တရုတ်လုပ် အော်တို မီးအားမြှင့်စက်များ (သို့မဟုတ်) အိမ်တွင်း သူခိုးများ

တရုတ်လုပ် အော်တို မီးအားမြှင့်စက်များ (သို့မဟုတ်) အိမ်တွင်း သူခိုးများ

ငယ်ငယ်က အမေတို့က အလကား ပိုက်ဆံကုန်တဲ့ ပစ္စည်းဆို အိမ်တွင်း သူခိုးလို့ပြော တတ်တယ်။ ဖလင် ကင်မရာတို့ ကတ်ဆက်တို့ အစရှိသဖြင့် ပေါ့လေ ။

အခုခောတ်မှာတော့ တော်တော် များသွားပြီ။ ကတ်ကြီး သုံးပါးက အစပေါ့လေ။

အဲဒီအထဲကမှ လူတွေ သတိ မပြုမိတဲ့ အိမ်တိုင်းမှာ ရှိတတ်တဲ့ ငတို သူခိုး အကြောင်းပြောပြချင်တယ်။ ရင်နာ စရာလဲကောင်းပါတယ်။

အဲဒါကတော့ မီးအားမြှင့်စက်လို့လူတွေခေါ်နေတဲ့ Auto-transformer တွေပါပဲ ။ technical term မှာ Auto Transformer လို့ခေါ်ပေမဲ့ Auto ဆိုတာ automatic ကို ခေါ်တာ မဟုတ်ပဲ ဂရိဘာသာစကား self ကိုပြောတာပါ ။

အဲတော့ ဘာသာပြန်ရရင် single coil transformer လို့ခေါ်ပါတယ် ။ကျနေတဲ့ မီးအားတွေကို ပတ်ထားတဲ့ ကြိုး အရေ အတွက်လိုက် မြှင့်ပေးတာ ပေါ့။

တကယ်တော့ အဲဒါ သုံးတာ မြန်မာ နိုင်ငံလောက်ပဲ ရှိတာပါ ။တောရော မြို့ရော သုံးရပါတယ် ။

ပြသနာက ဘာလဲဆိုတော့ အဲဒီ မှာ သုံးတဲ့ ပစ္စည်းတွေ ပါပဲ ။ သူ့မှာက ကြေးကြိုး ကွိုင်ရယ် magnetic core လို့ခေါ်တဲ့ သံပြားတွေ ထပ်ထားတဲ့ ပစ္စည်း ကိုသုံးပါတယ် ။

လျပ်စစ်မှာက ဘယ်ပစ္စည်းမဆို သူ့ကိုသုံးရင် အလျော့တွက်ဆိုတာ ရှိတယ်။ ပစ္စည်း ညံ့ရင်ညံ့ သလို ပိုလျော့တယ် ။ တထောင် ဖိုး ဒီဘက် ကထည့်လိုက်ပေမဲ့ တဘက်က ငါးရာဖိုးလောက်ပဲ ရချင်ရမှာ။ Efficiency ပေါ့ ။

မီးအားအရမ်း ကျတဲ့ နေရာတွေ မှာဆိုရင် မီတာ ဖိုး ၂သောင်း ကျရင် တသောင်း ကမီးအားမြှင့်စက်ခံတဲ့အတွက် ပေးလိုက်ရတာပေါ့ ။ ဒီထက်တောင် များချင် များဦးမယ် ။ သေချာတော့ မစမ်းသပ်ရသေးပါဖူး ။

မြန်မာ ပြည်မှာ ထုံးစံအတိုင်း စစ်ဆေးတဲ့ စံနှုန်း မရှိတော့ ထုတ်တဲ့ သူ တော်တော်များများ က ဈေးသက်သက် သာသာ နဲ့ရောင်း နိုင်အောင် ပစ္စည်း ညံ့ တွေ သုံးကြ တယ် ။

နောက်ဆုံး ဆီ ပတ်သံ လို့ခေါ်တဲ့ သစ်သားပုံးတွေ ပတ်တဲ့ သံပြားတွေ ကို ဖြတ် ပြီး magnetic core ပြားတွေ သုံးကြ တယ်။မော်တာ ကွိုင် အဟောင်းတွေ ကိုချည်ကြိုးပတ်ပြီး သုံးကြတယ် ။

