




crd-media river

ယူနီကုတ်

အာဏာဆိုတာ သေနတ်ပြောင်းဝက လာတယ်လို့ခံယူထားတဲ့သူတွေ ၊ သားတွေကို စစ်ထားတဲ့ စစ်သားက ယောကျားတိုင်းဖြစ်နိုင်တဲ့ သံဃာထက် မြတ်တယ်လို့ခံယူထားတဲ့‌သူတွေရဲ့ သယံဇာတကျိန်စာသင့်တိုင်းပြည်

# အာဏာ ဆိုတာ သေနတ်ပြောင်းဝက လာတယ်လို့ခံယူထားတဲ့သူတွေ # သားတွေကို စစ်ထားတဲ့ စစ်သားက ယောကျားတိုင်းဖြစ်နိုင်တဲ့ သံဃာထက် မြတ်တယ်လို့ခံယူထားတဲ့‌သူတွေ # စကားနားမထောင်ရင် အရပ်သားဆို အစိတ်သားတောင်မချန်နဲ့ဆိုပြိး သတ်တဲ့သူတွေ # မင်းတို့လုပ်ချင်ရာလုပ် အဘတို့အနောက်ကလိုက်ရှင်းပေးမယ် ဆိုတဲ့ အကြီးအကဲ ဗိုလ်ချုပ်တွေ # လက်နက်ကိုင်ထားချိန် လက်နက်မဲ့သူတွေကို စိန်ခေါ်ရဲပြီး

လက်နက်မရှိချိန် သူရဲဘောကြောင်တဲ့ကောင်တွေ # ငါ့လူ တယောက်သေရင် မင်းတို့လူ ဆယ်ယောက်သေရမယ် ဆိုပြီး ရွာတွေ မီးရှို့ လုယက် ရွာသားတွေကို သတ်ဖြတ် မုဒိန်းကျင့်တဲ့သူတွေ # ငယ်သားမတရားလုပ် စစ်ရာဇဝတ်မှု ကျူးလွန်တာကို အားပေးအားမြောက်လုပ်ပြီး အရေးမယူတဲ့ ခေါင်းဆောင်တွေ # ပြည်သူ့အခွန်ငွေနဲ့ စားသောက် လက်နက်ဝယ်ပြီး ပြည်သူတွေကို ပြန်အနိုင်ကျင့်တဲ့သူတွေ

# တိုင်းပြည်ရဲ့သယံဇာတကို သူခိုးဈေးနဲ့ နှစ်ရှည်စာချုပ်ပြီးရောင်း အိတ်ကပ်ထဲထည့် မော်ကြွားနေတဲ့ ဗိုလ်ချုပ်တွေ # တိုင်းပြည် ကာကွယ်ရမယ့်အဖွဲ့အစည်းရဲ့ အားတိုင်း တိုင်းပြည်အာဏာသိမ်း အမြတ်ထုတ်ဖို့ပဲ စဉ်းစားနေတဲ့သူတွေ # အဲ့လိုလူတွေလက်အောက်က ဒီတခေါက်မှ မလွတ်မြောက်ရင် ဒီတိုင်းပြည်မှာ ဆက်မနေတော့နဲ့။ # သယံဇာတကျိန်စာသင့်တိုင်းပြည်

# ခေါင်းဆောင်ကောင်း တက်လာတိုင်း ခဏပဲအုပ်ချုပ်ရပြီး အဖျက်ဝင်တဲ့ တိုင်းပြည် # လူယုတ်မာတွေ လူညစ်တွေပဲ နေရာရတဲ့ အဖွဲ့အစည်းကို အမြစ်လှန်ပြိး စည်းကမ်းတကျ ပြန်မဖွဲ့စည်းနိုင်ရင် နောင်အနာဂါတ်လဲ ဒီအတိုင်းပြန်ဖြစ်မှာမို့ # အမြစ်ဖြုတ်နိုင်မှရမယ်။

crd-media river

Leave a Comment

Your email address will not be published. Required fields are marked *