စာကို ဖတ်လို့ဆုံးတော ဝမ်းနည်းလာမိပါတယ်အားငယ်လာတာမဟုတ်ဘူးနော်

စာကို ဖတ်လို့ဆုံးတော ဝမ်းနည်းလာမိပါတယ်အားငယ်လာတာမဟုတ်ဘူးနော်

အမှန်အတိုင်း ပြောရရင် ဒီစာဖတ်ပြီး ဝမ်းနည်းလာတယ်… အားငယ်တာ မဟုတ်ဘူးနော် … ဝမ်းနည်းလာတာ.., ၁၀ စုနှစ် ၅ ကြိမ် နေခဲ့ပြီးပြီ… ငါ့မှာ ၁၀နှစ် အစု ၂ ကြိမ်ပဲ ကျန်ပါတော့လား..လို့ တွေးပြီး ဝမ်းနည်းလာတာ…

မသိလိုက် တဲ့ အချိန် သတိမထားလိုက်မိပဲ နှစ်ပေါင်း ၅၀ ကျော်သွားခဲ့ပြီလေ….. ဒါတောင် သက်တမ်းစေ့ နေရပါမှ …. ကျန်တဲ့ နှစ်တွေ ကို မတွေးပဲ ကျန်တဲ့ ရက်ကလေးတွေ လက်ချိုးရေရင်း အကုသိုလ် ကင်းကင်းနဲ့ ပျော်ရွှင်အောင် နေသွားမယ်လို့ …..,

ဘဝမှာ အကြောက်ဆုံးက ….ဝဋ် လည်မှာရယ် အကုသိုလ်စိတ်ကြောင့် ငရဲကျမှာရယ်… အကြောက်ဆုံးပဲ….အဲ့အတွက် ဝစီကံ ကို အဓိက ထိမ်တယ်… မနောကံ စိတ်က မပါပင်မဲ့ လွှတ်ကနဲ ပြောတတ်တဲ့ ဝစီကံကြောင့် ဝဋ်ဆိုတာကြောက်တယ်…ပြောလို့ ရလို့ ပြောချင်တိုင်း ပြောခွင့်ရှိလို့ နစ်နစ်နာနာ ပက်ပက်စက်စက် မှိုချိုး မျှစ်ချိုး ပြောတာမျိုးကို ဘယ်တော့မှ မလုပ်ဖြစ်အောင် သတိထားနေတယ်…

ဝဋ် ဆိုတာ အချိန်တန်ရင် လည်ပြီး ရောက်လာတတ်တာ…တွေးကြည့်တာနဲ့တင် …,အရမ်းကြောက်တယ်…. ပိုင်းလော့ ဆရာတော် ဟောထားတဲ့ တရားတွေကို နာရင်း ဝဋ်လည်တာကို ကြောက်လာသလို အကုသိုလ် ပြုမိမှာကိုလည်း ကြောက်လာတယ်…

နေရတဲ့ လက်ကျန်အချိန်လေးကို မိမိရဲ့ မိသားစု ဆွေမျိုး ပတ်ဝန်းကျင် မိတ်ဆွေ အားလုံးနဲ့ အကုသိုလ်ကင်းစွာ ပျော်ပျော်ရွှင်ရွှင်နဲ့ သာသာယာယာ ဖြတ်သန်းသွားချင်တယ်..,,မိမိအတွက် မိမိပတ်ဝန်းကျင်ရှိသူများက ပြုစုရ ကျွှေးမွေးရ စောင့်ရှောက်ရ ခက် တဲ့သူ မဖြစ်အောင် …..မိမိကြောင့် မည်သူမှ စိတ်ဒုက္ခ မရောက်အောင်…ဘယ်သူ့ကိုမှလည်း မိမိအတွက် တာဝန်ကြီးတခုလို ဝန်ထုတ်ဝန်ပိုးအဖြစ် မထမ်းထားရလေအောင် ….

မိမိကို စိတ်အနှောင့်အယှက်ပေးမည့်အရာ များ နှင့် သဘောထားခြင်း ခံယူချက်ချင်း စိတ်ထားခြင်းမတူတာများကိုလည်း ဖက်တွယ် မထားပဲ ဖြုတ်ချထားနိုင်အောင် …..

