News

ကမ္ဘာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့်ရေလွှမ်းမိုးခံရနိုင် သည့် ကမ္ဘာ့လေဆိပ်များစာရင်းတွင် တရုတ် ထိုင်းလေဆိပ် များ ထိပ်ဆုံးကပါဝင်

Written by fella

ကမ္ဘာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့်ရေလွှမ်းမိုးခံရနိုင် သည့် ကမ္ဘာ့လေဆိပ်များစာရင်းတွင် တရုတ် ထိုင်းလေဆိပ် များ ထိပ်ဆုံးကပါဝင်

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ခြိမ်းခြောက်ခံနေရတဲ့ ကမ္ဘာ့လေဆိပ်တွေစာရင်းမှာ ထိုင်းနဲ့ တရုတ်လေဆိပ်တွေ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါဟာ ဗြိတိန်နာမည်ကြီးတက္ကသိုလ်တခုဖြစ်တဲ့ နယူးကာဆယ်

တက္ကသိုလ်က လေဆိပ်ပေါင်း ၁၄,၀၀၀ ကျော်ကို စစ်တမ်းသုတေသနပြု ထုတ်ပြန်ထားခဲ့တာလို့ နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီသုတေနသနဆန်းစစ်ချက်မှာတော့ လေဆိပ်တွေရဲ့ တည်နေရာ၊ မုန်တိုင်းဒီရေလှိုင်းတွေနဲ့ ထိတွေ့နိုင်ခြေ၊

လတ်တလောနဲ့ နောင်လာမယ့် အနာဂတ်ပင်လယ်ရေ မျက်နှာပြင်အခြေအနေ၊ ကိုဗစ်-၁၉ ကပ်ဘေးကာလမတိုင်ခင် လေကြောင်းဆက်သွယ်မှုနဲ့ ရေကြီးရေလျှံမှုအန္တရာယ်ကနေ ကာကွယ်မှုစံနှုန်းစတဲ့ အချက်အလက်တွေကနေ စု ဆောင်းရယူ တွက်ချက်ထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့လေဆိပ်ပေါင်း ၁၄,၀၀၀ ကျော်ထဲက ၃၅၀ ကျော်ကတော့ ဒီရာစုနှစ်အကုန်မှာပဲ ရေလွှမ်းမိုးမှုခံရနိုင်ခြေရှိနေပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို မစစ်ဆေးပဲ ဆက်လက်ပြီးတော့ သွားနေမယ်ဆိုရင်တော့ လေဆိပ်ပေါင်း ၆၀၀ နီးပါးကတော့

အန္တ ရာယ်ဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ်။ ရေကြီးရေလျှံမှု အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ခြေရှိ ထိပ်တန်းလေဆိပ် ၁၀ ခုစာရင်းမှာတော့ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်နဲ့ တရုတ်နိုင်ငံ ဝမ်ကျိုးလောင်ဝမ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေက ထိပ်ဆုံးက ဦးဆောင်နေပြီး

အဲဒီနောက်မှာတော့ ဆော်လမွန် ကျွန်းစုနိုင်ငံ၊ Sege လေဆိပ်က ရှိနေတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်နိုင်ငံ လေဆိပ် ၂ ခုဖြစ်တဲ့ Quanzhou Jinjiang အ ပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ Changzhou Benniu လေဆိပ်တွေ ရပ်တည်နေပါတယ်။ ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်ကတော့ အမှတ်စဉ် ၇၁ နေရာမှာ ရပ်တည်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

CRD_dvb

ေဇာ္ဂ်ီ

ကမၻာ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာမႈေၾကာင့္ေရလႊမ္းမိုးခံရႏိုင္ သည့္ ကမာၻ႔ေလဆိပ္မ်ားစာရင္းတြင္ တ႐ုတ္ ထိုင္းေလဆိပ္ မ်ား ထိပ္ဆုံးကပါဝင္

ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာမႈေၾကာင့္ ၿခိမ္းေျခာက္ခံေနရတဲ့ ကမာၻ႔ေလဆိပ္ေတြစာရင္းမွာ ထိုင္းနဲ႔ တ႐ုတ္ေလဆိပ္ေတြ ထိပ္ဆုံးက ပါဝင္ေနပါတယ္။ ဒါဟာ ၿဗိတိန္နာမည္ႀကီးတကၠသိုလ္တခုျဖစ္တဲ့ နယူးကာဆယ္

တကၠသိုလ္က ေလဆိပ္ေပါင္း ၁၄,၀၀၀ ေက်ာ္ကို စစ္တမ္းသုေတသနျပဳ ထုတ္ျပန္ထားခဲ့တာလို႔ ေနးရွင္းသတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။ ဒီသုေတနသနဆန္းစစ္ခ်က္မွာေတာ့ ေလဆိပ္ေတြရဲ႕ တည္ေနရာ၊ မုန္တိုင္းဒီေရလႈိင္းေတြနဲ႔ ထိေတြ႕ႏိုင္ေျခ၊

လတ္တေလာနဲ႔ ေနာင္လာမယ့္ အနာဂတ္ပင္လယ္ေရ မ်က္ႏွာျပင္အေျခအေန၊ ကိုဗစ္-၁၉ ကပ္ေဘးကာလမတိုင္ခင္ ေလေၾကာင္းဆက္သြယ္မႈနဲ႔ ေရႀကီးေရလွ်ံမႈအႏၲရာယ္ကေန ကာကြယ္မႈစံႏႈန္းစတဲ့ အခ်က္အလက္ေတြကေန စု ေဆာင္းရယူ တြက္ခ်က္ထားတာ ျဖစ္ပါတယ္။

ကမာၻ႔ေလဆိပ္ေပါင္း ၁၄,၀၀၀ ေက်ာ္ထဲက ၃၅၀ ေက်ာ္ကေတာ့ ဒီရာစုႏွစ္အကုန္မွာပဲ ေရလႊမ္းမိုးမႈခံရႏိုင္ေျခရွိေနၿပီး ရာသီဥတု ေဖာက္ျပန္ေျပာင္းလဲမႈေတြကို မစစ္ေဆးပဲ ဆက္လက္ၿပီးေတာ့ သြားေနမယ္ဆိုရင္ေတာ့ ေလဆိပ္ေပါင္း ၆၀၀ နီးပါးကေတာ့

အႏၲ ရာယ္ျဖစ္ႏိုင္ေျခ မ်ားတယ္လို႔ ဆိုပါတယ္။ ေရႀကီးေရလွ်ံမႈ အႏၲရာယ္နဲ႔ ရင္ဆိုင္ရႏိုင္ေျခရွိ ထိပ္တန္းေလဆိပ္ ၁၀ ခုစာရင္းမွာေတာ့ ထိုင္းႏိုင္ငံ သုဝဏၰဘူမိေလဆိပ္နဲ႔ တ႐ုတ္ႏိုင္ငံ ဝမ္က်ိဳးေလာင္ဝမ္ အျပည္ျပည္ဆိုင္ရာေလဆိပ္ေတြက ထိပ္ဆုံးက ဦးေဆာင္ေနၿပီး

အဲဒီေနာက္မွာေတာ့ ေဆာ္လမြန္ ကြၽန္းစုႏိုင္ငံ၊ Sege ေလဆိပ္က ရွိေနတာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ တ႐ုတ္ႏိုင္ငံ ေလဆိပ္ ၂ ခုျဖစ္တဲ့ Quanzhou Jinjiang အ ျပည္ျပည္ဆိုင္ရာ ေလဆိပ္နဲ႔ Changzhou Benniu ေလဆိပ္ေတြ ရပ္တည္ေနပါတယ္။ ထိုင္းႏိုင္ငံ၊ ဒြန္ေမာင္းေလဆိပ္ကေတာ့ အမွတ္စဥ္ ၇၁ ေနရာမွာ ရပ္တည္ေနတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

CRD_dvb

About the author

fella

Leave a Comment