အလွန်ကို ဆိုးဝါးပါတယ်။ အဲဒီမှာ က ပြသနာက ဘာလဲဆိုတော့ နဂိုကမှ လျော့နေတဲ့ လျပ်စစ် ဓါတ်အား ပျောက်ဆုံးမှုတွေ ပို များလာတယ် ။ မီး မတည်ငြိမ် မှုကြောင့် လျပ်စစ် ပစ္စည်း ပျက်စီး မှုတွေ ပိုများလာတယ် ။ မိအေး ဆယ်ခါလောက် နာနေတဲ့ သဘော ရှိတယ်။

တချက်လောက် မိတ်ဆွေ အဲဒီ မီးအားမြှင့်စက်လေး ကိုင်ကြည့်ပါ ။ ပူနေ တာ တွေ့ရပါမယ် ။ အဲဒါတွေ က ကျွန်တော်တို့ ခင်ဗျားတို့ ဘာမှ မသုံးပဲ နဲ့ ပေးလိုက်ရတဲ့ ပိုက်ဆံ တွေ (အိမ်တွင်း သူခိုး) တွေပါပဲ ။

အစိုးရ ဘက်မှာလဲ ပျောက်ဆုံး သွားတဲ့ လျပ်စစ်တွေ ပါပဲ။ ဆက်လက် ပြောရရင် အဲဒါတွေ ထက် ပိုတဲ့ ကိစ္စ တွေ ရှိပါတယ် ။ အဲဒီ လို အိမ်တွင်း သူခိုးလေး တွေ ကို တည်ဆောက်ဖို့ အတွက် ဒေါ်လာ သန်းပေါင်း များစွာ တဖက် အိမ် နီးနားချင်း နိုင်ငံတွေ ကို ပေးနေရတယ် ။

မီးအားမြှင့်စက်တွေကြောင့် လျပ်စီး ပစ္စည်းတွေက ပျက်စီးရင် ပျက်စီး ဒါမှ မဟုတ်ရင်တော့ သက်တမ်း တိုပါတယ်။ အဲဒီ အတွက်လဲ ဘာမှ မလုပ်နိုင်တဲ့ နိုင်ငံ အတွက် ပိုက်ဆံတွေ ဘီလီယံချီပြီး ပြင်ပနိုင်ငံတွေ ထွက်ပါတယ်။

ဘယ်လောက် ရင်နာ ဖို့ ကောင်းလဲ ။ အဲဒီလို တိုက်ရိုက်ရော သွယ်ဝိုက် တဲ့ နည်း နဲ့ရော ထွက်နေတဲ့ ပိုက်ဆံ ဒေါ်လာ သန်းပေါင်း များစွာ ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မှာ သုံးလိုက်ရရင်။

ဘာကြောင့်လို့ ဒီလို ဖြစ်နေရ သလဲ ဆိုရင် လျပ်စစ် ဓါတ်အား မလုံလောက်မှု လျပ်စစ် ဓါတ်အား ဖြန့်ဖြူး တဲ့ ထရန် စမော်မာ အကြီးတွေ မလုံလောက်မှု ။ ဖြန့်ဖြူးတဲ့ ကြိုးတွေ မကောင်းတာတွေ ကြီးကြပ် ကွပ်ကဲ မှု စနစ် မရှိတာတွေ ကြောင့်ပါ ။

နှစ်ပေါင်း များစွာလျပ်စစ် ဓါတ်အား ဖြန့်ဖြူးရေး မှာ standard မရှိ ဖြစ်သလို လုပ်ခဲ့ ရတာတွေ ကြောင့်ပါ ။

ဒါကလဲ ကျွန်တော် တို့ ဖြတ်သန်း ခဲ့ရတဲ့ ပညာတတ် တွေ နေရမပေးမှု အာဏာချုပ်ကိုင်ထား မှု ။ ငွေကြေး ခြစားမှု ဆိုတဲ့ စနစ် ကြောင့်တွေ ပါပဲ ။ ဘယ်သူကို မှတော့ အပြစ် မတင်ပါဖူး ။ ဒါတွေ ကလဲ တစ်ဦးကောင်း တစ်ယောက် ကောင်းလဲ လုပ်လို့ မရပါဘူး။