ကျိုးစားပြီး ရိုးရှင်းသော ဘဝ နှင့် ရှင်သန် နေထိုင်သွားရပါအုံးမည်….,, ကျွန်မတို့ဘဝမှာ ၁၀ နှစ်အစု ဘယ်နှစ်ကြိမ်ရကြမလဲ။ကျွန်မတို့ လူ့သက်တမ်းကို ပျမ်းမျှ အနှစ် ၇၀ သတ်မှတ်မယ်ဆိုရင် ကျွန်မတို့ ၁၀ နှစ် ၇ကြိမ်ပဲ ရကြမှာပါ။ ပထမ ၁၀ နှစ်ကတော့ ဘာမှတတ်သိနားလည်မှု မရှိသေးတဲ့ ကလေးဘဝနဲ့ပဲအချိန်ကုန်ခဲ့ရတယ်။ ဒုတိယ ၁၀နှစ် ကျပြန်တော့ ကျောင်းစာတွေသင်ကြား လေ့ကျင့်ရင်းအချိန်ကုန်ခဲ့ကြပြန်ရော။

တတိယ ၁၀နှစ်ကျတော့ သင်တန်းတွေတက်ရင်း အလုပ်တွေ တစ်ခုပြီးတစ်ခုပြောင်းလုပ်ရင်း အချိန်တွေကုန်လို့ ကုန်မှန်းမသိ ဘဝကို ဖြတ်သန်းခဲ့ကြတယ်။ စတုတ္ထ ၁၀နှစ်ကျပြန်တော့ စီးပွားရှာ မိသားစုဘဝတည်ဆောက်ရင်းနဲ့ပေါ့။ ပဉ္စမ ၁၀နှစ်မှာကျတော့ ရှာဖွေစုဆောင်းထားသမျှကို အသုံးပြုရင်း တည်မြဲအောင် ထိန်းသိမ်းရင်း အချိန်တွေကုန်သွားပြန်ရော။

ဆဋ္ဌမ ၁၀နှစ် ထဲရောက်လာတော့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးတွေ ကောင်းမွန်ဖို့အတွက် လုံးပမ်းရပြန်တယ်။ နောက်ဆုံး ၁၀နှစ်ထဲမှာရောက်တော့ အရာရာလွှတ်ချထားခဲ့နိုင်ဖို့ ကြိုးစားရင်း လာလမ်းအတိုင်း ပြန်ဖို့အချိန်ကို စောင့်ဆိုင်းကြရတယ်။ (ဒါတွေဟာ ယေဘုယျ အားဖြင့် ပါ) ကျွန်မတို့ ဖြတ်သန်းပြီးခဲ့တဲ့ အချိန်တွေကို သေချာပြန်စဉ်းစားကြည့်ပါ။

၁၀နှစ် တစ်စုချင်းစီက ကုန်ဆုံးသွားလိုက်တာ အရမ်းမြန်ဆန်လွန်းလို့ မျက်လှည့်ပြလိုက် သလိုပါပဲ။ သိပ်မကြာခင်အချိန်မှာပဲ ကျွန်မတို့ လက်ရှိ ၁၀နှစ်အပိုင်းအခြားလေးက ကုန်ဆုံးသွားတော့မယ်။

ကျွန်မတို့လုပ်ဆောင်ပြီးခဲ့တာတွေလည်း အများကြီး ရှိသလို မလုပ်ရသေးတာတွေလည်း အများကြီးကျန်နေသေးတယ်။ ကျွန်မတို့ရဲ့ အချိန်တွေကို ကိုယ်လိုချင်တဲ့ အရာဝတ္ထုတွေနဲ့ လဲလှယ်ခဲ့ကြတယ်။ ကျွန်မတို့ရဲ့ အချိန်တွေကို အလုပ်တွေနဲ့ သွားလဲခဲ့ကြတယ်။ ကျွန်မတို့ရဲ့ အချိန်တွေကို ငွေတွေနဲ့ သွားလဲခဲ့ကြတယ်။ ဒါပေမဲ့ကျွန်မတို့တွေ ငွေနဲ့ ကုန်သွားတဲ့အချိန်တွေကို ပြန်ဝယ်လို့မရတော့ဘူး။

