မူးယစ်ဆေးဝါးထုတ်လုပ်မူဖြင့် အမေရိကန်က မူးယစ်ရာဇာ စာရင်းသွင်းထားသော တရုတ်စီးပွားရေးသမားက မြန်မာ၊ ထိုင်း၊ လာအို – သုံးနိုင်ငံ ဆုံရပ် ရွှေတြိဂံဒေသမှာ မှာ ဆိပ်ကမ်းကြီးတခုဆောက်နေ…

မူးယစ်ဆေးဝါးထုတ်လုပ်မူဖြင့် အမေရိကန်က မူးယစ်ရာဇာ စာရင်းသွင်းထားသော တရုတ်စီးပွားရေးသမားက မြန်မာ၊ ထိုင်း၊ လာအို – သုံးနိုင်ငံ ဆုံရပ် ရွှေတြိဂံဒေသမှာ မှာ ဆိပ်ကမ်းကြီးတခုဆောက်နေ…

လာအိုနိုင်ငံက Ban Mom ဆိပ်ကမ်းသစ် တည်ဆောက်တဲ့ ဒေါ်လာ သန်း ၅၀ စီမံကိန်းမှာ ပါဝင်နေတဲ့ တရုတ်လုပ်ငန်းရှင် Zhao Wei ဟာ မူးယစ်ဆေးမှောင်ခိုမှုကြောင့် အမေရိကန်က ကမ္ဘာ့နာမည်အဆိုးဆုံးစာရင်း သွင်းထားသူ ဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်ဟာ ကလေးပြည့်တန်ဆာ၊ ကျား၊ ကြံ့၊ ဆင် စတဲ့ တောရိုင်းတိရစ္ဆာန်မှောင်ခို၊ မူးယစ်ဆေးမှောင်ခို စတဲ့ နိုင်ငံတကာ ရာဇဝတ်မှု လုပ်ငန်းတွေကို ဦး‌ဆောင်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက စွပ်စွဲထားပါတယ်။

သူပိုင် ဟောင်ကောင်အခြေစိုက် Kings Romans ကုမ္ပဏီဟာ လာအိုမြောက်ပိုင်း ရွှေတြိဂံဒေသအထူးစီးပွားရေးဇုန် (GTSEZ) မှာ ၃၉ စတုရန်းမိုင်ကျယ်ဝန်းတဲ့ မြေကို ဝယ်ထားတာပါ။ အဲဒီဇုန်ရဲ့ ဥက္ကဌက Zhaoဖြစ်ပါတယ်။

Zhao နဲ့ Kings Romans ကုမ္ပဏီကို မူးယစ်ဆေးမှောင်ခိုမှု အပါအဝင် ရာဇဝတ်မှုတွေနဲ့ အမေရိကန်က ၂၀၁၈ ကတည်းက ဒဏ်ခတ်အရေးယူထားတာပါ။

ဒီစွပ်စွဲချက်တွေကို Zhao က ငြင်းဆိုထားပြီး သူဟာ တရားဝင်ရင်းနှီးမြှုပ်နှံသူသာဖြစ်ပြီး ရွှေတြိဂံဒေသအထူးစီးပွား ရေးဇုန်ကို ခရီးသွားလုပ်ငန်းနဲ့ ဖွံ့ဖြိုးအောင်လုပ်နေတာလို့ ဆိုပါတယ်။

အဲဒီမှာ ဈေးဝယ်စင်တာတွေ၊ လမ်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ အခြေခံအဆောက်အဦ တည်ဆောက်တာချည်း ဒေါ်လာ သန်း ၉၀၀ ကုန်ကျခဲ့ပြီး ၂၀၀၇ ကစလို့ GTSEZ ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ သန်း ၂,၀၀၀ ရှိပြီလို့ WeChat မှာ ကြေညာထားပါတယ်။

လက်ရှိမှာတော့ အဲဒီဇုန်မှာ ကာစီနို လောင်းကစားရုံကြီးတွေ ဖွင့်ထားပြီး တရုတ်ပြည်မကြီးက ဧည့်သည်တွေအဖို့ ဆွဲဆောင်မှုဖြစ်နေပါတယ်။ လာအိုမှာက လောင်းကစားမှုကို တရားမဝင် သတ်မှတ်ထားပါတယ်။

ခုတော့ အဲဒီကာစီနိုတွေနဲ့ မြစ်အထက် ၁၂ မိုင်အကွာမှာ Ban Mom ဆိပ်ကမ်းသစ် တည်ဆောက်တော့မှာဖြစ်ပြီး ပန္နက်ရိုက် အခမ်းအနားကို လာအိုဒု-ဝန်ကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့နဲ့အတူ Zhao က တက်ရောက်လာတာဖြစ်ပါတယ်။

အဲဒီဆိပ်ကမ်းကို တည်ဆောက်ဖို့ သုံးနှစ်ကြာမယ်လို့ လာအိုအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီဆိပ်ကမ်းပြီးရင် မြန်မာနိုင်ငံနယ်စပ်က မူးယစ်ဆေးထုတ်လုပ်မှုမှာ လိုအပ်တဲ့ ဓာတုဗေဒပစ္စည်းတွေ သယ်ပို့ဖို့ အဓိက ဆယ်သွယ်ပို့ဆောင်ပေးမယ့်နေရာ ဖြစ်လာနိုင်တယ်လို့ အမေရိကန် Stimson Center အရှေ့တောင်အာရှရေးရာ ဒါရိုက်တာ Brian Eyler က သုံးသပ်ပါတယ်။.

CRD_Tun Tun
Source : CNN

Add a Comment

Your email address will not be published. Required fields are marked *