

*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။


















မူရင်းလင့်

ယူနီကုတ်

ဂျပန်နိုင်ငံရဲ့ သမိုင်းဝင် Samurai ဆာမူရိုင်း / Ronin ရိုနင် / Ninja နင်ဂျာ တို့အကြောင်း တစေ့တစောင်း…..

Samurai ဆာမူရိုင်းဆိုတာ အလွယ်ပြောမယ်ဆိုရင်တော့ အထက်တန်းစားစစ်သားပါပဲ ဒါပေမဲ့အဲဒီထက်ပိုတယ်လို့ပြောလို့ရတယ်ဆာမူရိုင်းတွေမှာ သူတို့မြတ်နိုးလေးစားချစ်ခင်ရတဲ့သခင်ရှိရတယ် ဆာမူရိုင်းတွေဟာ Codes တွေစည်းကမ်းတွေရှိတယ်

အဲဒါကို အတိုချုပ်ဆိုရင်Bushido ဘူရှီဒိုလမ်းစဉ်ပေါ့ဗျာ တာဝန်တွေ ဝတ္တရားတွေ အမိန့်နာခံမူ့တွေ အနစ်နာခံမူ့တွေဥပမာရန်သူကိုချောင်းမသတ်ဘူး ဒဲ့စိန်ခေါ်ရမယ်သတ်တဲ့အခါ မျက်စိတည့်တည့်ကြည့်ပြီး သတ်ရမယ် သိက္ခာတရားနဲ့နေရမယ် သေရမယ်

သခင်ကိုအသက်ပေးပြီးကာကွယ်စောင့်ရှောက်ရမယ် တစ်ဦးနဲ့တစ်ဦး ဂိုဏ်းပေါ်မူတည်ပြီးစည်းကမ်းမတူကြပါ ဆာမူရိုင်းတွေဟာချပ်ဝတ်တန်ဆာအစုံလင်ဝတ်ပြီး စစ်ပွဲတွေမှာတိုက်ပွဲဝင်လေ့ရှိကြပါတယ် ဆာမူရိုင်းဝတ်စုံဟာ ပေါင်၆၀ နီးပါးလေးပါတယ်

ဆာမူရိုင်းတွေဟာဓားကိုယေဘုယျအားဖြင့်နှစ်ချောင်း သယ်ဆောင်လေ့ရှိတယ် ပထမဓားရှည်ကို Katana ကာတာနာ ဓားအတိုကို Wakizashi ဝါကီဇာရှီလို့ခေါ်တယ် အဲဒီဓားနှစ်ချောင်းလုံးကိုပေါင်းပြီး Daishō ဒိုင်လျှို လို့ခေါ်ပါတယ်

ဓားအရှည်ကိုရန်သူနဲ့တိုက်ခိုက်ရာမှာသုံးပြီး ဓားအတိုကိုတော့ အနီးကပ်တိုက်ခိုက်ခြင်းနဲ့ ဟာရာခီရီ လို့ခေါ်တဲ့မိမိကိုယ်ကိုယ်သတ်သေရာမှာသုံးပါတယ် ဆာမူရိုင်းစည်းကမ်းကိုမလိုက်နာရင် သတ်သေရတယ်

နောက်ပြီးတော့ရန်သူ့လက်သို့မကျရောက်ခင် ရန်သူသတ်လို့သေရတာထက် မိမိကိုယ်ကိုမိမိပြန်ပြီး သတ်သေခြင်းဟာဂုဏ်ရှိတယ်လို့ယူဆလေ့ရှိပါတယ်

ဓားကိုကျွမ်းကျင်စွာအသုံးပြုနိုင်သလို တိုက်ခိုက်ရေးနဲ့ လေးနဲ့မြှားကိုလည်းကောင်းစွာအသုံးပြုတတ်ကြပါတယ် ဆာမူရိုင်းတွေရဲ့အတွေးခေါ်ဟာ ဇန်ဗုဒ္ဓဘာသာနဲ့ ကွန်ဖြူးရှပ်အတွေးခေါ်တွေပါဝင်ပေါင်းစပ်နေပါတယ် (အတိုချုပ်ဖြစ်လို့ကျန်ခဲ့တာရှိရင်ဆောရီးပါ) Ronin ရိုနင်ဆိုတာ ရှင်းရှင်းပြောရရင် စစ်မူ့ထမ်းဟောင်း သို့မဟုတ် သခင်မဲ့ သောဆာမူရိုင်းတွေပါပဲ ဆာမူရိုင်းဆိုတာ သခင်ရှိရတယ်