အချိန်ဘဏ်တိုက်ဆိုတာ မရှိတဲ့အတွက် ကျွန်မတို့မှာနောက်ထပ်သုံးဖို့ အချိန်တွေ ဘယ်လောက်ကျန်သေးလဲဆိုတာ ပြန်စစ်ဖို့ အချိန်စုစာအုပ် မရှိကြဘူး။ ကျွန်မတို့သိနိုင်တာတစ်ခုက ကျွန်မတို့ ၁၀နှစ်အစုတွေဘယ်နှစ်ကြိမ် ထုတ်သုံးခဲ့ကြပြီလဲ။

ကျန်နေသေးတဲ့ ၁၀နှစ်အစု အချိန်တွေကို အကုန်ပြည့်အောင် သုံးခွင့်ရပါ့မလားဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး။ ကျွန်မတို့သုံးပြီးခဲ့တဲ့ ဆယ်နှစ်အစုတွေအတွက်ကရော တန်ခဲ့ကြရဲ့လား။ နောက်ပြန်လှည့်ကြည့်မိတဲ့အခါတိုင်းမှာ ပြန်နှမြောနေစရာမလိုအောင်အကျိုးရှိရှိ အသုံးချခဲ့ကြရဲ့လား။ ဒါကြောင့် လက်ရှိပစ္စုပ္ပန် ၁၀ နှစ်အစုကိုအကျိုးရှိရှိ အသုံးချကြရအောင် .. မဖျားနာသေးပေမဲ့ ကြိုတင်ကာကွယ်ထားပါ။မဆာသေးဘူးဆိုပေမဲ့ ရေများများသောက်ပေးပါ။

ဘဝကအရမ်းရှုပ်ထွေးနေတယ်ဆိုရင် လွှတ်ချသင့်တာလွှတ်ချထားခဲ့ပါ။ ပတ်သက်ဖို့အကြောင်းတရားရှိနေသေးတယ် ဆိုရင်လည်း အလျှော့ပေးဆက်ဆံလိုက်ပါ။ ရာထူးအာဏာ ရှိတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကို နှိမ့်ချပါ။

လူကမပင်ပန်းဘူးဆိုရင်တောင် စိတ်ကိုတော့ အနားပေးလိုက်ပါ။ မချမ်းသာသေးဘူးဆိုပေမယ့် ရှိတာနဲ့တင်းတိမ် ရောင့်ရဲပါ။ အလုပ်တွေဘယ်လောက်များများ မိသားစုနဲ့ အပန်းဖြေလိုက်ပါ။ စားချင်တာရှိရင်စားပါ။ လည်ပတ်ချင်ရင် လည်ပတ်လိုက်ပါ။ စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာတွေ သိပ်များများမထားပါနဲ့။ ပျော်ပျော်ရွှင်ရွှင်သာနေပါ။

လက်တွဲခွင့်ရတုန်း တွေ့ဆုံခွင့်ရကြတုန်းအပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်းနေလိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက် ဖက်ထားလို့ရနေသေးချိန်မှာ အားရပါးရ ဖက်ထားလိုက်ပါ။

အဖေ အမေ ညီအကို မောင်နှမသူငယ်ချင်း ချစ်သူ ဇနီး ခင်ပွန်း စတဲ့ ရောက်ရာတာဝန်တွေမှာ အကောင်းဆုံးဖြစ်အောင် နေလိုက်ပါ။ အတူတူရှိနေကြတုန်းမှာ ဘာ အကြောင်းကြောင့် ပဲဖြစ်ဖြစ် လွယ်လွယ်နဲ့မမုန်းတီးကြ အာဃာတ မထားကြပါနဲ့။ အရေးအကြီးဆုံးကတော့ ဘဝကို ကိုယ်ကအသုံးချတဲ့သူဖြစ်နေပါစေ။ ဘဝက ကိုယ့်ကိုပြန်အသုံးချပြီး ဒီအတိုင်းသေဆုံးသွားရတာမျိုး မဖြစ်ပါစေနဲ့

CRD_nyaungoo

Add a Comment

Your email address will not be published. Required fields are marked *