တရုတ္သမၼတ ရွီက်င္ဖ်င္ က တ႐ုတ္သည္ စစ္ကို မေၾကာက္ဟု ဆိုလိုက္ၿပီး တ႐ုတ္သမၼတ၏ အမ်ိဳးသားေရးစိတ္ဓာတ္သည္ အေမရိကန္ကို ရည္ၫႊန္းပုံရ

တရုတ္သမၼတ ရွီက်င္ဖ်င္ က တ႐ုတ္သည္ စစ္ကို မေၾကာက္ဟု ဆိုလိုက္ၿပီး တ႐ုတ္သမၼတ၏ အမ်ိဳးသားေရးစိတ္ဓာတ္သည္ အေမရိကန္ကို ရည္ၫႊန္းပုံရ

*ေအာက္တြင္ ယူနီကုတ္ျဖင့္ ေဖာ္ျပထားပါသည္။

ယေန႔တြင္ (ေအာက္တိုဘာ ၂၃) သမၼတရွီက်င့္ဖ်င္က တ႐ုတ္သည္ စစ္ပြဲကို မေၾကာက္ဘဲ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ၊ လုံၿခဳံေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ အက်ိဳးစီးပြားမ်ားအေပၚ ထိပါးသည့္ ကိစၥမ်ားကို ဘယ္ေသာအခါမွ ခြင့္ျပဳလိမ့္မည္ မဟုတ္ဟု သတိေပးေျပာၾကားလိုက္သည္။

ရွီသည္ အေမရိကန္ႏိုင္ငံႏွင့္ တင္းမာမႈမ်ားျမင့္ တက္ေနခ်ိန္တြင္ ကိုရီးယားစစ္ပြဲ အထိမ္းအမွတ္ အျဖစ္ ေပက်င္းရွိ ျပည္သူ႔ခန္းမ၌ မိန႔္ခြန္းေျပာၾကာစဥ္ တစ္ဖက္သတ္ဝါဒ၊ လက္ဝါးႀကီးအုပ္ျခင္းႏွင့္ အႏိုင္က်င့္ျခင္တို႔သည္ အလုပ္မျဖစ္ေတာ့ဘဲ အဆုံးသတ္သြား ေစလိမ့္မည္ဟု ေျပာၾကားခဲ့သည္။

ရွီသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ ဖခင္ ေမာ္စီတုန္းကို ကိုးကား၍ ” တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံသည္ ယခုအခါ စည္း႐ုံးသိမ္းသြင္းခံၿပီး လွည့္ျဖား၍ မရေတာ့ေၾကာင္း ကမာၻက သိေအာင္လုပ္ပါ” ဟု ဆိုသည္။

သမၼတရွီက်င့္ဖ်င္သည္ အေမရိကန္ကို တိုက္႐ိုက္ ရည္ၫႊန္းျခင္း မရွိေသာ္လည္း သြယ္ဝိုက္ေျပာေနသလားဟု ေတြးေတာစရာ ျဖစ္ေနသည္။

ကမာၻ႔အႀကီးဆုံး စီးပြားေရး ႏိုင္ငံႏွစ္ခုသည္ ကုန္သြယ္ေရး, နည္းပညာႏွင့္ လုံၿခဳံေရး ၿပိဳင္ဆိုင္မႈမွ အခြင့္အေရးႏွင့္ ကို႐ိုနာဗိုင္းရပ္စ္အထိ ျပႆမ်ားစြာ ထိပ္တိုက္ရင္ဆိုင္ခဲ့ၾကသည္။

တ႐ုတ္အေပၚ ထရမ့္ပ္၏ ခက္ခဲေသာ ရပ္တည္ခ်က္မ်ားသည္ ႏိုဝင္ဘာလ ၃ ရက္ေန႔တြင္ က်င္းပမည့္ သမၼတေ႐ြးေကာက္ပြဲအတြက္ ဒုတိယသက္တမ္း အႏိုင္ရရန္ သူ၏ မဲဆြယ္စည္း႐ုံးေရး အဓိကလက္နက္ ျဖစ္ခဲ့သည္။

“ လြန္ခဲ့တဲ့အႏွစ္ ၇၀ က နယ္ခ်ဲ႕က်ဴးေက်ာ္ ဝင္ေရာက္သူေတြက တ႐ုတ္ ႏိုင္ငံသစ္ရဲ႕ ေလွကားထစ္ေတြကို ခ်ိဳးဖ်က္ခဲ့ၾကတယ္္” ဟု ရွီ၏ စကားကို ကိုးကားလ်က္ SCMP သတင္းစာမွ ေဖာ္ျပခဲ့သည္။

“ တ႐ုတ္လူမ်ိဳးမ်ားေတြ အေနနဲ႔ က်ဴးေက်ာ္သူေတြ နားလည္ႏိုင္မယ့္ နည္းလမ္းကို သုံးရမယ္။ စစ္ကိုစစ္နဲ႔ ျပန္တိုက္ဖို႔နဲ႔ က်ဴးေက်ာ္မႈေတြကို တားဆီးရလိမ့္မယ္။ ေအာင္ပြဲကေန ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံမႈကို ရယူရမယ္။

တ႐ုတ္လူမ်ိဳးေတြက ျပႆနာကို မဖန္တီးသလို ေၾကာက္ေနမွာလည္း မဟုတ္ဘူး။ ငါတို႔ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြ ဘယ္လိုပဲ ရွိပါေစ၊ ငါတို႔ ေၾကာက္ဒူးတုန္ေနမွာ မဟုတ္ဘူး၊ ငါတို႔ရဲ႕ ေက်ာကုန္းလည္း ေကြးၫႊတ္မွာမဟုတ္ဘူး ”ဟု ရွီက မိန႔္ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