သခင်သေဆုံးတာ သခင်မရှိတော့ဘူးဆိုရင်အဲဒါရိုနင်လို့ခေါ်တယ် ရိုနင်တွေဟာဆာမူရိုင်းဖြစ်ခဲ့ပေမဲ့ သခင်မရှိတဲ့အခါ တခြားသခင်အသစ်ရှာချင်ရှာ မရှာချင်ရင်တော့ သူတို့ဟာသူတို့ရပ်တည်ရင်းတချို့ကတော့ လွတ်လပ်တဲ့စစ်သည်တော်အဖြစ်နေထိုင်တယ်

တချို့ကတော့ စားဝတ်နေရေးအတွက်ဓားပြတိုက်သူ လုယက်သူများဖြစ်သွားတာလည်းရှိပါတယ် ဒါပေမဲ့ဆာမူရိုင်းရဲ့အရည်ချင်းအကုန်ရှိပါတယ် ဆာမူရိုင်းလိုတိုက်ခိုက်နိုင်ပါတယ် ယူနီဖောင်းချပ်ဝတ်တန်ဆာကိုတော့ မဝတ်တော့ပါဘူး အရပ်ဝတ်နဲ့ပဲနေထိုင်လူပ်ရှားအသက်ရှင်ပါတယ်

ရိုနင်ဆိုတာ တစ်ချိန်က ထည်ဝါတောက်ပခဲ့တဲ့ ဆာမူရိုင်း စစ်သည်တော်တွေပါပဲ Ninja နင်ဂျာဆိုတာ ဂျပန်လို Shinobi လို့လည်းခေါ်ပါတယ် ၁၂ ရာစုမတိုင်ကတည်းက ရှိခဲ့ကြတာပါ သူတို့ဟာဆာမူရိုင်းတွေလောက်တော့သိက္ခာတွေ ဂုဏ်တွေဘာတွေအများကြီးမရှိပေမဲ့ အလွန်တော်တဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားတွေဖြစ်ပါတယ်

နင်ဂျာတွေဟာ ဆာမူရိုင်းတွေလောက်လူတွေရဲ့ လေးစားအားကျချင်းကိုမခံကြရပါဘူး နင်ဂျစ်ဆုတိုက်ခိုက်ရေးပညာရပ်ရှိပါတယ်

လက်နက်ပုန်းနဲ့တိုက်ခိုက်ချင်းအနီးကပ်သတ်ဖြတ်ခြင်း လှံဓားလက်နက်အစုံအသုံးချခြင်းနဲ့ အနီးကပ်တိုက်ခိုက်တဲ့ပညာရပ်များဖြစ်ပါတယ်

ရန်သူကိုအဆိပ်ခတ်ခြင်း ထောင်ခြောက်ဆင်ခြင်း မသေသေအောင် မရရအောင်လုပ်ကြံခြင်းတွေ လုပ်လေ့ရှိကြပါတယ် နင်ဂျာဆိုတာ အမှောင်ရိပ်တွေထဲကနေပြီး ရန်သူကိုလုပ်ကြံသတ်ဖြတ်ရခြင်းလို့ အကြမ်းဖျဉ်းယူဆလို့ရပေမဲ့ဒီထက်ပိုပါတယ်

သူတို့ဟာလူမသိအောင်တိတ်ဆိတ်စွာလူပ်ရှားကြပေမဲ့ အရေးကြုံလို့ဒဲ့တိုက်ခိုက်ရမယ်ဆိုလည်း လက်မရွံတဲ့လူသတ်သမားတွေဖြစ်ကြပါတယ်

နင်ဂျာတွေဟာလည်းဂျပန်ရဲ့တိုင်းပြည်ရေး နိုင်ငံရေးတွေမှာအပိုင်းတစ်ခုကနေ ပါဝင်ပတ်သတ်နေတာမျိုးတွေရှိခဲ့ပါတယ် နင်ဂျာ ကလန်ဂိုဏ်းတွေအများကြီးရှိပါတယ်

ရေးမယ်ဆိုမကုန်နိုင်ပါဘူး (ကျန်ခဲ့တာမှားတာရှိရင်ဆောရီးပါ) ဒီလောက်ဆိုအကြမ်းသဘောတော့သိလောက်ပြီ ထင်ပါတယ် မိတ်ဆွေတို့ရောဘယ်သူ့စရိုက်ကိုသဘောကျလဲ ဆာမူရိုင်းလား ရိုနင်လား နင်ဂျာလား

စစ်သမိုင်းများနှင့် စစ်လက်နက်များ အားလေးစားစွာ ခရက်ဒက်ပေးပါသည်။

Add a Comment

Your email address will not be published. Required fields are marked *