမှုကို သတိပေးခဲ့ဖူးပါတယ်။

CRD_therivernews

About the author

fella

Leave a Comment