ရွီက ကမာၻ႔အဆင့္မီ စစ္တပ္တစ္ခု ဖန္တီးရန္ တိုင္းျပည္၏ ကာကြယ္ေရးႏွင့္ လက္နက္ကိုင္ တပ္မ်ားအား ေခတ္မီေရး လုပ္ေဆာင္ရႏ္ု လိုအပ္ေၾကာင္းကိုလည္း ေျပာၾကားခဲ့သည္။

CRD_ေက်ာ္မြန္ဦး
CRD_ChannelKeyMyanmar

ယူနီကုတ္

တရုတ်သမ္မတ ရှီကျင်ဖျင် က တရုတ်သည် စစ်ကို မကြောက်ဟု ဆိုလိုက်ပြီး တရုတ်သမ္မတ၏ အမျိုးသားရေးစိတ်ဓာတ်သည် အမေရိကန်ကို ရည်ညွှန်းပုံရ

ယနေ့တွင် (အောက်တိုဘာ ၂၃) သမ္မတရှီကျင့်ဖျင်က တရုတ်သည် စစ်ပွဲကို မကြောက်ဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးစီးပွားများအပေါ် ထိပါးသည့် ကိစ္စများကို ဘယ်သောအခါမှ ခွင့်ပြုလိမ့်မည် မဟုတ်ဟု သတိပေးပြောကြားလိုက်သည်။

ရှီသည် အမေရိကန်နိုင်ငံနှင့် တင်းမာမှုများမြင့် တက်နေချိန်တွင် ကိုရီးယားစစ်ပွဲ အထိမ်းအမှတ် အဖြစ် ပေကျင်းရှိ ပြည်သူ့ခန်းမ၌ မိန့်ခွန်းပြောကြာစဉ် တစ်ဖက်သတ်ဝါဒ၊ လက်ဝါးကြီးအုပ်ခြင်းနှင့် အနိုင်ကျင့်ခြင်တို့သည် အလုပ်မဖြစ်တော့ဘဲ အဆုံးသတ်သွား စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

ရှီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖခင် မော်စီတုန်းကို ကိုးကား၍ ” တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ယခုအခါ စည်းရုံးသိမ်းသွင်းခံပြီး လှည့်ဖြား၍ မရတော့ကြောင်း ကမ္ဘာက သိအောင်လုပ်ပါ” ဟု ဆိုသည်။

သမ္မတရှီကျင့်ဖျင်သည် အမေရိကန်ကို တိုက်ရိုက် ရည်ညွှန်းခြင်း မရှိသော်လည်း သွယ်ဝိုက်ပြောနေသလားဟု တွေးတောစရာ ဖြစ်နေသည်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံနှစ်ခုသည် ကုန်သွယ်ရေး, နည်းပညာနှင့် လုံခြုံရေး ပြိုင်ဆိုင်မှုမှ အခွင့်အရေးနှင့် ကိုရိုနာဗိုင်းရပ်စ်အထိ ပြဿများစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။

တရုတ်အပေါ် ထရမ့်ပ်၏ ခက်ခဲသော ရပ်တည်ချက်များသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် ဒုတိယသက်တမ်း အနိုင်ရရန် သူ၏ မဲဆွယ်စည်းရုံးရေး အဓိကလက်နက် ဖြစ်ခဲ့သည်။

“ လွန်ခဲ့တဲ့အနှစ် ၇၀ က နယ်ချဲ့ကျူးကျော် ဝင်ရောက်သူတွေက တရုတ် နိုင်ငံသစ်ရဲ့ လှေကားထစ်တွေကို ချိုးဖျက်ခဲ့ကြတယ်” ဟု ရှီ၏ စကားကို ကိုးကားလျက် SCMP သတင်းစာမှ ဖော်ပြခဲ့သည်။

“ တရုတ်လူမျိုးများတွေ အနေနဲ့ ကျူးကျော်သူတွေ နားလည်နိုင်မယ့် နည်းလမ်းကို သုံးရမယ်။ စစ်ကိုစစ်နဲ့ ပြန်တိုက်ဖို့နဲ့ ကျူးကျော်မှုတွေကို တားဆီးရလိမ့်မယ်။ အောင်ပွဲကနေ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကို ရယူရမယ်။

တရုတ်လူမျိုးတွေက ပြဿနာကို မဖန်တီးသလို ကြောက်နေမှာလည်း မဟုတ်ဘူး။ ငါတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဘယ်လိုပဲ ရှိပါစေ၊ ငါတို့ ကြောက်ဒူးတုန်နေမှာ မဟုတ်ဘူး၊ ငါတို့ရဲ့ ကျောကုန်းလည်း ကွေးညွှတ်မှာမဟုတ်ဘူး ”ဟု ရှီက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရှီက ကမ္ဘာ့အဆင့်မီ စစ်တပ်တစ်ခု ဖန်တီးရန် တိုင်းပြည်၏ ကာကွယ်ရေးနှင့် လက်နက်ကိုင် တပ်များအား ခေတ်မီရေး လုပ်ဆောင်ရန်ု လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

CRD_ကျော်မွန်ဦး
CRD_ChannelKeyMyanmar

Add a Comment

Your email address will not be published. Required fields are marked *