ဒါတွေကို ပပျောက်စေဖို့ ကတော့ ရေရှည် လုပ်ရမှာပါ ။

အစိုးရနဲ့ ရပ်မိ ရပ်ဖတွေ ပေါင်း ပြီး ဘယ်လို အဖြေ ရှာ ရမလဲ ဆိုတာ မျက်နှာချင်းဆိုင် ကိုဆွေး နွေး ကြ ရမှာပါ။ မီးအားတွေ ဘယ်လောက်ထိ အနိမ့်ဆုံးကျလဲ။ ဘယ် လို လုပ်ရင် ကောင်းလာမလဲ ။

အစိုးရ ဖက်က ဘာတွေ လုပ်ပေးနိုင်မလဲ ။ ရပ်မိရပ်ဖတွေ ဖက် က ဘာတွေ ပံ့ ပိုးပေးနိုင်မလဲ အစရှိသဖြင့် မျက်နှာ ခြင်းဆိုင် ဆွေးနွေး ပြီး အဲဒီ အိမ်တွင်း သူ ခိုးတွေ ပျောက်အောင် လုပ် သင့်ပါတယ်။

ခက်ပါတယ် ။ ခက်တယ်လို့ ပြောကြ ပါတယ် ။

ဒါပေမဲ့ ခက်လို့သာ မလုပ်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဖူး။ တလှမ်း ကနေပဲ စလှမ်းရမှာပါ ။ အစိုးရ ကလုပ်ဆောင်နေတဲ့ ဓါတ်အား တိုးချဲ့ စီမံ ကိန်းတွေ ကို ပြည် သူတွေ ကအားပေးရမှာပါ ။ အမြင်ကျဉ်းတဲ့ စကားတွေ ပညာရှိ မဆန်တဲ့ စကားတွေ ကို နား မယောင်မိဖို့ အရေးကြီးပါတယ် ။

နောက်ဆုံး ပြောပါမယ်။ ဘယ်လို မီးအားမြှင့်စက် သုံးသုံး အဲဒီ လျော့သွား ပျောက်ဆုံး တဲ့ လျပ်စစ်တွေ အတွက် အစိုးရ ရော အားလုံး မှာ ဆုံးရှုံး ရပါတယ်။ဆုံးရှုး မှု တန်ဖိုးက တိုက်ရိုက်ရော သွယ်သိုက်ရော အရမ်းကြီးပါတယ်။

မျက်စိထဲ မှာမြင်ကြည့်ပါ ။ မတိုးတက်တဲ့ ကြားက ပင်ပင် ပန်းပန်း ရှာထားတဲ့ ကျွန်တော်တို့ ပိုက်ဆံ တွေ တဖက် တိုင်း ပြည် ကို အလကားနေရင်း အိမ်တွင်း သူခိုး မီးအား မြှင့်စက်တွေ ကြောင့် ဘယ်လောက်တောင် မစားရ မသောက်ရပဲ စက္ကန့်တိုင်း မိနစ်တိုင်း ဆုံးရှုံးနေရတာလဲဆိုတာ ကို။

(မသုံး မဖြစ်လောလော ဆယ် သုံးရရင်ဖြင့် အမျိုးအစား ကောင်းတဲ့ မီးအားမြှင့်စက်တွေ ကိုသာ ဝယ်သုံးပါလို့ပဲ လောလော ဆယ် အကြံပေးနိုင်ပါတယ် ။ မီးအားတွေ အရမ်းကျနေရင်လဲ

သက်ဆိုင်ရာ ကို အကြောင်း ကြား ပြီး ရပ်ကွက် အလိုက် ဘယ်လို လုပ်သင့်လဲ ဆိုတာ အကြံ ဉာဏ် တောင်းသင့်ပါတယ် ။

ပိုက်ဆံ ရှိ ဓန ကြွယ်ဝတဲ့ ရပ်မိ ရပ်ဖ များကလဲ အလင်း အလှု လို့ သဘောထားပြီး နောင်ဘ၀ မှ ဒီ လို တီ တီ တီ အော်တတ်တဲ့ မီးအားမြှင့်စက်များနဲ့ မကြုံရအောင် ပါဝင်လှုဒါန်း ကြပါလို့ အကျိုးမြှော် နှိုးဆော်လိုက်ရပါတယ်။)

ဖတ်ရှုတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ (ကျော်ဦး)

CRD_kharoma

Add a Comment

Your email address will not be published. Required fields are marked *